
Photo Credit: ESPN


Photo Credit: ESPN


Photo Credit: ESPN


{Unicode}

အယ်လ်ဆတ် နည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ အမှန်ပါလို့ ပြောပြီး (၁) ရက်အကြာမှာတော့ အယ်လ်ဆတ်အသင်းနဲ့ ကွာတာဖလားကို ရယူသွားခဲ့ပါတယ်။ နည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ရတာက ဘာစီလိုနာအသင်းကို နည်းပြဖို့ အလွန် စောလွန်းသေးတာကြောင့် ဖြစ်ပါတယ်လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

Photo Credit: ESPN

သူဟာ ယခုအပတ် ကြာသပတေးနေ့က ဘာစီလိုနာအသင်းက ဘာစီလိုနာအသင်းကို နည်းပြဖို့ ကမ်းလှမ်းခဲ့ကြောင်း နဲ့ ဘာစီလိုနာအသင်းကို နည်းပြဖို့ ငြင်းပယ်ခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ နည်းပြ ဇာဗီဟာ ဘာစီလိုနာအသင်းကို ငြင်းပယ်ပြီး (၁) ရက်အကြာမှာ ဆယ်လ်ဆတ်အသင်းနဲ့ ကွာတာဖလားကို ရယူခဲ့ပြီး နည်းပြအနေနဲ့ ဒုတိယအကြိမ်မြောက် ဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: ESPN

နည်းပြ ဇာဗီရဲ့ အယ်လ်ဆတ် အသင်းဟာ သောကြာနေ့က ကစားသွားခဲ့ကြတဲ့ ကွာတာ ဖလား ဗိုလ်လုပွဲမှာ အယ်ဒူဟေးလ်အသင်းကို (၄-ဝ) နဲ့ အနိုင်ရပြီး ထိုက်တန်စွာနဲ့ ဗိုလ်စွဲသွားခဲ့ပါတယ်။ ကွာတာဖလား ပြိုင်ပွဲကို (၁၉၉၅) ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင်လာခဲ့ကြပြီး အအောင်မြင်ဆုံးအသင်းမှာ နည်းပြ ဇာဗီရဲ့ အယ်လ်ဆတ်အသင်း ဖြစ်ပြီး ကွာတာဖလား (၇) ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: ESPN

နည်းပြ ဇာဗီဟာ ကွာတာဖလား မရခင်က အယ်လ်ဒူဟေးလ်အသင်းကို အနိုင်ရပြီး စူပါဖလားကို ရရှိနိုင်ခဲ့တာကြောင့် နည်းပြအနေနဲ့ ဒုတိယအကြိမ်မြောက် ဆုဖလားကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အယ်လ်ဆတ်အသင်းဟာ ကွာတာဖလားပြိုင်ပွဲမှာ ဆုဖလား ရယူမှု (၇) ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး၊ အယ်လ်ဒူဟေးလ်အသင်းက (၄) ကြိမ်နဲ့ ဒုတိယ အအောင်မြင်ဆုံး ဖြစ်ပါတယ်။