ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် ကစားပြီးသွားတဲ့ အချိန်မှာတော့ UEFA ချန်ပီယံလိဂ်က တစ်ပတ်တာ အကောင်းဆုံး ကစားသမားကို တရားဝင် ကြေညာသွားပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် ချန်ပီယံလိဂ်က ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းကို အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခဲ့ပါတယ်။ ဟာလန်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်မှာ အဖွင့်ဂိုး နဲ့ အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ပုံစံကောင်းကို ဆက်ထိန်းခဲ့ပါတယ်။

Photo Credit: Gettyimage

အသက် (၁၉) နှစ်အရွယ် လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ တစ်ရာသီမှာ သွင်းဂိုး (၁၀) ဂိုးကို ပထမဆုံး သွင်းယူခဲ့တဲ့ အသက် (၂၀) အောက် ကစားသမား ဖြစ်သွားပါတယ်။ ဟာလန်းဟာ လက်ရှိရာသီမှာ အသင်းဟောင်း ရက်ဘူးလ်အသင်း နဲ့ လက်ရှိ ဒေါ့မွန်အသင်းတို့အတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၃၉) ဂိုးအထိတောင် သွင်းယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဟာလန်းဟာ ရက်ဘူးလ်အသင်းမှာ (၂) နှစ်ကြာ ကစားပြီးတဲ့နောက် ဒေါ့မွန်အသင်းကို ယူရို သန်း (၂၀) ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းမရွေ့ ခြေစွမ်းပြသလျက် ရှိနေပါတယ်။

Photo Credit: Gettyimage

ဟာလန်းဟာ သြစတြေးလျ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ရက်ဘူးလ်အသင်းအတွက် ပွဲစဉ် (၁၄) ပွဲ ကစားရာမှာ သွင်းဂိုး (၁၆) ဂိုး သွင်းယူခဲ့ပြီးနောက် ဒေါ့မွန်အသင်းကို ပြောင်းလာခဲ့ပါတယ်။ သူဟာ လက်ရှိမှာတော့ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၅) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၈) ဂိုး နဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၁) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၂) ဂိုး သွင်းခဲ့ပါတယ်။ သူဟာ ဒေါ့မွန်အသင်းအတွက် ချန်ပီယံလိဂ် ပွဲဦးထွက် ပွဲစဉ် ကစားတဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့လို့ တစ်ပတ်တာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ကို လာမယ့် မတ်လ (၃) ရက်နေ့မှာ ပြန်ကစားရမှာ ဖြစ်ပြီး ပီအက်စ်ဂျီကို အနိုင်ရသွားဦးမလား စောင့်ကြည့်ရမှာပါ။