ဘောလုံးအားကစားနည်းဟာ ကမ္ဘာပေါ်မှာ နာမည်ကြီး ထင်ရှားလာတာနဲ့အမျှ ဘောလုံးအသင်းတွေရဲ့ ဝင်ငွေတွေဟာ တိုးတက်လာခဲ့သလို ဘောလုံးအသင်းတွေဟာ အောင်မြင်မှုတွေ ရရှိဖို့အတွက် ထိပ်တန်းကစားသမားတွေ ၊ ထိပ်တန်းနည်းပြတွေကို ခေါ်ယူလေ့ရှိပါတယ်။ ဒီလို အပြိုင်အဆိုင်ခေါ်ယူမှုတွေ ကမ်းလှမ်းမှုတွေကြောင့် ကစားသမားတွေ ၊ နည်းပြတွေရဲ့ လုပ်ခလစာတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးရရှိတဲ့ နည်းပြတွေအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

၃။ မော်ရင်ဟိုနဲ့ ကလော့ပ်

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးနည်းပြ နှစ်ဦး ဖြစ်တဲ့ Special One မော်ရင်ဟိုနဲ့ Normal One ကလော့ပ်တို့ဟာ လစာအများဆုံးနည်းပြ စာရင်းရဲ့ တတိယနေရာမှာ ပူးတွဲရပ်တည်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ တစ်နှစ် လုပ်ခ လစာကတော့ ယူရို ၁၇.၅၂ သန်းပါ။

Photo Credit: Standard.com

၂။ ဂွာဒီယိုလာ

ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာ အများဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂွာဒီယိုလာဟာ ကမ္ဘာ့အဆင့်မှာတော့ အဆင့်နှစ်နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဂွာဒီယိုလာရဲ့ တစ်နှစ် လုပ်ခလစာကတော့ ယူရို ၂၃.၂၈သန်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

၁။ ဆီမြွန်နီ

အက်သလက်တီကိုလို ငွေကြေးကို အကန့်အသတ်နဲ့သာ သုံးစွဲတဲ့ အသင်းတစ်သင်းရဲ့ နည်းပြက ဒီစာရင်းမှာ ရပ်တည်နေတာကို မြင်ရတာဟာ အံ့အားသင့်စရာပါပဲ။ ဒါပေမယ့် ဆီမြွန်နီရဲ့ လစာကို မြင်တွေ့ရရင် ပိုပြီး အံ့အားသင့်သွားရမှာပဲ ဖြစ်ပါတယ်။ ဆီမြွန်နီဟာ တစ်နှစ်လုပ်ခ ယူရို ၄၃.၆သန်းအထိ ရရှိနေသူပါ။