MySport Myanmar

စပိန်နာမည်ကြီးနည်းပြ လိုပက်တီဂွီကို နည်းပြသစ် အဖြစ် ခန့်နိုင်ဖို့ နီးစပ်နေတဲ့ ဝုလ်ဗ်

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဝုလ်ဗ်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြချုပ်နေရာ အတွက် ဆီဗီးလားနဲ့ လမ်းခွဲထားတဲ့ စပိန်နာမည်ကြီးနည်းပြ လိုပက်တီဂွီကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Football သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ဝုလ်ဗ်က ဒီရာသီမှာ တောက်လျှောက် ဆိုသလို ရလဒ်ဆိုးတွေသာ ရခဲ့တာကြောင့် မကြာသေးမီကပဲ အသင်းရဲ့နည်းပြ ဘရူနို လေ့ဂ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဘရူနို လေ့ဂ် မရှိတော့တဲ့နောက် အသင်းရဲ့ လက်ထောက်နည်းပြ စတိဗ် ဒေးဗစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ ဆီဗီးလားနည်းပြဟောင်း လိုပက်တီဂွီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားနဲ့အတူ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ ဆီဗီးလားဟာ မထင်မှတ်ထားလောက်အောင် ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့်ပဲ ဆီဗီးလား ဘုတ်အဖွဲ့က လိုပက်တီဂွီကို ရာထူးကနေ မကြာမီကပဲ ထုတ်ပယ်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ လိုပက်တီဂွီက အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေပြီး ဝုလ်ဗ်ရဲ့ တာဝန်ရှိသူတွေက လိုပက်တီဂွီရဲ့ နည်းစနစ်တွေကို သဘောကျတာကြောင့် ဘရူနို လေ့ဂ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ချက်ချင်းပဲ လိုပက်တီဂွီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် လိုပက်တီဂွီက သူ့ဖခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အလုပ်သစ် လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် အခုချိန်မှာတော့ လိုပက်တီဂွီရဲ့ ဖခင်ဖြစ်သူဟာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာတာကြောင့် ဝုလ်ဗ်က လိုပက်တီဂွီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နောက်ထပ်တကြိမ် ထပ်မံ ကြိုးစားနေပြီး လိုပက်တီဂွီကလည်း ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ စိတ်ချရတာနဲ့ အသင်းသစ် တသင်းကို ကိုင်တွယ်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tele Football သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝုလ်ဗ်က လိုပက်တီဂွီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လိုပက်တီဂွီကလည်း ဝုလ်ဗ်ရဲ့ ကမ်းလှမ်းချက်တွေကို သဘောကျနေတာကြောင့် မကြာခင်မှာပဲ လိုပက်တီဂွီဟာ ဝုလ်ဗ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အခွင့်အလမ်း များနေကြောင်း သိရပါတယ်။

Exit mobile version