ေလာေလာလတ္လတ္မွာပဲ ေဆာ္ဒီအာေရဗ်နိုင္ငံမွာ က်င္းပတဲ့ စပိန္စူပါဖလားၿပိဳင္ပြဲရဲ့ ဆီမီးဖိုင္နယ္အဆင့္မွာပဲ အက္သလက္တီကို မက္ဒရစ္အသင္းကို ရွုံးနိမ့္ကာ ဖလားတစ္လုံး လက္လႊတ္ထားရတဲ့ ဘာစီလိုနာအသင္းဟာ ယခုရာသီကုန္ဆုံးခ်ိန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ အသင္းနည္းၿပ ဗယ္ဗာဒီကို စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုဖို႔ မရွိေတာ့ပဲ နည္းျပသစ္ကိုသာ ရွာေဖြေနၿပီလို႔ သိရပါတယ္။

 

Photo Credit: Marca.com

လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းဟာ အသင္းရဲ့နည္းျပသစ္အျဖစ္ အသင္းရဲ့ ဂႏၲဝင္ ကစားသမားေဟာင္း ဇာဗီကို ခန႔္အပ္ဖို႔အတြက္ ေဆြးေႏြးေနတယ္လို႔ ခိုင္လုံတဲ့ သတင္းမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဇာဗီဟာ လက္ရွိမွာ ကာတာကလပ္အသင္းျဖစ္တဲ့ အယ္ဆတ္အသင္းကို ကိုင္တြယ္ေနသူပဲ ျဖစ္ပါတယ္။

Photo Credit: Marca.com

ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ ဘာစီလိုနာအသင္းရဲ့ အားကစားဒါရိုက္တာျဖစ္သူ အဘီဒယ္နဲ႔ စီးအီးအို ေအာ္စကာတို႔ဟာ ကာတာနိုင္ငံကို ေရာက္ရွိေနၾကၿပီး ဇာဗီကို နည္းျပသစ္ အျဖစ္ခန႔္အပ္ဖို႔ ေဆြးေႏြးေနၾကေၾကာင္း သိထားရပါတယ္။ ေဆြးေႏြးမွုသာ အဆင္ေျပခဲ့ပါ​က ဇာဗီဟာ ယခုႏွစ္ ေဘာလုံးရာသီကုန္ဆုံးခ်ိန္မွာပဲ ဘာစီလိုနာအသင္းရဲ့ နည္းျပသစ္ ျဖစ္လာမွာပဲ ျဖစ္ပါတယ္။

လောလောလတ်လတ်မှာပဲ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပတဲ့ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာပဲ အက်သလက်တီကို မက်ဒရစ်အသင်းကို ရှုံးနိမ့်ကာ ဖလားတစ်လုံး လက်လွှတ်ထားရတဲ့ ဘာစီလိုနာအသင်းဟာ ယခုရာသီကုန်ဆုံးချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းနည်းပြ ဗယ်ဗာဒီကို စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ မရှိတော့ပဲ နည်းပြသစ်ကိုသာ ရှာဖွေနေပြီလို့ သိရပါတယ်။

Photo Credit: Marca.com

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဇာဗီကို ခန့်အပ်ဖို့အတွက် ဆွေးနွေးနေတယ်လို့ ခိုင်လုံတဲ့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဇာဗီဟာ လက်ရှိမှာ ကာတာကလပ်အသင်းဖြစ်တဲ့ အယ်ဆတ်အသင်းကို ကိုင်တွယ်နေသူပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အဘီဒယ်နဲ့ စီးအီးအို အော်စကာတို့ဟာ ကာတာနိုင်ငံကို ရောက်ရှိနေကြပြီး ဇာဗီကို နည်းပြသစ် အဖြစ်ခန့်အပ်ဖို့ ဆွေးနွေးနေကြကြောင်း သိထားရပါတယ်။ ဆွေးနွေးမှုသာ အဆင်ပြေခဲ့ပါ​က ဇာဗီဟာ ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။