MySport Myanmar

ဆာလာက ကမ္ဘာ့အဆင့် မဟုတ်ပဲ သာမန် ကစားသမားသာ ဖြစ်တယ်လို့ ယာကူဘူ ဆို

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ယာကူဘူက လီဗာပူးလ်အသင်းရဲ့ အီဂျစ် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး မဟုတ်တဲ့အပြင် သူသွင်းယူနေတဲ့ ဂိုးအများစုဟာလည်း ကံကောင်းပြီး ရရှိခဲ့တဲ့ သွင်းဂိုးတွေလည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

အဲဗာတန်နဲ့ နိုင်ဂျီးရီးယား ကစားသမားဟောင်းကြီးဖြစ်တဲ့ တိုက်စစ်မှူး ယာကူဘူဟာ လီဗာပူးလ်အသင်းမှာ legend player တစ်ဦးလိုတောင် သတ်မှတ်လို့ရနိုင်တဲ့ မိုဆာလာနဲ့ ပတ်သက်ပြီး တကယ့်ကို အံ့အားသင့်လောက်စရာ မှတ်ချက်စကားတစ်ခုကို ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : All Football

ပရီးမီးယားလိဂ်မှာ အာဖရိက ကစားသမားတွေ အများအပြား ပါဝင်ကစားခဲ့ကြရာ ဆာလာက ပရီးမီးယားလိဂ်ရဲ့ အကောင်းတကာ့ အကောင်းဆုံး အာဖရိက ကစားသမား ဖြစ်မနေတဲ့အပြင် ဆာလာရဲ့ သွင်းဂိုးတွေဟာလည်း ကံကောင်းလို့ ရရှိနေတာလို့ ယာကူဘူက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်ရဲ့ ထင်မြင်ချက်အရ ပြောရမယ်ဆိုရင်တော့ ဆာလာက ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး မဟုတ်ပါဘူး။ သူက ဘောလုံးရှိနေတဲ့ အချိန်တွေမှာ သိပ်မကောင်းတက်သလို သူရဲ့ သွင်းဂိုး အများစုကလည်း ကံကောင်းပြီး ရရှိခဲ့တဲ့ ဂိုးတွေပါပဲ။”

Photo Credit : Tribuna

“နောက်ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ အာဖရိက ကစားသမားတွေထဲမှာ မိုဆာလာက အခမ်းနားဆုံး အာဖရိက ကစားသမားဆိုပြီး ပြောလို့မရနိုင်ပါဘူး။ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံးသော အာဖရိက ကစားသမားတွေက အိုကာချာ ၊ ဒရော့ဘာ ၊ ကနူး ၊ ယာယာတိုရေး ၊ အဒီဘာယောနဲ့ ဆာဒီယို မာနေးတို့ပါ။” လို့ ယာကူဘူက ပြောကြားသွားခဲ့ပါတယ်။

ယာကူဘူက ဒီလို ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၇ကတည်းက လီဗာပူးလ်အသင်းဆီ ရောက်ရှိနေခဲ့တဲ့ ဆာလာဟာ အသင်းအတွက် (၃၃၇)ပွဲကစား (၂၀၇)ဂိုးသွင်းယူပြီး (၆၉)ဂိုးဖန်တီးပေးထားခဲ့သလို ယူရိုပါလိဂ်ဖလားကလွဲလို့ ကျန်တဲ့ ဖလားတွေအားလုံးပါ ရယူပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version