ဇာဗီ ဟာနန္ဒက္စ္ကေတာ့ အရင္အပတ္က ဘာစီလိုနာအသင္းရဲ႕ ကမ္းလွမ္းမႈကို ရရွိခဲ့ေပမဲ့ ဘာစီလိုနာအသင္းကို နည္းျပဖို႔ အရမ္း ေစာလြန္းေသးလို႔ ျငင္းငယ္ခဲ့တယ္လို႔ ဝန္ခံသြားပါတယ္။ ဇာဗီဟာ လက္ရွိမွာေတာ့ ကြာတာကလပ္ အယ္လ္ဆတ္အသင္းရဲ႕ နည္းျပျဖစ္ၿပီး အယ္လ္ဆတ္ အသင္းကို ၿပီးခဲတဲ့ ေမလက ေရာက္လာခဲ့ခ်ိန္မွာ (၂၀၂၁) ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္သြားခဲ့ပါတယ္။
Photo Credit: football-espana
ဘာစီလိုနာအသင္းရဲ႕ အားကစား ဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္ နဲ႔ အမႈေဆာင္ခ်ဳပ္ ေအာ္စကာ ဂ႐ုဟာ ၿပီးခဲ့တဲ့ အပတ္ ေသာၾကာေန႔က ကြာတာမွာ ဇာဗီကို ေတြ႕ဆုံၿပီး ကမ္းလွမ္းခဲ့ပါတယ္။ ဘာစီလိုနာ နည္းျပ ဗယ္ဗာဒီဟာ ေသာၾကာေန႔ကအထိ ဘာစီလိုနာ နည္းျပ ျဖစ္ေနခဲ့ေပမဲ့လည္း တနလၤာေန႔ကထုတ္ပယ္ခံရၿပီး နည္းျပ ဆက္တီယန္က နည္းျပသစ္အျဖစ္ အခန႔္ခံခဲ့ရပါတယ္။
Photo Credit: football-espana
နည္းျပ ဇာဗီက “မွန္ပါတယ္။ ကြၽန္ေတာ္ အစည္းအေဝးမွာ ဘာစီလိုနာအသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံရရွိခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ကမ္းလွမ္းမႈကို လက္မခံခဲ့ပါဘူး။ ဘာလို႔လဲဆိုရင္ေတာ့ အထူးသျဖင့္ ဘာစီလိုနာအသင္းကို နည္းျပဖို႔ အရမ္း ေစာလြန္းေသးလို႔ပါပဲ။ ဒါေပမဲ့ ဘာစီလိုနာ အသင္းကို နည္းျပဖို႔က ကြၽန္ေတာ့္ရဲ႕ အနာဂတ္ အိပ္မက္ပါပဲ”လို႔ Deportivo မွာ ေျပာခဲ့ပါတယ္။
Photo Credit: football-espana
ဇာဗီဟာ ဘာစီလိုနာအသင္းမွာ (၁၉၉၈) ခုႏွစ္ကေန (၂၀၁၅) ခုႏွစ္အထိ ကစားခဲ့ၿပီး ဘာစီလိုနာ အသင္းအတြက္ ပြဲေပါင္း (၇၆၇) ပြဲ ကစားခဲ့ရာမွာ လာလီဂါ ဆုဖလား (၈) ႀကိမ္ ရရွိႏိုင္ခဲ့ပါတယ္။ သူဟာ လက္ရွိမွာေတာ့ ကြာတာကလပ္ အယ္လ္ဆတ္ နည္းျပ ျဖစ္ၿပီး သူကေတာ့ ဘာစီလိုနာအသင္းကို နည္းျပဖို႔ ေစာလြန္းေသးတာေၾကာင့္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ျခင္း ျဖစ္ပါတယ္။
{Unicode}
ဇာဗီ ဟာနန်ဒက်စ်ကတော့ အရင်အပတ်က ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမဲ့ ဘာစီလိုနာအသင်းကို နည်းပြဖို့ အရမ်း စောလွန်းသေးလို့ ငြင်းငယ်ခဲ့တယ်လို့ ဝန်ခံသွားပါတယ်။ ဇာဗီဟာ လက်ရှိမှာတော့ ကွာတာကလပ် အယ်လ်ဆတ်အသင်းရဲ့ နည်းပြဖြစ်ပြီး အယ်လ်ဆတ် အသင်းကို ပြီးခဲတဲ့ မေလက ရောက်လာခဲ့ချိန်မှာ (၂၀၂၁) ခုနှစ်အထိ စာချုပ်ချုပ်သွားခဲ့ပါတယ်။
Photo Credit: football-espana
ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ အဲရစ် အဘီဒယ်လ် နဲ့ အမှုဆောင်ချုပ် အော်စကာ ဂရုဟာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ကွာတာမှာ ဇာဗီကို တွေ့ဆုံပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီဟာ သောကြာနေ့ကအထိ ဘာစီလိုနာ နည်းပြ ဖြစ်နေခဲ့ပေမဲ့လည်း တနင်္လာနေ့ကထုတ်ပယ်ခံရပြီး နည်းပြ ဆက်တီယန်က နည်းပြသစ်အဖြစ် အခန့်ခံခဲ့ရပါတယ်။
Photo Credit: football-espana
နည်းပြ ဇာဗီက “မှန်ပါတယ်။ ကျွန်တော် အစည်းအဝေးမှာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။ ဘာလို့လဲဆိုရင်တော့ အထူးသဖြင့် ဘာစီလိုနာအသင်းကို နည်းပြဖို့ အရမ်း စောလွန်းသေးလို့ပါပဲ။ ဒါပေမဲ့ ဘာစီလိုနာ အသင်းကို နည်းပြဖို့က ကျွန်တော့်ရဲ့ အနာဂတ် အိပ်မက်ပါပဲ”လို့ Deportivo မှာ ပြောခဲ့ပါတယ်။
Photo Credit: football-espana
ဇာဗီဟာ ဘာစီလိုနာအသင်းမှာ (၁၉၉၈) ခုနှစ်ကနေ (၂၀၁၅) ခုနှစ်အထိ ကစားခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် ပွဲပေါင်း (၇၆၇) ပွဲ ကစားခဲ့ရာမှာ လာလီဂါ ဆုဖလား (၈) ကြိမ် ရရှိနိုင်ခဲ့ပါတယ်။ သူဟာ လက်ရှိမှာတော့ ကွာတာကလပ် အယ်လ်ဆတ် နည်းပြ ဖြစ်ပြီး သူကတော့ ဘာစီလိုနာအသင်းကို နည်းပြဖို့ စောလွန်းသေးတာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ပါတယ်။