ယခုတစ္ပတ္ အက္ဖ္ေအဖလားပြဲစဥ္ေတြထဲက ဒုတိယေျမာက္ အႀကိတ္အနယ္ျဖစ္မယ့္ ပြဲစဥ္တစ္ပြဲအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ဝုဗ္အသင္းနဲ႔ ယူနိုက္တက္အသင္းတို႔ရဲ့ ပြဲစဥ္ကေတာ့ ဂိုးမရွိ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဘယ္အသင္းက ေနာက္တစ္ဆင့္ကို တက္လွမ္းခြင့္ရရွိမလဲဆိုတာနဲ႔ ပတ္သတ္ၿပီး ယူနိုက္တက္အသင္းရဲ့ အိုးထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ ဆက္လက္ ဆုံးျဖတ္ရမွာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ကၽြန္ေတာ္က ဒီပြဲစဥ္မွာ ေျပာစရာ ျဖစ္ခဲ့တ​ဲ့ အခ်က္သုံးခ်က္အေၾကာင္းကို ေျပာျပေပးသြားမွာပါ။

Photo Credit: Metro.com

လူငယ္ကစားသမားေတြရဲ့ေျခစြမ္း

မာရွယ္ ၊ လင္ဂတ္တို႔ ဒဏ္ရာရေနတဲ့ အေနအထားေၾကာင့္ ယူနိုက္တက္အသင္းဟာ အသင္းရဲ့ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂရင္းဝုဒ္ ၊ တာဟစ္ေခ်ာင္တို႔ကို တိုက္စစ္မွာ ပြဲထြက္အသုံးျပဳခဲ့သလို ဘယ္ဘက္ခံစစ္ပိုင္းမွာလည္း လုခ္ေရွာကိုေက်ာ္ကာ ဝီလီယံကို ေနရာေပးခဲ့ပါတယ္။ ဒီေန႔ပြဲစဥ္မွာေတာ့ ဂရင္းဝုဒ္နဲ႔ ဝီလီယံတို႔ရဲ့ ေျခစြမ္းေတြဟာ အသင္းႀကီးမွာ ပုံမွန္ ပြဲထြက္ခြင့္ရဖို႔အတြက္ ထိုက္တန္ေၾကာင္း ျပသနိုင္ခဲ့ေပမယ့္ ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖို႔အတြက္ သတင္းႀကီးေနတဲ့ တာဟစ္ေခ်ာင္က သာမန္ေပးပို႔မွုေတြနဲ႔သာ အခ်ိန္ကုန္ခဲ့ပါတယ္။

Photo Credit: Metro.com

ရိုမဲရိုးရဲ့လက္စြမ္း

အာဂ်င္တီးနားအသင္းနဲ႔အတူ ကမၻာ့ဖလား ဗိုလ္လုပြဲကို တက္လွမ္းနိုင္ခဲ့တဲ့ ရိုမဲရိုးရဲ့ လက္စြမ္းကိုေတာ့ ေမးခြန္းထုတ္စရာ မလိုေလာက္ပါဘူး။ ဒါေပမယ့္ ဒီေန႔ပြဲစဥ္မွာ ျပသခဲ့တဲ့ ရိုမဲရိုးရဲ့လက္စြမ္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အမွားအယြင္းမ်ားေနတဲ့ ဒီဂီယာရဲ့ လက္စြမ္းထက္ ပိုမိုေကာင္းမြန္ေနၿပီး ယူနိုက္တက္ပရိသတ္ေတြကလည္း ဒီဂီယာကို အနားေပးကာ ရိုမဲရိုးကို သုံးသင့္ေနၿပီလို႔ အႀကံေပးမွုေတ​ြ ရွိေနခဲ့ပါတယ္။

Photo Credit: Metro.com

ဝုဗ္အသင္းနဲ႔ ေနာက္ဆုံးငါးႀကိမ္ေတြ႕ဆုံရာမွာ တစ္ႀကိမ္မွ မနိုင္ေသးတဲ့ စံခ်ိန္

ဒီေန႔ပြဲစဥ္မွာ သေရက်ခဲ့အၿပီးမွာေတာ့ ယူနိုက္တက္အသင္းဟာ ဝုဗ္အသင္းကို ေနာက္ဆုံး ငါးႀကိမ္ေတြ႕ဆုံရာမွာ တစ္ႀကိမ္မွ အနိုင္မရရွိတဲ့ စံခ်ိန္ဆိုးတစ္ခုကို ပိုင္ဆိုင္သြားခဲ့ပါတယ္။ ယူနိုက္တက္အသင္းဟာ ဝုဗ္အသင္းနဲ႔ ေနာက္ဆုံး ငါးႀကိမ္ေတြ႕ဆုံရာမွာ သုံးပြဲသေရ ႏွစ္ပြဲရွုံးဆိုတဲ့ ရလဒ္ကို ပိုင္ဆိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ယခုတစ်ပတ် အက်ဖ်အေဖလားပွဲစဉ်တွေထဲက ဒုတိယမြောက် အကြိတ်အနယ်ဖြစ်မယ့် ပွဲစဉ်တစ်ပွဲအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဝုဗ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် ဘယ်အသင်းက နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရရှိမလဲဆိုတာနဲ့ ပတ်သတ်ပြီး ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ဆက်လက် ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ဒီပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တ​ဲ့ အချက်သုံးချက်အကြောင်းကို ပြောပြပေးသွားမှာပါ။

Photo Credit: Metro.com

လူငယ်ကစားသမားတွေရဲ့ခြေစွမ်း

မာရှယ် ၊ လင်ဂတ်တို့ ဒဏ်ရာရနေတဲ့ အနေအထားကြောင့် ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ် ၊ တာဟစ်ချောင်တို့ကို တိုက်စစ်မှာ ပွဲထွက်အသုံးပြုခဲ့သလို ဘယ်ဘက်ခံစစ်ပိုင်းမှာလည်း လုခ်ရှောကိုကျော်ကာ ဝီလီယံကို နေရာပေးခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ဂရင်းဝုဒ်နဲ့ ဝီလီယံတို့ရဲ့ ခြေစွမ်းတွေဟာ အသင်းကြီးမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့အတွက် ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပေမယ့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက် သတင်းကြီးနေတဲ့ တာဟစ်ချောင်က သာမန်ပေးပို့မှုတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။

Photo Credit: Metro.com

ရိုမဲရိုးရဲ့လက်စွမ်း

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ ရိုမဲရိုးရဲ့ လက်စွမ်းကိုတော့ မေးခွန်းထုတ်စရာ မလိုလောက်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲစဉ်မှာ ပြသခဲ့တဲ့ ရိုမဲရိုးရဲ့လက်စွမ်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အမှားအယွင်းများနေတဲ့ ဒီဂီယာရဲ့ လက်စွမ်းထက် ပိုမိုကောင်းမွန်နေပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဒီဂီယာကို အနားပေးကာ ရိုမဲရိုးကို သုံးသင့်နေပြီလို့ အကြံပေးမှုတေ​ွ ရှိနေခဲ့ပါတယ်။

Photo Credit: Metro.com

ဝုဗ်အသင်းနဲ့ နောက်ဆုံးငါးကြိမ်တွေ့ဆုံရာမှာ တစ်ကြိမ်မှ မနိုင်သေးတဲ့ စံချိန်

ဒီနေ့ပွဲစဉ်မှာ သရေကျခဲ့အပြီးမှာတော့ ယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းကို နောက်ဆုံး ငါးကြိမ်တွေ့ဆုံရာမှာ တစ်ကြိမ်မှ အနိုင်မရရှိတဲ့ စံချိန်ဆိုးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းနဲ့ နောက်ဆုံး ငါးကြိမ်တွေ့ဆုံရာမှာ သုံးပွဲသရေ နှစ်ပွဲရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။