MySport Myanmar

လာမယ့် ရာသီမှာ အလွန်ဆိုက ဘိုင်ယန်ကို ကိုင်တွယ်သွားတော့မယ်လို့ သတင်းထွက်လာ

လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ အလွန်ဆိုဟာ လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီသစ်မှာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်သွားတော့မှာ ဖြစ်တယ်လို့ စပိန်ရုပ်သံ El Chiringuito TV ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာ ဘိုင်ယန်အသင်းကို ဂျာမနီလူမျိုး ဘောလုံးနည်းပြ သောမတ်စ် တူဟယ်လ်က ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကိုလည်း ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီထဲ ပိုကယ်ဖလားကနေ စောစောစီးစီး ထွက်ခွာခဲ့ရသလို ဂျာမန် စူပါဖလားမှာ လိုက်ပ်ဇစ်ကို ဂိုးပြတ်အရေးနိမ့်ရင်း ဆုဖလားနဲ့ လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Bayern Strike

ဒေါ့မွန် ချယ်လ်ဆီး နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း တူဟယ်လ်ကို ဘိုင်ယန်က ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန် ရာသီဝက်အတွင်း ခန့်အပ်ခဲ့ရာ ပိုကယ်ဖလား နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့ ကွာတားဖိုင်နယ် အဆင့်တွေကနေ ထွက်ခွာခဲ့ရပြီး ဘွန်ဒက်စ်လီဂါမှာတောင် နောက်ဆုံးပွဲအထိ အဆုံးဖြတ်ခံယူခဲ့ရပါတယ်။

ဒီရာသီမှာတော့ ဘွန်ဒက်စ်လီဂါ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပေမယ့်လည်း ဘိုင်ယန်က သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ ဇာဗီ အလွန်ဆိုက လက်ရှိ လေဗာကူဆင် နည်းပြအဖြစ် စွမ်းဆောင်မှုကောင်းတွေ ပြသထားနိုင်မှုကို စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Transfer News Live

အလွန်ဆိုကလည်း မနှစ်က ဘောလုံးရာသီ အစပိုင်းလောက်မှာပဲ လေဗာကူဆင်အသင်းကို စတင် ကိုင်တွယ်ခဲ့ရပြီး အသင်းကို ဇယားအောက်နားကနေ ဆွဲတင်နိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ ပို့ဆောင်နိုင်ခဲ့လို့ အသင်းတိုင်းရဲ့ စိတ်ဝင်စားမှုပါ ရရှိလာခဲ့ရပါတယ်။

လက်ရှိမှာ လေဗာကူဆင်က အလွန်ဆိုကို ၂၀၂၆ခုနှစ်ထိ သက်တမ်းတိုးထားသလို အလွန်ဆိုကလည်း ဒီရာသီအတွင်း ပြိုင်ပွဲစုံမှာ လေဗာကူဆင်အသင်းကို လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်တာမို့ သူ့ကို သူ့အသင်းဟောင်းတွေဖြစ်တဲ့ ရီးယဲလ် လေဗာကူဆင်တို့က အပြိုင် စိတ်ဝင်စားနေပြီး El Chiringuito TV ရုပ်သံကတော့ အလွန်ဆိုဟာ လာမယ့်ရာသီမှာ ဘိုင်ယန်နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version