MPT Myanmar National League 2020 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲ (Week-1) ပြဲစဥ္တစ္ပြဲအျဖစ္ ဇန္နဝါရီ ၁၂ ရက္(ယေန႔)ညေန သုံးနာရီခြဲက YUSC ကြင္းမွာ ရန္ကုန္ယူနိုက္တက္အသင္းနဲ႔ ခ်င္းယူနိုက္တက္အသင္းတို႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ့ရာ ရန္ကုန္အသင္းကေန ႏွစ္ဂိုးတစ္ဂိုးနဲ႔ အနိုင္ရရွိခဲဲ့ၿပီး ရာသီအစ တာထြက္လွခဲ႔ရပါတယ္။

Photo Credit : Myanmar National League Facebook

ပထမပုိင္း ပြဲကစားခ်ိန္ ၂၄ မိနစ္မွာ ရန္ကုန္အသင္းကေန ဦးေဆာင္ဂိုးစတင္ရရွိခဲ့ၿပီး လူငယ္တိုက္စစ္မွဴး သန္းပိုင္ကေန သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာေတာ့ ခ်င္းယူနိုက္တက္အသင္းဘက္ေန ေခ်ပဂိုး ျပန္လည္ရရွိခဲ့ၿပီးေတာ့ ေက်ာ္မင္းသန္းက ပိတ္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

Photo Credit : Myanmar National League Facebook

ဒုတိယပိုင္းမွာ ရန္ကုန္အသင္းဘက္ကေန လူစားလဲမွုမ်ားျပဳလုပ္ကာ အေျပာင္းအလဲျပဳလုပ္ခဲ့ေသာ္လည္း ခ်င္းယူနိုက္တက္အသင္းဘက္ကုိ ထိေရာက္လွတဲ႔ တိုက္စစ္ဆင္စစ္မႈမ်ိဳးေတြေတာ့ မရွိခဲ့ပါဘူး။ ခ်င္းယူနိုက္တက္အသင္းက ခံစစ္ပုိင္းမွာ ကစားသမားငါးဦးအထိ ပိတ္ကစားခဲ့ၿပီး တန္ျပန္တိုက္စစ္မ်ားျဖင့္ ရန္ကုန္အသင္းကို ျပန္လည္ရင္ဆုိင္ကစားသြားခဲ႔ပါတယ္။ ပြဲကစားခ်ိန္ ၈၄ မိနစ္မွာေတာ့ ရန္ကုန္အသင္းကေန ဒုတိယဂိုးရခဲ့ၿပီး လူစားဝင္ေရာက္လာခဲ့တဲ႔ အီမန္ႏူရယ္ကေန သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ လက္က်န္မိနစ္မ်ားမွာေတာ့ ခ်င္းအသင္းဘက္ေန  ျပန္လည္ေခ်ပဂိုးမသြင္းနိုင္ခဲ့တဲ႔အတြက္ ရန္ကုန္အသင္းက ႏွစ္ဂိုးတစ္ဂိုးနဲ႔ အနိုင္ရရွိခဲ႔ပါတယ္။ ခ်င္းယူနိုက္တက္အသင္းကေတာ့ ဒီေန႔ပြဲမွာ ရန္ကုန္အသင္းကို ရွုံးနိမ့္ခဲ့ေသာ္လည္း ခံစစ္ကစားပုံမွာေတာ့ အေကာင္းဆုံးကစားျပသြားခဲ့ပါတယ္။ ခ်င္းအသင္းဟာ လာမယ့္ဇန္နဝါရီ ၁၇ ရက္ သုဝဏၰကြင္းမွာ မေကြးအသင္းနဲ႔ ဆက္လက္ကစားရမည္ျဖစ္ၿပီးေတာ့ ရန္ကုန္အသင္းကလည္း လာမယ့္ဇန္နဝါရီ ၁၉ ရက္၊ သု၀◌ဏၰကြင္းမွာပဲ ဇြဲကပင္ယူနိုက္တက္အသင္းနဲ႔ ဆက္လက္ကစားရမွာပဲျဖစ္ပါတယ္။

(Unicode)

ရာသီအစမှာ ချင်းကိုအနိုင်ယူပြီး တာထွက်လှပခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့)ညနေ သုံးနာရီခွဲက YUSC ကွင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ချင်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းကနေ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲဲ့ပြီး ရာသီအစ တာထွက်လှခဲ့ရပါတယ်။

Photo Credit : Myanmar National League Facebook

ပထမပိုင်း ပွဲကစားချိန် ၂၄ မိနစ်မှာ ရန်ကုန်အသင်းကနေ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လူငယ်တိုက်စစ်မှူး သန်းပိုင်ကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ချင်းယူနိုက်တက်အသင်းဘက်နေ ချေပဂိုး ပြန်လည်ရရှိခဲ့ပြီးတော့ ကျော်မင်းသန်းက ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Photo Credit : Myanmar National League Facebook

ဒုတိယပိုင်းမှာ ရန်ကုန်အသင်းဘက်ကနေ လူစားလဲမှုများပြုလုပ်ကာ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ချင်းယူနိုက်တက်အသင်းဘက်ကို ထိရောက်လှတဲ့ တိုက်စစ်ဆင်စစ်မှုမျိုးတွေတော့ မရှိခဲ့ပါဘူး။ ချင်းယူနိုက်တက်အသင်းက ခံစစ်ပိုင်းမှာ ကစားသမားငါးဦးအထိ ပိတ်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့် ရန်ကုန်အသင်းကို ပြန်လည်ရင်ဆိုင်ကစားသွားခဲ့ပါတယ်။ ပွဲကစားချိန် ၈၄ မိနစ်မှာတော့ ရန်ကုန်အသင်းကနေ ဒုတိယဂိုးရခဲ့ပြီး လူစားဝင်ရောက်လာခဲ့တဲ့ အီမန်နူရယ်ကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်များမှာတော့ ချင်းအသင်းဘက်နေ  ပြန်လည်ချေပဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ရန်ကုန်အသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချင်းယူနိုက်တက်အသင်းကတော့ ဒီနေ့ပွဲမှာ ရန်ကုန်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ခံစစ်ကစားပုံမှာတော့ အကောင်းဆုံးကစားပြသွားခဲ့ပါတယ်။ ချင်းအသင်းဟာ လာမယ့်ဇန်နဝါရီ ၁၇ ရက် သုဝဏ္ဏကွင်းမှာ မကွေးအသင်းနဲ့ ဆက်လက်ကစားရမည်ဖြစ်ပြီးတော့ ရန်ကုန်အသင်းကလည်း လာမယ့်ဇန်နဝါရီ ၁၉ ရက်၊ သုဝ◌ဏ္ဏကွင်းမှာပဲ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ဆက်လက်ကစားရမှာပဲဖြစ်ပါတယ်။