MySport Myanmar

ဂွာဒီယိုလာ ချန်ပီယံလိဂ် မရအောင် ကျိန်စာတိုက်ထားတဲ့ ယာယာတိုရေးအေးဂျင့်

MIDDLESBROUGH, ENGLAND - MARCH 11: Josep Guardiola, Manager of Manchester City (L) speaks to Yaya Toure of Manchester City (R) during The Emirates FA Cup Quarter-Final match between Middlesbrough and Manchester City at Riverside Stadium on March 11, 2017 in Middlesbrough, England. (Photo by Michael Regan/Getty Images)

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ သာမန် ပွဲကစားချိန် အတွင်း ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့် ကနေပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပြန်ပါတယ်။

မန်ချက်စတာ စီးတီးဟာ ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ ဒုတိယအကျော့မှာ သရေရလဒ် ရယူနိုင်ရုံနဲ့ နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ရိုဒရီဂိုရဲ့ နောက်ကျ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့်ပဲ အချိန်ပိုဆီ ဆက်သွားခဲ့ရတာပါ။

 

Photo Credit: Sportsbible

ရီးရဲလ်မက်ဒရစ်ရဲ့ လူစားဝင် လူငယ် တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုရဲ့ သွင်းဂိုး ၂ဂိုးစလုံးဟာ ပွဲကစားချိန် မိနစ် ၉၀ နောက်ပိုင်းမှသာ ရရှိခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်က ကံကြမ္မာရဲ့ ဦးစားပေးမှုကြောင့် မန်ချက်စတာ စီးတီးကို ကျော်ဖြတ်နိုင်ခဲ့တာလို့ ယူဆသူတွေ ရှိနေသလို ယာယာတိုရေးရဲ့ အေးဂျင့်ဖြစ်သူ ဆီလပ်က ဂွာဒီယိုလာအပေါ် ကျိန်စာတိုက်ထားတာကြောင့် မန်ချက်စတာ စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ဂွာဒီယိုလာနဲ့ အာဖရိက ဂန္တဝင် ကွင်းလယ်လူ ယာယာတိုရေးတို့ဟာ ကမ္ဘာ့ရန်ဘက်တွေ အဖြစ် ဘောလုံးလောကမှာ လူသိများကြပြီး ဂွာဒီယိုလာက ဘာစီလိုနာကို ကိုင်တွယ်စဉ်မှာ ယာယာတိုရေးကို အသင်းကနေ အကြောင်းပြချက် မပေးပဲ ထုတ်ပယ်ခဲ့သလို မန်ချက်စတာ စီးတီးဆီ ရောက်ရှိချိန်မှာလည်း ယာယာတိုရေးကို အသင်းကနေ ရောင်းချပစ်ခဲ့ပါသေးတယ်။

Photo Credit: Sportsbible

ဒါကြောင့်ပဲ ယာယာတိုရေးနဲ့ ဂွာဒီယိုလာတို့ရဲ့ ကြားမှာ မကျေလည်မှုတွေ ရှိနေပြီး ယာယာတိုရေးရဲံ အေးဂျင့်ဖြစ်သူ ဆီလပ်က ဂွာဒီယိုလာအနေနဲ့ ယာယာတိုရေးအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာကြောင့် အာဖရိက မှော်ဆရာတွေရဲ့ ကျိန်စာတိုက်ခြင်းကို ခံထားရကာ ဂွာဒီယိုလာဟာ နောက်ထပ်တကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖွယ် မရှိတော့ကြောင်း ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်က တရားဝင် ထုတ်ဖော် ပြောကြားထားတာပါ။

ဆီလပ်က – “ဂွာဒီယိုလာက မန်စီးတီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ ယာယာ့အပေါ် အတော်လေး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာပါ။ သူက အကြောင်းပြချက် မျိုးစုံပေးပြီး ယာယာ့ကို ပွဲထွက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် သူက အာဖရိကသားတွေရဲ့ အမျက်ဒေါသတွေနဲ့ ရင်ဆိုင်နေရပါပြီ။ သေချာတာ တခုက အာဖရိက မှော်ဆရာတွေဟာ သူ့ကို အလွတ်မပေးဘူး ဆိုတာပါပဲ။ မှော်ဆရာတွေရဲ့ ကျိန်စာကြောင့် သူက ချန်ပီယံလိဂ်ဖလားကို နောက်ထပ်တကြိမ် ထပ်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော် ပြောတာ မှန်လား ၊ မှားလား ဆိုတာကို အချိန်က စကားပြောသွားပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ကဲ အာဖရိက မှော်ဆရာတွေရဲ့ ကျိန်စာတိုက်မှုကြောင့် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်နဲ့ ကံမစပ်တာများလား…?

Exit mobile version