အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လိုင်လီအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရီနာတို ဆန်းချက်ဟာ လက်ရှိမှာ ဒူးခေါင်းဒဏ်ရာကို ခွဲစိတ်မှု ခံယူထားတာကြောင့် ၁လနီးပါး အနားယူရမယ့် ကစားသမား ဖြစ်ပေမယ့် ဝုဗ်အသင်းဟာ သူ့ရဲ့ ခြေစွမ်းအပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝုဗ်အသင်းဟာ ရီနာတို ဆန်းချက်ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လထဲက စတင် ကြိုးပမ်းနေတာ ဖြစ်ပြီး ရီနာတို ဆန်းချက်ကလည်း ဆွမ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မအောင်မြင်ခဲ့တဲ့ အတိတ်ဆိုးကို ချေဖျက်ဖို့ စိတ်ဆန္ဒ ပြင်းပျနေကြောင်း သိရပါတယ်။

ဝုဗ်အသင်းဟာ ရီနာတို ဆန်းချက်ကို တရာသီအငှား + ရာသီကုန်မှာ မဖြစ်မနေ ခေါ်ယူခွင့်နဲ့ ခေါ်ယူရမယ့် သဘောတူညီမှု တရပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေးဟာ ယူရို ၂၀သန်း ကနေ ၃၀သန်းကြား ရှိနိုင်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: The Sun

ဝုဗ်အသင်းဟာ ရီနာတို ဆန်းချက်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်လူ နီဗက် အတွက် သင့်တော် မှန်ကန်တဲ့ ကမ်းလှမ်းမှု တခု ရလာပါက နီဗက်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။