ေဘာလံုးအားကစားနည္းဟာ တစ္ကမၻာလံုးရဲ႕ အသည္းညႇာတစ္ခုျဖစ္လာခ်ိန္ကစလို႔ ေဘာလံုးေလာကထဲကုိ စီးပြားေရးသမားေတြက တစ္ျပံဳတစ္မႀကီးဝင္လာၾကပါေတာ့တယ္။ အထူးသျဖင့္ ေဒၚလာဘီလီယံနဲ႔ခ်ီကာ ခ်မ္းသာၾကတဲ့စီးပြားေရးသမားေတြဟာ ေဘာလံုးအသင္းေတြကုိ ဝယ္ယူခဲ့ၾကကာ ထိပ္တန္းအသင္းတစ္သင္းျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္လာၾကရင္းကေန ကစားသမားေတြရဲ႕တန္ေၾကးဟာလည္း မိုးထိေအာင္ ျမင့္တက္လာခဲ့ၾကပါတယ္။ ဒီတစ္ခါမွာေတာ့ ကြၽန္ေတာ္ဟာ လက္႐ွိပုိုင္ဆိုင္ထားတဲ့ လူစာရင္းအတြက္ ေငြေၾကးအမ်ားဆံုးအသံုးျပဳထားရတဲ့ အသင္းေလးသင္းကို ေဖာ္ျပေပးသြားမွာပါ။

၄။ မန္ခ်က္စတာယူႏိုက္တက္(ယူ႐ို၇၅၁သန္း)

လက္႐ွိအခ်ိန္မွာ ရလဒ္ေကာင္းေတြ ရ႐ွိဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ လူအင္အားျဖည့္တင္းမႈပိုင္းမွာ အျခားထိပ္တန္းအသင္းေတြနည္းတူ သံုးစြဲႏိုင္တာကို ျမင္ေတြ႔ေနရပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေျပာင္းအေရႊ႕ကာလအတြင္းမွာ အမွားအယြင္းေတြ မၾကာခဏဆိုသလို ျပဳလုပ္မိေနတာေၾကာင့္ ေငြေၾကးမ်ားစြာအသံုးျပဳထားေပမယ့္ ေကာင္းမြန္ကာ က်စ္လ်စ္တဲ့အသင္းတစ္သင္းကို မရ႐ွိေသးပါဘူး။

Photo Credit: Telegraph.com

၃။ ရီးရဲလ္မက္ဒရစ္(ယူ႐ို၉၀၂သန္း)

ၾကယ္စင္စုအသင္းတစ္သင္းအျဖစ္ နာမည္ႀကီးတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္႐ွိ အေျပာင္းအေရႊ႕ရာသီမွာေတာ့ အေတာ္ေလးကို လႈပ္လႈပ္ခတ္ခတ္ျဖစ္ေအာင္ လုပ္ခဲ့ၾကတဲ့ အသင္းတစ္သင္းပဲ ျဖစ္ပါတယ္။ ဟာဇက္ ၊ ဂ်ိဳဗစ္ ၊ မီလီတာအို ၊ ႐ိုဒရီဂိုစတဲ့ ကစားသမားေတြကို ယူ႐ုိ၃၀၀သန္းနီးပါး အသံုးျပဳထားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဒီစာရင္းမွာ အဆင့္၃ေနရာရ႐ွိတာဟာ ထိုက္တန္တယ္လို႔ ဆိုရမွာပါပဲ။

Photo Credit: Telegraph.com

၂။ ပီအက္စ္ဂ်ီ(ယူ႐ုိ ၉၁၂သန္း)

ေနမာ ၊ အမ္ဘာေပစတဲ့ ႀကီးမားတဲ့ အေျပာင္းအေရႊ႕ႏွစ္ခုကို ျပဳလုပ္ထားတဲ့ ပီအက္စ္ဂ်ီအသင္းက ဒီစာရင္းမွာ ပါဝင္လာတာဟာ အံ့အားသင့္စရာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ အသင္းပိုင္႐ွင္ လိုခ်င္ေနတဲ့ခ်န္ပီယံလိဂ္ဖလားကို အရမယူႏိုင္ေသးတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းသံုးစြဲထားရတဲ့ ေငြေၾကးေတြဟာ မထိုက္တန္ေသးဘူးလို႔ပဲ ဆိုရမွာပါ။

Photo Credit: Telegraph.com

၁။ မန္ခ်က္စတာစီးတီး(ယူ႐ို၁.၀၁၄ဘီလီယံ)

မန္ခ်က္စတာစီးတီးအသင္းဟာ ကမၻာ့ေဘာလံုးသမိုင္းတစ္ေလွ်ာက္မွာ ေျပာင္းေရႊ႔ေၾကး ယူ႐ို၁ဘီလီယံျပည့္ေျမာက္တဲ့ ပထမဦးဆံုး အသင္းတစ္သင္းပဲ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ ဥေရာပရဲ႕ဂုဏ္သိကၡာအႀကီးမားဆံုး ခ်န္ပီယံလိဂ္ဖလားကို အရမယူႏိုင္ေသးေပမယ့္ အဂၤလန္ေျမမွာေတာ့ ပရီးမီးယားလိဂ္ဖလား ၊ အက္ဖ္ေအဖလားနဲ႔ ကာရာဘာအိုဖလားတို႔ကို တစ္ႏွစ္အတြင္း ရယူႏိုင္ခဲ့တာေၾကာင့္ ေပးေခ်ထားရတဲ့ေငြေၾကးေတြနဲ႔ ထိုက္တန္မႈ႐ွိတယ္လို႔ ဆိုရမွာပါပဲ။

Photo Credit: Telegraph.com

ဘောလုံးအားကစားနည်းဟာ တစ်ကမ္ဘာလုံးရဲ့ အသည်းညှာတစ်ခုဖြစ်လာချိန်ကစလို့ ဘောလုံးလောကထဲကို စီးပွားရေးသမားတွေက တစ်ပြုံတစ်မကြီးဝင်လာကြပါတော့တယ်။ အထူးသဖြင့် ဒေါ်လာဘီလီယံနဲ့ချီကာ ချမ်းသာကြတဲ့စီးပွားရေးသမားတွေဟာ ဘောလုံးအသင်းတွေကို ဝယ်ယူခဲ့ကြကာ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်လာကြရင်းကနေ ကစားသမားတွေရဲ့တန်ကြေးဟာလည်း မိုးထိအောင် မြင့်တက်လာခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်ဟာ လက်ရှိပိုုင်ဆိုင်ထားတဲ့ လူစာရင်းအတွက် ငွေကြေးအများဆုံးအသုံးပြုထားရတဲ့ အသင်းလေးသင်းကို ဖော်ပြပေးသွားမှာပါ။

၄။ မန်ချက်စတာယူနိုက်တက်(ယူရိုရ၅၁သန်း)

လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရရှိဖို့အတွက် ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လူအင်အားဖြည့်တင်းမှုပိုင်းမှာ အခြားထိပ်တန်းအသင်းတွေနည်းတူ သုံးစွဲနိုင်တာကို မြင်တွေ့နေရပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ကာလအတွင်းမှာ အမှားအယွင်းတွေ မကြာခဏဆိုသလို ပြုလုပ်မိနေတာကြောင့် ငွေကြေးများစွာအသုံးပြုထားပေမယ့် ကောင်းမွန်ကာ ကျစ်လျစ်တဲ့အသင်းတစ်သင်းကို မရရှိသေးပါဘူး။

Photo Credit: Telegraph.com

၃။ ရီးရဲလ်မက်ဒရစ်(ယူရို၉၀၂သန်း)

ကြယ်စင်စုအသင်းတစ်သင်းအဖြစ် နာမည်ကြီးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိ အပြောင်းအရွှေ့ရာသီမှာတော့ အတော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်ခဲ့ကြတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ ဟာဇက် ၊ ဂျိုဗစ် ၊ မီလီတာအို ၊ ရိုဒရီဂိုစတဲ့ ကစားသမားတွေကို ယူရို၃၀၀သန်းနီးပါး အသုံးပြုထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဒီစာရင်းမှာ အဆင့်၃နေရာရရှိတာဟာ ထိုက်တန်တယ်လို့ ဆိုရမှာပါပဲ။

Photo Credit: Telegraph.com

၂။ ပီအက်စ်ဂျီ(ယူရို ၉၁၂သန်း)

နေမာ ၊ အမ်ဘာပေစတဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့နှစ်ခုကို ပြုလုပ်ထားတဲ့ ပီအက်စ်ဂျီအသင်းက ဒီစာရင်းမှာ ပါဝင်လာတာဟာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းပိုင်ရှင် လိုချင်နေတဲ့ချန်ပီယံလိဂ်ဖလားကို အရမယူနိုင်သေးတာကြောင့် ပီအက်စ်ဂျီအသင်းသုံးစွဲထားရတဲ့ ငွေကြေးတွေဟာ မထိုက်တန်သေးဘူးလို့ပဲ ဆိုရမှာပါ။

Photo Credit: Telegraph.com

၁။ မန်ချက်စတာစီးတီး(ယူရို၁.၀၁၄ဘီလီယံ)

မန်ချက်စတာစီးတီးအသင်းဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်မှာ ပြောင်းရွှေ့ကြေး ယူရို၁ဘီလီယံပြည့်မြောက်တဲ့ ပထမဦးဆုံး အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဥရောပရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး ချန်ပီယံလိဂ်ဖလားကို အရမယူနိုင်သေးပေမယ့် အင်္ဂလန်မြေမှာတော့ ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ကာရာဘာအိုဖလားတို့ကို တစ်နှစ်အတွင်း ရယူနိုင်ခဲ့တာကြောင့် ပေးချေထားရတဲ့ငွေကြေးတွေနဲ့ ထိုက်တန်မှုရှိတယ်လို့ ဆိုရမှာပါပဲ။

Photo Credit: Telegraph.com