MySport Myanmar

ချယ်လ်ဆီးနဲ့ here we go ထားတဲ့ ပီဒရို လီမာကို ကြားဖြတ် ခေါ်ယူနိုင်ခဲ့တဲ့ ဝုလ်ဗ်

ဝုလ်ဗ်အသင်းကတော့ ချယ်လ်ဆီးအသင်းနဲ့ here we go ထားခဲ့ပြီး ချယ်လ်ဆီးဆီကို ရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ ဘရာဇီးလ် ဆယ်ကျော်သက် ညာနောက်ခံကစားသမားလေး ပီဒရို လီမာကို ကြားဖြတ် ခေါ်ယူသွားနိုင်ခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ လူငယ် နောက်ခံကစားသမားလေး လီမာဟာ ဘရာဇီးလ်ကလပ် စပေါ့ ရီဆိုက်ဖ်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘရာဇီးလ် ယူ-၁၇ ကစားသမားလေးဖြစ်ပြီး မကြာသေးခင်ကတော့ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ပါသေးတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ထားတဲ့ BlueCo က အခုလို အရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေကို ခေါ်ယူပြီး ချယ်လ်ဆီးမှာ အသုံးမပြုခင် သူတို့ ပိုင်ဆိုင်ထားတဲ့ လီဂူးကလပ် စထရာဘိုးအသင်းဆီ အငှားချတာမျိုးတွေ လုပ်ဆောင်တက်သလို အခုလည်း လီမာကို ခေါ်ယူပြီးတာနဲ့ စထရာဘိုးဆီ ပို့ဆောင်ဖို့ စီစဉ်ထားရင်းကနေ အစီအစဉ် ပျက်သွားခဲ့ရပါတယ်။

ဝုလ်ဗ်အသင်းက ချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ ပီဒရို လီမာကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ လီမာအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၀)သန်းနဲ့ ခေါ်ယူဖို့ စပေါ့ ရီဆိုက်ဖ်အသင်းနဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ဝုလ်ဗ်က လီမာကို (၅)နှစ်+(၁)နှစ်သက်တမ်းရှိ စာချုပ်ပါ ချုပ်ဆိုဖို့လည်း ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပါတယ်။

Photo Credit : Esportes DP

ကစားသမားလေးက မကြာခင်မှာပဲ ဝုလ်ဗ်အသင်းနဲ့ ဆေးစစ်မှုတွေ ခံယူသွားတော့မှာဖြစ်ပြီး လက်ရှိမှာ လီမာရဲ့ အသက်က (၁၇)နှစ်သာ ရှိနေသေးတဲ့အတွက် ဝုလ်ဗ်အသင်းကြီးနဲ့တော့ လာမယ့် ၂၀၂၅ခုနှစ်မှ စတင် ပူးပေါင်းနိုင်မှာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးကတော့ ညာခြမ်းခံစစ်နေရာအတွက် ရေရှည်စီမံကိန်းနဲ့ ခေါ်ယူမယ့် ကစားသမားလေးတစ်ဦးကို ကြားဖြတ်လုခံလိုက်ရပြီဖြစ်လို့ တခြား ကစားသမားတွေကိုသာ ဆက်လက် ပစ်မှတ်ထားလာနိုင်ပြီး မကြာသေးခင်ကတော့ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းကနေ ဘရာဇီးလ် လူငယ်တောင်ပံကစားသမားလေး အက်စတာဗို ဝီလီယံစ်ကို ခေါ်ယူထားကာ အသင်းနဲ့ ၂၀၂၅ခုနှစ်မှပဲ စတင် ပူးပေါင်းဖြစ်ပါလာလိမ့်မယ်။

Exit mobile version