အယ်လ်ဆက် နည်းပြ ဇာဗီကတော့ မန်စီးတီး နည်းပြ ဂွါဒီယိုလာကို အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ ဘောလုံး အတွေးအခေါ်က မန်စီးတီး နည်းပြ ဂွါဒီယိုလာရဲ့ ဘောလုံး အတွေးအခေါ်နဲ့ အလွန် တူနေတယ်လို့လည်း ပြောကြားသွားပါတယ်။ နည်းပြ ဇာဗီဟာ လက်ရှိမှာတော့ ကွာတာနိုင်ငံက အယ်လ်ဆက်အသင်းကို နည်းပြနေပြီး ဘာစီလိုနာ အသင်းမှာ အဓိက ကွင်းလယ် ကစားသမား တစ်ဦး အဖြစ် ကစားခဲ့စဉ်က နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကာလရှည် နှစ်ပေါင်း (၁၀) နှစ်ကျော်ကြာ ကစားသွားခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ဇာဗီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့မှာ ဘာစီလိုနာအသင်းကို နည်းပြဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ အချိန်မှာ ငြင်းပယ်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ သူက ဘာစီလိုနာအသင်းကို နည်းပြဖို့ အဆင်သင့် ရှိနေပြီ ဖြစ်တယ်လို့ ပြန်ပြောသွားခဲ့ပါတယ်။ အခုလည်းပဲ ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဇာဗီကတော့ သူ့ရဲ့ ဘောလုံး အတွေးအခေါ်ဟာ ဘာစီလိုနာအသင်းနဲ့ အတူ အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးခဲ့တဲ့ နည်းပြ ဂွါဒီယိုလာရဲ့ အတွေးအခေါ်နဲ့ တူတယ်လို့ Marca သတင်းမှာ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက “အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်ကတော့ နည်းပြ ဂွါဒီယိုလာကို လက်ရှိအချိန်မှာ အကောင်းဆုံး နည်းပြလို့ မြင်ပါတယ်။ ဒီတော့ သူ ကျွန်တော့်ကို ဘယ်လို ပညာတွေပဲ ပေးပါစေ ကျွန်တော် ကြိုဆိုတာထက် ပို ကြိုဆိုပါတယ်။ သူက ဘေးနားကနေ သူ့ရဲ့ စိတ်ကူးတွေကို မျှဝေပေးပြီး ရှားပါးတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံးအတွေးအခေါ်က ဂွါဒီယိုလာရဲ့ ဘောလုံးအတွေးအခေါ်နဲ့ အလွန် တူပါတယ်။ နည်းပြ ဂွါဒီယိုလာက စိုးမိုးချင်တယ်၊ ဘောလုံး ရရှိချင်တယ်၊ ဘောလုံး ပိုင်ဆိုင်ချင်တယ်၊ တိုက်စစ်ကစားချင်တယ်။ ပွဲကစားစဉ်အတွင်းမှာ တက်ကြွခြင်းပါပဲ။ သေချာတဲ့ နည်းနဲ့ ပြိုင်ဘက်အသင်းကို ကျွမ်းကျင်စွာ တိုက်စစ်ဖွင့်ခြင်းပါပဲ။ ဒီလိုစိတ်ကူးကတော့ ကျွန်တော့်ရဲ့ စိတ်ကူး မဟုတ်ပါဘူး”လို့ ပြောသွားလိုက်ပါတယ်။