ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီးကို မကြာခင်မှာ ပြန်လည်စတင်ကျင်းပသွားတော့မှာဖြစ်တာကြောင့် ဒီအချိန်မှာ အသင်းတိုင်းလိုလိုက ပြင်ဆင်မှုတွေ အသေအချာ ပြုလုပ်လျက်ရှိနေတဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အခြေအနေလေးတစ်ခုနဲ့ ရာသီသိမ်းနိုင်အောင် ပြင်ဆင်လို့နေပါတယ်။ စပါးအသင်းကလည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် လက်ကျန်ပွဲတွေအားလုံးမှာ ရလဒ်ကောင်းတွေ ရယူသွားဖို့ လိုအပ်နေပြီး ဒီအချိန်မှာ အသင်းရဲ့ အဓိက ကစားသမား ဟယ်ရီကိန်းကပါ ဒဏ်ရာကနေ သက်သာနေပြီဖြစ်လို့ စပါးအတွက် အားတတ်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ဇန်နဝါရီလ (၁)ရက်နေ့က ဆောက်သမ်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ အဲ့ဒီအချိန်ကနေ တောက်လျှောက်အနားယူခဲဲ့ရတာဖြစ်ပါတယ်။ ကိန်းမပါဝင်နိုင်ခဲ့ချိန် စပါးတို့ တိုက်စစ်ပိုင်း အားနည်းမှုတွေ ဖြစ်ပေါ်ခဲ့ရသလို ချန်ပီယံလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေကလည်း စောစောစီးစီး ထွက်ခွာခဲ့ရပါသေးတယ်။ အခုတော့ ကိုရိုနာဂယက် ဖြစ်နေစဉ်အတွင်းမှာ ကိန်းလည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာသလို အသင်းနဲ့ လေ့ကျင့်ခန်းပါ ဆင်းနေနိုင်ပြီဖြစ်လို့ ယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)မှာ စပါးအတွက် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Vbet News

ဒါပေမယ့် ဟယ်ရီကိန်းဟာ ဒဏ်ရာကနေ ပြန်လည်သက်သာခါစပဲ ရှိနေသေးတဲ့အတွက် ပွဲဆက်တွေများစွာမှာ ထည့်သွင်းအသုံးပြုခြင်းက အရဲစွန့်လွန်ရကြတယ်လို့ အသင်းရဲ့ ဂိုးသမားဟောင်း ရောဘတ်ဆန်က အကြံပြုသွားခဲ့ပါတယ်။ ရောဘတ်ဆန်က “ကိန်းအနေနဲ့ အခုချိန်မှာ တစ်ပတ်မှာ ပွဲစဉ်(၂)ပွဲ(၃)ပွဲလောက် ကစားနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်သင့်ပါတယ်။ သူအနေနဲ့ စနေနေ့မှာတော့ မိနစ်(၉၀)ပြည့် ကစားကောင်း ကစားနိုင်လိမ့်မယ်။ ဒါပေမယ့် နောက်တစ်ပတ် စနေလောက်မှပဲ နောက်ထပ်တစ်ပွဲ ကောင်းကောင်းပြန်ကစားနိုင်မှာမို့ ဒါကိုတော့ သေချာစောင့်ကြည့်ရလိမ့်မယ်။ ဒီအခြေအနေကို မော်ရင်ဟိုဘက်ကနေလည်း အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းဖို့လုုိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒဏ်ရာပြသာနာကနေ ရက်ရှည်နားလာခဲ့ရာကနေ ပြန်ကောင်းမွန်လာတဲ့ ကစားသမားတစ်ယောက်ကို တစ်ပတ်ထဲ (၃)ပွဲလောက်အထိ ထည့်သွင်းကစားစေဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို နည်းပြတွေကနေ သတိထားဖို့ လိုအပ်ပါမယ်။ ဒီလို ပွဲကျပ်ကာလမှာတော့ အလှည့်ကျ လူထုတ်ခြင်းတွေ လေ့ကျင့်ခန်းကို အပြင်းအထန် သိပ်မလုပ်ခြင်းတွေက အသင်းသားတွေရဲ့ ကြံခိုင်ရေးအတွက် ပိုအဆင်ပြေနိုင်ပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။