MySport Myanmar

ကော်စတာကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အန်ဒီကာရိုးကို ပစ်မှတ်ထားလာနိုင်တဲ့ ဝုလ်ဗ်

ဝုလ်ဗ်အသင်းဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်ကစားသမားကြီး ဒီယေဂိုကော်စတာကို free transfer နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေရာ အပြောင်းအရွှေ့ အပြီးသတ်လုနီးပါး ဖြစ်ခဲ့ရပေမယ့်လည်း အလုပ်ပါမစ် ပယ်ချခံလိုက်ရတာကြောင့် ဝုလ်ဗ်အနေနဲ့ ကော်စတာရဲ့ အပြောင်းအရွှေ့ မပြီးမြောက်နိုင်ခဲ့ရင် နောက်ထပ် free agent player ဖြစ်တဲ့ အန်ဒီကာရိုးကိုသာ ပြောင်းလဲ ခေါ်ယူရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ဝုလ်ဗ်အသင်းဟာ နွေဈေးကွက်ထဲမှာ စတုဂတ်ကနေ ခေါ်ယူထားတဲ့ သြစတြီးယား တိုက်စစ်မှူး ခါလာဇစ်က ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ACL injury ရရှိသွားတဲ့အတွက် ကာလရှည် အနားယူမှာဖြစ်လို့ သူ့နေရာမှာ ကစားသမား ဖြည့်တင်းဖို့အတွက် အခုလို အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းသွားချိန်မှာ အချိန်မရွေး ခေါ်ယူလို့ရနိုင်မယ့် free agent players တွေကို ချိန်ရွယ်လာခဲ့ရာ နောက်ဆုံးမှာတော့ ချယ်လ်ဆီး ကစားသမားဟောင်းင်္ကြီး ဒီယေဂိုကော်စတာကို ရှုာတွေ့သွားခဲ့ပါတယ်။ ဝုလ်ဗ်က စပိန် ဝါရင့် တိုက်စစ်ကစားသမားကြီး ကော်စတာကို ခေါ်ယူဖို့ အခြေအနေကောင်းတစ်ခု ရရှိထားပေမယ့်လည်း ဗြိတိန်အစိုးရကနေ ကော်စတာရဲ့ အလုပ်လုပ်ခွင့် ပါမစ်ကို ခွင့်မပြုခဲ့တာကြောင့် အပြောင်းအရွှေ့ အထမြောက်နိုင်ဖို့က အဟန့်အတား ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

Sky Sports ရဲ့ ဖော်ပြချက်မှာတော့ ဝုလ်ဗ်အသင်းဟာ ကော်စတာရဲ့ အလုပ်ပါမစ် ခွင့်ပြုချက်ချဖို့အတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပြီး အယူခံလည်း ဝင်သွုားမယ်လို့ သိရပေမယ့် တကယ်လို့ ကော်စတာကို ခေါ်ယူဖို့ လုံးဝ အဆင်ပြေနိုင်ခဲ့ဘူးဆိုရင် လီဗာပူးလ် နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး အန်ဒီကာရိုးကိုသာ ပြောင်းလဲ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။ အသက်(၃၃)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီး ကာရိုးဟာ ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပိုင်းရော ကစားသမားဘဝပါ ကျဆင်းသွားခဲ့ရတာ ဖြစ်သလို လက်ရှိမှာလည်း အသင်းလက်မဲ့ ဖြစ်နေရပါတယ်။ ကာရိုးဟာ နွေဈေးကွက်အတွင်း ဘယ်လ်ဂျီယံထိပ်သီးအသင်း ကလပ်ဘရုဂးဆီ ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဆေးစစ်ရာမှာ ဒဏ်ရာပြသာနာတွေ တွေ့ရှိခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပြီး free agent ကစားသမားအဖြစ် ဆက်လက် ရှိနေရတာ ဖြစ်ပါတယ်။ လက်ရှိ free agents ဖြစ်နေရတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ လီဗာပူးလ် ကစားသမားဟောင်း စတာရစ်ချ် ဘန်လေ ကစားသမားဟောင်း ဗိုက်ဒရာ စီးရီးအေ ကလပ်အသင်းများစွာ ပါဝင်ခဲ့ဖူးတဲ့ ဆီမြွန်ဇာဇာနဲ့ အသက်လက်တီကို ကစားသမားဟောင်း အက်ဒရီယန်လိုပက်ဇ်တို့ ရှိနေကြပေမယ့် ဝုလ်ဗ်ကတော့ ကော်စတာကိုသာ ဦးစားပေး အလိုရှိနေတာကြောင့် အလုပ်ပါမစ် ပယ်ချခံရတဲ့အပေါ် အယူခံ ဝင်သွားဖို့အထိပါ ပြင်ဆင်နေပါတယ်။

Exit mobile version