MySport Myanmar

အာဆင်နယ်ပစ်မှတ် ဇူဘီမန်ဒီကို ကြားဖြတ် ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က လာမယ့်နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် စပိန် ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီဟာ ဒီရာသီအတွင်းမှာ ခြေစွမ်းပိုင်း အတော်လေး ထက်မြက်လွန်းသူဖြစ်လို့ သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေ အပြိုင်စိတ်ဝင်စားခံနေရပြီး ဇူဘီမန်ဒီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာလည်း အာဆင်နယ်က ထိပ်ဆုံးနေရာကနေ ပါဝင်နေပါတယ်။

Photo Credit : Transfermarket

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကလည်း ဇူဘီမန်ဒီရဲ့ ခြေစွမ်းတွေကို နှစ်သက်နေသူဖြစ်ပြီး အသင်းဆီ ခေါ်ဆောင်ဖို့အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်ခဲ့သေးပါတယ်။ လက်ရှိ ဇူဘီမန်ဒီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ယူရို သန်း(၆၀) ရှိနေပြီး ဒီတန်ကြေးအတိုင်း လာမယ့်နွေဈေးကွက်မှာ ကမ်းလှမ်းသွားဖို့ အာဆင်နယ်ဘက်က အဆင်သင့် ဖြစ်နေပါတယ်။

ဒါပေမယ့် ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲမယ်ဆိုပြီး ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့တဲ့ နည်းပြဇာဗီကပါ ဇူဘီမန်ဒီကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဘာစီလိုနာအနေနဲ့ ဇူဘီမန်ဒီကို ခေါ်ယူဖို့အတွက်ဆိုရင်တော့ အသင်းက ကစားသမားတချို့ကို အရင်ဆုံး ရောင်းထုတ်ရဖို့ ရှိနိုင်ပြီး အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကိုပါ အသင်းကနေ ရောင်းထုတ်သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

အာဆင်နယ်ကတော့ အသင်းရဲ့ ဂါနာ ကွင်းလယ်လူ သောမတ်စ် ပါတေးကို လာမယ့်နွေမှာ အသင်းကနေ ရှင်းထုတ်သွားတော့မှာဖြစ်လို့ ပါတေးနေရာအတွက် ဇူဘီမန်ဒီကို ခေါ်ယူချင်တာဖြစ်ပြီး ဇူဘီမန်ဒီရဲ့ စာချုပ်ဖျက်သိမ်းကြေးအတိုင်းကိုလည်း ပေးချေသွားဖို့ အသင့်ရှိနေပါတယ်။

 

Exit mobile version