MySport Myanmar

ချန်ပီယံလိဂ်ကနေ ထွက်ခွာရခြင်းကိုသာ စိတ်အပျက်မိဆုံးပဲလို့ ဇာဗီ ဝန်ခံ

ဘာစီလိုနာ နည်းပြ ဇာဗီဟာနန်ဒက်ဇ်က သူတို့အသင်းအတွက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းထက် ချန်ပီယံလိဂ်ပြိုင်ပွဲဘက်မှာသာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရခြင်းကိုပဲ ပိုပြီး စိတ်ပျက်မိခဲ့ရတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Marca

 

ဘာစီလိုနာအသင်းဟာ နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄-၃)နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် ပလေးအော့အဆင့်မှာ အရှုံးပေးခဲ့ရင်း ပြိုင်ပွဲကနေ လှည့်ပြန်ထားခဲ့ရပေမဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရခြင်းကသာ သူတို့အတွက် ပိုပြီး ခံရခက်စေခဲ့တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။
ဇာဗီက “ဒီရာသီမှာ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးသော စိတ်ပျက်စရာက ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာပါ။ အဲ့ဒါကြောင့် နာကျင်ခဲ့ရပေမဲ့ ကျွန်တော်တို့မှာ လာလီဂါနဲ့ ကိုပါဒယ်ရေးပြိုင်ပွဲ ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဘောလုံးရာသီတစ်ခုကို ကောင်းကောင်း အဆုံးသတ်ဖို့ လိုအပ်ပါတယ်”

Photo Credit : The Independent

“ကျွန်တော်တို့ ဆုဖလားတွေ ဆက်လက် ရယူနိုင်ဖို့ လိုပါတယ်။ ရှုံးနိမ့်ရတာကို မုန်းပေမဲ့ ဆက်ပြီးတော့ ယှဉ်ပြိုင်နေရမှာပဲ” လို့ ပြောဆိုသွားခဲ့ပြီး ကြာသတေးနေ့က အိုးထရက်ဖို့ဒ် ရှုံးပွဲနဲ့ ပတ်သတ်ပြီးတော့လည်း ဇာဗီက “အဲ့ဒီပွဲတွေကနေ ကျွန်တော်တို့ သင်ယူရမယ်။ လာမဲ့ ကြာသပတေးနေ့မှာ အယ်ကလက်စီကိုပွဲ ရှိနေတယ် ဆိုရင်တောင် ကျွန်တော်တို့က ဒီပွဲကိုပဲ အာရုံထားနေလို့ မရနိုင်ဘူး။ ကျွန်တော်တို့ မနက်ဖြန်ပွဲကို အာရုံစိုက်ရပါမယ်။ အမှတ်ပေးပွဲရော ရှုံးထွက်ပွဲတွေရောပါ (၂၀၀)%လောက်အထိ အာရုံစိုက်ထားရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

ဘာစီလိုနာအသင်းက ဒီနေ့ညမှာတော့ လာလီဂါပွဲစဉ်အဖြစ် အမှတ်ပေးဇယား အောက်ဆုံးနားက အယ်လ်မီရီယာအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင်တော့ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းကို (၁၀)မှတ်အထိပင် ဖြတ်တောက်ထားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version