အာရှရဲ့ယူရိုပါလိဂ်ပြိုင်လို့ ခေါ်ဆိုရမယ့် AFC Cup ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ဒုတိယမြောက်နေ့ပွဲစဉ်တွေကို ဒီနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပကစားခဲ့ရာ မြန်မာနေရှင်နယ်လိဂ် ကိုယ်စားပြုကလပ်အသင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းက လာအိုအမှတ်ပေးလိဂ်က လာအိုတိုတာအသင်းနဲ့ ရန်ကုန်မြို့က သုဝဏ္ဏဘောလုံးကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၃ဂိုး၂ဂိုးနဲ့ ဒီရာသီရဲ့ပထမဆုံးသော AFC Cup နိုင်ပွဲကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Yangon United Facebook Page

ရန်ကုန်ယူနိုက်တက်အသင်းဟာ ၄-၂-၃၁- ကစားကွက်နဲ့အတူ ဘာဖို မောင်မောင်လွင် အောင်ကျော်နိုင် ဇင်မင်းထွန်း ရိုရီ မောင်မောင်ဝင်း မင်းကျော်ခန့် အဘူဘာကာ ထိုက်ထိုက်အောင် ဇာနည်ထက် ကျော်ဇင်လွင်တို့နဲ့ ပွဲဲထွက်လာခဲ့ပြီး လာအိုအသင်းကို အကောင်းဆုံးဧည့်ခံကစားသွားခဲ့ပါတတယ်။ ရန်ကုန်မြို့မှာ ကစားခဲ့ရတဲ့ပွဲစဉ်ဖြစ်လို့ ရန်ကုန်က လာအိုတိုယိုယာအသင်းကို အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုပဲ တစ်ပွဲလုံးအတွင်းမှာ ၁၅ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို ၉ကြိမ်ထိ ဂိုးပေါက်တည့်မတ်ခဲ့ပါတယ်။

Photo Credit : Yangon United Facebook Page

ပထမပိုင်းအတွင်းမှာတော့ ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်ကစားခဲ့တဲ့ အောင်ကျော်နိုင်ရဲ့ခြေစွမ်းပြမှုနဲ့ သွင်းဂိုးတွေကို စတင်ပိုင်ဆိုင်ခဲ့ပြီး ၁၈မိနစ်မှာ သူကိုယ်တိုင် အဖွင့်ဂိုးသွင်းယူခဲ့သလို ၂၉မိနစ်မှာ သွင်းယူခဲ့တဲ့ မောင်မောင်လွင်ရဲ့သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာမှာ လာအိုတိုယိုယာဘက်ကနေ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပေမယ့် သွင်းဂိုးနှစ်ဂိုးလုံးမှာ ပါဝင်ပတ်သက်ထားခဲ့တဲ့ အောင်ကျော်နိုင်ကပဲ အနိုင်သေချာစေမယ့် တတိယမြောက်သွင်းဂိုးကိုရယူပြီး ရန်ကုန်ကို ပြတ်ပြတ်သားသား ဦးဆောင်စေခဲ့လို့ နာကျင်အချိန်ပိုမှာ လာအိုတိုယိုယာတို့ ချေပဂိုးပြန်ရပေမယ့်လည်း နောက်ထပ်ချေပဖို့ အချိန်မမှီတော့တာဖြစ်ပြီး ၃ဂိုး၂ဂိုးနဲ့ ရန်ကုန်ကို အရေးနိမ့်ခဲ့ရပါတယ်။ လက်ရှိမှာ ရန်ကုန်က အုပ်စုအတွင်းမှာ ၂ပွဲကစားပြီး ၁ပွဲနိုင် ၁ပွဲသရေ ရမှတ်၄မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ဦးဆောင်လျက်ရှိနေပါတယ်။