ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ယန်း ဆွန်းမားက လက်ရှိမှာတော့ ဂိုးသမား လိုအပ်ချက် ရှိနေတဲ့ စီးရီးအေကလပ် အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ ကစားဖို့အတွက် သဘောတူညီလိုက်တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sempreinter

   အင်တာမီလန်အသင်းဟာ အသင်းရဲ့ အဓိက ဂိုးသမား နှစ်ဦးဖြစ်တဲ့ အန်ဒရေ အိုနာနာ နဲ့ ဆမ်မီယာ ဟန်ဒါနိုဗစ်တို့ကို လက်လွတ်ရတော့မှာဖြစ်ပြီး ဟန်ဒါနိုဗစ်က အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်သလို အိုနာနာကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂိုးသမား နှစ်ယောက် နေရာအတွက် အင်တာက ဂိုးသမားတွေ ပြန်လည် အစားထိုးဖို့ လိုအပ်နေပြီး လက်ရှိမှာလည်း အင်တာက ဆွစ်ဇာလန် ဂိုးသမားကြီး ဆွန်းမား နဲ့ ယူကရိန်း ဂိုးသမား တရူဘင်တို့ကို အလိုရှိနေပါတယ်။

Photo Credit : Twitter

   လက်ရှိမှာတော့ အင်တာက ဘိုင်ယန်ရဲ့ အသက် (၃၄)နှစ်အရွယ် ဆွစ်ဇာလန် ဝါရင့် ဂိုးသမားကြီး ဆွန်းမားကို ခေါ်ယူနိုင်ဖို့ ပိုမို ကြိုးပမ်းနေပြီး ဆွန်းမားကလည်း အင်တာနဲ့ လစာပိုင်း စာချုပ် သက်တမ်းတွေ အားလုံးကို ဆွေးနွေးမှုတွေ အပြီးမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိလုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။ ဒါကြောင့် အင်တာအနေနဲ့ ဂိုးသမားကြီး ဆွန်းမားအတွက် အင်တာမီလန်နဲ့ ပြောင်းရွှေ့ကြေးပိုင်းဆိုင်ရာ သဘောတူညီမှု ရရှိအောင်သာ ဆက်လက် ဆွေးနွေးသွားရတော့မှာပဲ ဖြစ်ပါတယ်။ ဆက်လက် ကြားသိထားရတဲ့ သတင်းတွေအရ အင်တာဟာ ဘိုင်ယန်နဲ့ (၂)နှစ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဆွန်းမားအတွက် ပြောင်းရွှေ့ကြေး ယူရို (၆)သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

Photo Credit : CNN

   ဒါ့အပြင် အင်တာက အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ရှက်တာဒိုးနက်အသင်းရဲ့ ယူကရိန်း လက်ရွေးစင် ဂိုးသမားလေး အနာတိုလီ တရူဘင်ကိုလည်း အရ ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားပြီး စပါး ဂိုးသမားကြီး ဟူဂို လိုရစ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။