အယ်လ်ဆတ် နည်းပြ ဇာဗီဟာ အသင်းဟောင်း ဘာစီလိုနာအသင်းကို နည်းပြနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်လာပေါ်လာခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ကွာတာနိုင်ငံ အခြေစိုက် အယ်လ်ဆတ်အသင်းနဲ့ (၂၀၂၁) ခုနှစ်အထိ (၁) နှစ်ကြာ စာချုပ် ထပ်တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမားဟောင်း ဇာဗီဟာ ဘာစီလိုနာအသင်းမှာ (၁၇) နှစ်ကြာ ကစားပြီးနောက် လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ထွက်သွားခဲ့ပြီး ကွာတာစတားလိဂ်ပြိုင်ပွဲက အယ်လ်ဆတ်အသင်းမှာ (၄) နှစ်ခန့်ကြာ ကစားခဲ့ပြီးနောက် ကစားသမားဘဝက နားခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် သိပ်မကြာခင်မှာ အယ်လ်ဆတ်အသင်းက သူ့ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဇာဗီကလည်း အယ်လ်ဆတ်အသင်းရဲ့ နည်းပြ ဖြစ်လာပြီးနောက် အယ်လ်ဆတ်အသင်းကို ဆုဖလား (၂) ကြိမ် ရယူပေးခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၄၀) အရွယ် အယ်လ်ဆတ် နည်းပြ ဇာဗီဟာ ဘောလုံး နည်းပြ ဖြစ်လာပြီးနောက် သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းက သူ့ကို အသင်းရဲ့ နည်းပြသစ် အနေနဲ့ ခန့်အပ်ဖို့အတွက် ချိတ်ဆက်နေခဲ့ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က အပြောင်းအရွေ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ လက်ရှိ နည်းပြ ဆက်တီယန်အနေနဲ့ ပြည်တွင်းလိဂ် လာလီဂါ ဆုဖလား ဒါမှမဟုတ် ဥရောပ ချန်ပီယံလိဂ် ဆုဖလား၊ တစ်ခုခုကို မရယူပေးနိုင်ဘူး ဆိုရင် လက်ရှိရာသီအကုန်မှာ ထုတ်ပယ်သွားဖွယ် ရှိပြီး ဆယ်လ်ဆတ် နည်းပြ ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ကစားသမားဟောင်း ဇာဗီဟာ ကွာတာနိုင်ငံ အခြေစိုက် အယ်လ်ဆတ်အသင်းနဲ့ (၁) နှစ်ကြာ စာချုပ်သစ် ထပ်တိုးသွားလိုက်ပြီ ဖြစ်တာကြောင့် လာမယ့် (၂၀၂၁) ခုနှစ်အထိ အက်ယ်ဆတ်အသင်းကို ဆက်လက် နည်းပြသွားရမှာ ဖြစ်ပါတယ်။ နည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းကို လာမယ့် ရာသီကနေ စတင် နည်းပြဖွယ် ရှိခဲ့ပေမဲ့လည်း အယ်လ်ဆတ်အသင်းနဲ့ စာချုပ်သစ် ထပ်တိုးသွားခဲ့ပြီ ဖြစ်ပြီး အယ်လ်ဆတ်အသင်းနဲ့ စာချုပ်သစ် ထပ်တိုးနိုင်တာကြောင့် အလွန် ပျော်ရွင်မိပါတယ်လို့လည်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။