MySport Myanmar

ပွဲအစ ၁၈ စက္ကန့်အတွင်း ဂိုးပေးခဲ့ရလို့ ခံစစ်ကြောင်းကို ဒေါသထွက်နေတဲ့ ဇာဗီ

လာလီဂါရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ဒီနေ့မနက် အစောပိုင်းမှာ ယှဉ််််််ပြိုင် ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ ပွဲမှာ ပွဲအစ ၁၈ စက္ကန့် အကြာမှာပဲ ဂရန်နာဒါကို ဂိုးပေးလိုက်ရတဲ့ အတွက် မပျော်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၈) အဖြစ် ဂရန်နာဒါကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး ဇာဗီက အနိုင် ၃မှတ် ရယူနိုင်ဖို့ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ပွဲစပြီး ၁၈စက္ကန့် အကြာမှာပဲ ဂါဗီရဲ့ ဘောလုံးဆုံးရှုံးမှု ကနေ ဂရန်နာဒါတို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ဂရန်နာဒါ အတွက် အဖွင့်ဂိုးကို ဘယ်တောင်ပံ ကစားသမား ဇာရာဂိုဇာက သွင်းယူပေးခဲ့တာပါ။

အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ဘာစီလိုနာက ချေပဂိုး ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ပွဲချိန် ၂၉မိနစ်မှာ ဇာရာဂိုဇာကပဲ ဂရန်နာဒါ အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။ ၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ဘာစီလိုနာက တသင်းလုံးနီးပါး တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၄၅+၁ မိနစ်မှာ လူငယ်ကြယ်ပွင့် ရာမယ်က ဘာစီလိုနာ အတွက် ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: SPORT

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာက ချေပဂိုးနဲ့ အနိုင်ဂိုး ရရှိဖို့ ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၈၅မိနစ်မှာ ရော်ဘတ်တိုက ဘာစီလိုနာ အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် ဘာစီလိုနာတို့ အဝေးကွင်းမှာ သရေတမှတ် ခွဲယူနိုင်ခဲ့တာပါ။

ဂရန်နာဒါ ၂-၂ ဘာစီလိုနာ ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက ပွဲအစမှာတင် ဂိုးပေးလိုက်ရတဲ့ ခံစစ်အမှား အတွက် စိတ်ပျက်မိကြောင်း ဆိုလာပါတယ်။ ဇာဗီက – “ကျွန်တော်တို့က ကွင်းထဲကို အဲ့ဒီလို ခံစစ်ကစားပုံမျိုးနဲ့ ဝင်လို့ မရပါဘူး။ ပွဲအစ စက္ကန့် ၂၀အတွင်း ဂိုးပေးလိုက်ရတာက မဖြစ်သင့်ပါဘူး။ ဒီလိုမျိုးအရာတွေကို လက်ခံပေးလို့ မရပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version