လက္ရွိမွာ ဖြင့္လွစ္လ်က္ရွိေနတဲ့ ဇန္နဝါရီလ ေဆာင္းရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း အနာဂတ္လႈပ္ခတ္လ်က္အရွိဆုံး ကစားသမားေတြထဲမွာ အသက္လက္တီကုိမက္ဒရစ္အသင္းရဲ႕ေတာင္ပံတုိက္စစ္ကစားသမား ေသာမတ္စ္လူမာလည္း အပါအဝင္ျဖစ္လုိ႔ေနပါတယ္။ အသင္းကေန ထြက္ခြာဖုိ႔ အနီးစပ္ဆုံးျဖစ္လုိ႔ေနတဲ႔ လူမာကုိ ပရီးမီးယားလိဂ္ရဲ႕လန္ဒန္အေျခစုိက္အသင္းႀကီးေတြျဖစ္ေသာ အာဆင္နယ္ ခ်ယ္လ္ဆီးနဲ႔ စပါးအသင္းတုိ႔ကေန အၿပိဳင္အဆုိင္ ပစ္မွတ္ထားလုိ႔ေနၿပီး ေခၚယူဖုိ႔လည္း အၿပိဳင္ႀကိဳးပမ္းလ်က္ရွိေနပါတယ္။

Photo Credit : Getty Images

အသက္၂၄ႏွစ္အရႊယ္ရွိ ျပင္သစ္ေတာင္ပံတုိက္စစ္ကစားသမား လူမာဟာ ၂၀၁၈ခုႏွစ္ကမွ မုိနာကုိအသင္းကေန အသက္လက္တီကုိအသင္းဆီ ေပါင္၅၁သန္းနဲ႔ ေရာက္ရွိလာခဲ႔တာျဖစ္ေပမယ့္ အသင္းကုိေရာက္ၿပီး ၂ႏွစ္နီးပါးေလာက္အထိ အသင္းအတြက္ ေျခစြမ္းျပနုိင္ျခင္းမရွိပဲ ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ၂၁ပြဲအထိ ပါဝင္ကစားထားခဲ႔ကာ ၁ဂုိးပဲ သြင္းယူထားခဲ႔ပါတယ္။ အသင္းအတြက္ ဒီလုိေျခစြမ္းျပႏုိင္ျခင္းမရွိတဲ႔ လူမာကုိ အသက္လက္တီကုိကလည္း အသင္းကေန ျပန္လည္ေရာင္းခ်ဖုိ႔ စီစဥ္လ်က္ရွိေနၿပီး သူ႔ကုိလည္း အသင္းေပါင္းမ်ားစြာကေန ေခၚယူသြားဖုိ႔ မ်က္စိက်လ်က္ရွိလုိ႔ေနပါတယ္။

Photo Credit : Getty Images

ေဆာင္းရာသီေစ်းကြက္ စတင္ဖြင့္လွစ္ခ်ိန္ကေန အာဆင္နယ္ ခ်ယ္လ္ဆီး စပါးအသင္းေတြနဲဲ႔ အေျပာင္းအေရႊ႕သတင္းေတြ ဆက္တုိက္ထြက္ေပၚလို႔ရွိေနတဲ႔ လူမာဟာ အခုအခါမွာ ဝုလ္ဗ္အသင္းနဲ႔ အံ့အားသင့္စဖြယ္ သတင္းထြက္လာခဲ႔ရၿပီး လက္ရွိမွာ ဝုလ္ဗ္ကေတာင္ လူမာကုိ ေခၚယူႏုိင္ဖုိ႔ အေျခအေနအေကာင္းဆုံးအသင္း ျဖစ္လုိ႔ေနရပါတယ္။ ဝုလ္ဗ္အသင္းဟာ လူမာရဲ႕ေအးဂ်င့္ျဖစ္သူ နာမည္ေက်ာ္ စူပါေအးဂ်င့္ ေဂ်ာ့မန္ဒက္နဲ႔ ရင္းႏွီးကြ်မ္းဝင္လွတဲ႔ ဆက္ဆံေရးေကာင္းတစ္ခု ရွိေနတဲ့အျပင္ အသင္းဆီကုိလည္း ရာအူးဂ်ီမီနက္ဇ္ ဒီေယဂုိဂ်ိဳတာ ေဂ်ာ္နီေအာ္တုိတုိ႔လုိ ကစားသမားေကာင္းေတြ ေခၚေဆာင္ေပးႏုိင္ခဲ႔တာေၾကာင့္ အခုလည္း လူမာကုိ ေခၚယူႏုိင္ဖုိ႔ အေျခအေနေကာင္းလာခဲ႔ရတာျဖစ္ပါတယ္။ မၾကာေသးခင္ကမွ အသင္းရဲ႕တုိက္စစ္ကစားသမားျဖစ္သူ ကူထရုိနီကုိ ဖီအုိရင္တီးနားအသင္းဆီ ၁၈လတာ အငွားခ်ခဲ႔တဲ႔ ဝုလ္ဗ္အသင္းဟာ အသင္းရဲ႕တုိက္စစ္ပုိင္းအတြက္ လူမာကုိ ကနဦးကမ္းလွမ္းခ်က္အျဖစ္ ရာသီကုန္အငွားနဲ႔ စတင္ကမ္းလွမ္းမွာျဖစ္ၿပီး အငွားသက္တမ္းျပည့္ခ်ိန္မွသာ အၿပီးသတ္ေခၚယူမယ္လုိ႔ သိရွိရပါတယ္။

(Unicode)

အာဆင်နယ် ချယ်လ်ဆီး စပါးတို့ရဲ့ပစ်မှတ်က ဝုလ်ဗ်ကို ရောက်ရှိဖို့ နီးစပ်လျက်ရှိနေ

လက်ရှိမှာ ဖွင့်လှစ်လျက်ရှိနေတဲ့ ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အနာဂတ်လှုပ်ခတ်လျက်အရှိဆုံး ကစားသမားတွေထဲမှာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား သောမတ်စ်လူမာလည်း အပါအဝင်ဖြစ်လို့နေပါတယ်။ အသင်းကနေ ထွက်ခွာဖို့ အနီးစပ်ဆုံးဖြစ်လို့နေတဲ့ လူမာကို ပရီးမီးယားလိဂ်ရဲ့လန်ဒန်အခြေစိုက်အသင်းကြီးတွေဖြစ်သော အာဆင်နယ် ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ကနေ အပြိုင်အဆိုင် ပစ်မှတ်ထားလို့နေပြီး ခေါ်ယူဖို့လည်း အပြိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။

Photo Credit : Getty Images

အသက်၂၄နှစ်အရွှယ်ရှိ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား လူမာဟာ ၂၀၁၈ခုနှစ်ကမှ မိုနာကိုအသင်းကနေ အသက်လက်တီကိုအသင်းဆီ ပေါင်၅၁သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းကိုရောက်ပြီး ၂နှစ်နီးပါးလောက်အထိ အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ၂၁ပွဲအထိ ပါဝင်ကစားထားခဲ့ကာ ၁ဂိုးပဲ သွင်းယူထားခဲ့ပါတယ်။ အသင်းအတွက် ဒီလိုခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ လူမာကို အသက်လက်တီကိုကလည်း အသင်းကနေ ပြန်လည်ရောင်းချဖို့ စီစဉ်လျက်ရှိနေပြီး သူ့ကိုလည်း အသင်းပေါင်းများစွာကနေ ခေါ်ယူသွားဖို့ မျက်စိကျလျက်ရှိလို့နေပါတယ်။

Photo Credit : Getty Images

ဆောင်းရာသီစျေးကွက် စတင်ဖွင့်လှစ်ချိန်ကနေ အာဆင်နယ် ချယ်လ်ဆီး စပါးအသင်းတွေနဲဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လို့ရှိနေတဲ့ လူမာဟာ အခုအခါမှာ ဝုလ်ဗ်အသင်းနဲ့ အံ့အားသင့်စဖွယ် သတင်းထွက်လာခဲ့ရပြီး လက်ရှိမှာ ဝုလ်ဗ်ကတောင် လူမာကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံးအသင်း ဖြစ်လို့နေရပါတယ်။ ဝုလ်ဗ်အသင်းဟာ လူမာရဲ့အေးဂျင့်ဖြစ်သူ နာမည်ကျော် စူပါအေးဂျင့် ဂျော့မန်ဒက်နဲ့ ရင်းနှီးကျွမ်းဝင်လှတဲ့ ဆက်ဆံရေးကောင်းတစ်ခု ရှိနေတဲ့အပြင် အသင်းဆီကိုလည်း ရာအူးဂျီမီနက်ဇ် ဒီယေဂိုဂျိုတာ ဂျော်နီအော်တိုတို့လို ကစားသမားကောင်းတွေ ခေါ်ဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလည်း လူမာကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့ရတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူ ကူထရိုနီကို ဖီအိုရင်တီးနားအသင်းဆီ ၁၈လတာ အငှားချခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် လူမာကို ကနဦးကမ်းလှမ်းချက်အဖြစ် ရာသီကုန်အငှားနဲ့ စတင်ကမ်းလှမ်းမှာဖြစ်ပြီး အငှားသက်တမ်းပြည့်ချိန်မှသာ အပြီးသတ်ခေါ်ယူမယ်လို့ သိရှိရပါတယ်။