ၿပီးခဲ့တဲ႔ေႏြေစ်းကြက္တုန္းကမွ ေအစီမီလန္အသင္းကေန ဝုလ္ဗ္အသင္းဆီကုိ အံ့အားသင့္စဖြယ္ ေျပာင္းေရႊ႕လာခဲ႔တဲ႔ အီတလီတုိက္စစ္မွဴး ပက္ထရစ္ကူထရုိနီဟာ အဂၤလန္ေျမမွာ ဘယ္လုိမွေျခစြမ္းျပႏုိင္ျခင္းမရွိသလုိ ပြဲထြက္ကစားခြင့္ေတြကလည္း နည္းပါးေနရတာေၾကာင့္ အခုေဆာင္းရာသီေစ်းကြက္မွာပဲ စီးရီးေအကလပ္ ဖီအုိရင္တီးနားအသင္းဆီကုိ ၁၈လတာ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ႔ၿပီး အငွားစာခ်ဳပ္ ျပည့္ေျမာက္ခ်ိန္မွာ အၿပီးသတ္ေျပာင္းေရႊ႕ဖုိ႔ ရွိေနတယ္လုိ႔ သိရပါတယ္။

Photo Credit : Getty Images

အသက္၂၂ႏွစ္အရႊယ္သာရွိေသးတဲ႔ ကူထရုိနီဟာ ေအစီမီလန္အကယ္ဒမီကေန ထြက္ေပၚလာတဲ႔ အီတလီတုိက္စစ္ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဇူလုိင္၃၀ရက္ေန႔ကမွ ဝုလ္ဗ္အသင္းဆီကုိ ယူရုိ၁၈သန္း ၄ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ႔ရတာျဖစ္ပါတယ္။ ကူထရုိနီဟာ ဝုလ္ဗ္အသင္းအတြက္ ၿပိဳင္ပြဲစုံ၂၄ပြဲအထိ ပါဝင္ကစားထားေပးခဲ႔ေပမယ့္ သြင္းဂုိးက ၃ဂုိးပဲရယူႏုိင္ခဲ႔သလုိ ပြဲအမ်ားစုမွာကလည္း ရာအူးဂ်ီမီနက္ဇ္ ဒီေယဂုိဂ်ိဳတာတုိ႔ရဲဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္သာ ပါဝင္ခဲ႔ရတာျဖစ္တာေၾကာင့္ အခုလုိ ဖီအုိရင္တီးနားအသင္းဆီ အငွားနဲ႔ ျပန္လည္ေျပာင္းေရႊ႕လုိက္ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ကူထရုိနီဟာ ဝုလ္ဗ္အသင္းအတြက္ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၁၂ပြဲအထိ ပါဝင္ကစားခဲ႔ရေပမယ့္လည္း ၃ပြဲသာ ပြဲထြက္ကစားခဲ႔ရသလုိ လိဂ္သြင္းဂုိးကလည္း ၂ဂုိးပဲ ရယူႏုိင္ခဲ႔ပါတယ္။ ကူထရုိနီအျပင္ ဒီရာသီမွာ ဝုလ္ဗ္အသင္း ရီးရဲလ္မက္ဒရစ္အသင္းငကေန တစ္ရာသီအငွားနဲ႔ ေခၚယူထားတဲ႔ ေနာက္ခံကစားသမား ဗယ္လီဂ်ဳိမွာလည္း အသင္းမွာ ေနရာေပ်ာက္ဆုံးေနတာေၾကာင့္ အငွားစာခ်ဳပ္မျပည့္ခင္မွာ ရီးရဲလ္အသင္းဆီ ျပန္လည္ပုိ႔ေဆာင္ဖြယ္ရွိေနပါတယ္။ ကူထရုိနီကုိ ေခၚယူႏုိင္ခဲ႔တဲ႔ ဖီအုိရင္တီးနားအသင္းကေတာ့ ဒီရာသီ အီတလီစီးရီးေအၿပိဳင္ပြဲအတြင္းမွာ ရလဒ္ဆုိးေတြနဲ႔ အေတာ္ေလး ရုန္းကန္ေနရခဲ႔ၿပီး ၈ပြဲေလာက္အထိကုိ ႏုိင္ပြဲေတြ ဆက္တုိက္ေပ်ာက္ဆုံးေနရခဲ႔ကာ စီးရီးေအအမွတ္ေပးဇယားရဲ႕အဆင့္၁၅ေနရာမွာေတာင္ ေရာက္ရွိေနခဲ႔ရလုိ႔ အခုလုိ ကူထရီုနီကုိ ပုိင္ဆုိင္ခဲ႔တာက အသင္းအတြက္ ေက်နပ္စရာ ျဖစ္လာႏုိင္ပါတယ္။ ကူထရိုနီနဲ႔ လက္တြဲျဖဳတ္ခဲ႔လုိက္တဲ႔ ဝုလ္ဗ္အသင္းကေတာ့ လက္ရွိ ပရီးမီးယားလိဂ္မွာလည္း အေျခအေနေကာင္းတစ္ခုကုိ ပုိင္ဆုိင္ထားခဲ့ၿပီး ယူရုိပါလိဂ္မွာလည္း ေနာက္တစ္ဆင့္တတ္ထားတာျဖစ္လုိ႔ ကူထရုိနီေနရာမွာ အစားထုိးမႈေတာ့ ျပဳလုပ္ဖြယ္မရွိေသးဘူးလုိ႔ ယူဆမိပါတယ္။

(Unicode)

ဝုလ်ဗ်မှာ (၅)လပဲ ကစားခဲ့ရပြီး အီတလီမြေကို ပြန်သွားခဲဲ့ရတဲဲ့ မီလန်တိုက်စစ်မှူးဟောင်း

ပြီးခဲ့တဲ့နွေစျေးကွက်တုန်းကမှ အေစီမီလန်အသင်းကနေ ဝုလ်ဗ်အသင်းဆီကို အံ့အားသင့်စဖွယ် ပြောင်းရွှေ့လာခဲ့တဲ့ အီတလီတိုက်စစ်မှူး ပက်ထရစ်ကူထရိုနီဟာ အင်္ဂလန်မြေမှာ ဘယ်လိုမှခြေစွမ်းပြနိုင်ခြင်းမရှိသလို ပွဲထွက်ကစားခွင့်တွေကလည်း နည်းပါးနေရတာကြောင့် အခုဆောင်းရာသီစျေးကွက်မှာပဲ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဆီကို ၁၈လတာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာ အပြီးသတ်ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Getty Images

အသက်၂၂နှစ်အရွှယ်သာရှိသေးတဲ့ ကူထရိုနီဟာ အေစီမီလန်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အီတလီတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ဇူလိုင်၃၀ရက်နေ့ကမှ ဝုလ်ဗ်အသင်းဆီကို ယူရို၁၈သန်း ၄နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။ ကူထရိုနီဟာ ဝုလ်ဗ်အသင်းအတွက် ပြိုင်ပွဲစုံ၂၄ပွဲအထိ ပါဝင်ကစားထားပေးခဲ့ပေမယ့် သွင်းဂိုးက ၃ဂိုးပဲရယူနိုင်ခဲ့သလို ပွဲအများစုမှာကလည်း ရာအူးဂျီမီနက်ဇ် ဒီယေဂိုဂျိုတာတို့ရဲဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်တာကြောင့် အခုလို ဖီအိုရင်တီးနားအသင်းဆီ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ကူထရိုနီဟာ ဝုလ်ဗ်အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ပွဲအထိ ပါဝင်ကစားခဲ့ရပေမယ့်လည်း ၃ပွဲသာ ပွဲထွက်ကစားခဲ့ရသလို လိဂ်သွင်းဂိုးကလည်း ၂ဂိုးပဲ ရယူနိုင်ခဲ့ပါတယ်။ ကူထရိုနီအပြင် ဒီရာသီမှာ ဝုလ်ဗ်အသင်း ရီးရဲလ်မက်ဒရစ်အသင်းငကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံကစားသမား ဗယ်လီဂျိုမှာလည်း အသင်းမှာ နေရာပျောက်ဆုံးနေတာကြောင့် အငှားစာချုပ်မပြည့်ခင်မှာ ရီးရဲလ်အသင်းဆီ ပြန်လည်ပို့ဆောင်ဖွယ်ရှိနေပါတယ်။ ကူထရိုနီကို ခေါ်ယူနိုင်ခဲ့တဲ့ ဖီအိုရင်တီးနားအသင်းကတော့ ဒီရာသီ အီတလီစီးရီးအေပြိုင်ပွဲအတွင်းမှာ ရလဒ်ဆိုးတွေနဲ့ အတော်လေး ရုန်းကန်နေရခဲ့ပြီး ၈ပွဲလောက်အထိကို နိုင်ပွဲတွေ ဆက်တိုက်ပျောက်ဆုံးနေရခဲ့ကာ စီးရီးအေအမှတ်ပေးဇယားရဲ့အဆင့်၁၅နေရာမှာတောင် ရောက်ရှိနေခဲ့ရလို့ အခုလို ကူထရီုနီကို ပိုင်ဆိုင်ခဲ့တာက အသင်းအတွက် ကျေနပ်စရာ ဖြစ်လာနိုင်ပါတယ်။ ကူထရိုနီနဲ့ လက်တွဲဖြုတ်ခဲ့လိုက်တဲ့ ဝုလ်ဗ်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာလည်း အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ယူရိုပါလိဂ်မှာလည်း နောက်တစ်ဆင့်တတ်ထားတာဖြစ်လို့ ကူထရိုနီနေရာမှာ အစားထိုးမှုတော့ ပြုလုပ်ဖွယ်မရှိသေးဘူးလို့ ယူဆမိပါတယ်။