ပရီးမီးယားလိဂ် နောက်ဆုံး(၂)ပွဲဆက်တိုက် သွင်းဂိုးတောင်မရရှိပဲ ရှံးပွဲတွေဆက်နေရတဲ့ ဝုလ်ဗ်အသင်းနဲ့ ရမှတ်လိုအပ်ချက်တွေ မရှိတော့လို့ ဖိအားကင်းကင်းနဲ့ ကစားနေရတဲ့ အဲဗာတန်အသင်းတို့က ဒီနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)အဖြစ် ရင်ဆိုင်ကစားခဲ့ရပြီး အိမ်ရှင်ဝုလ်ဗ်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်ဝုလ်ဗ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ရာအူးဂျီမီနက်ဇ် ပိုဒန့်စ် နက်တို ဒိုဟာသီ နီးဗက်စ် ဒန်ဒွန်ကာ ဂျော်နီိ ဘိုလီ ကိုအာဒီ ဆာအိ ပက်ထရိုစီယိုတို့ ပါဝင်လာခဲ့ကာ မော်တင်ဟိုနဲ့ ထရာအိုရေးတို့ကို လူစာရင်းကနေ အနားပေးထားခဲ့ပါတယ်။ ဧည့်သည်အဲဗာတန်အသင်းဘက်မှာတော့ ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင် ဂေါ်ဒွန် ဆီဂတ်ဆန် တွမ်ဒေးဗီစ် ဝဲလ်ကော့ လေတန်ဘိန်းစ် မိုက်ကယ်ကိန်း မီနာ ဒစ်ဂ်နေးနဲ့ ပစ်ဖိုဒ့်တို့ ပါဝင်လာပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ဝုလ်ဗ်က တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ကာ ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဲဗာတန်ကတော့ ပုံမှန်လောက်သာ ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးလောက်မှာ ပိုဒန့်စ်ကြောင့် ဝုလ်ဗ်ကြောင့် ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဂျီမီနက်ဇ်က ပိတ်သွင်းနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီိး တစ်မိနစ်လောက်ပဲ ရှိသေးချိန်မှာ အိမ်ရှင်ဝုလ်ဗ်က နောက်ထပ်သွင်းဂိုးကို ထပ်မံပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ နက်တိုရဲ့ဖရီးကစ်ကနေတစ်ဆင့် ကွင်းလယ်လူဒန်ဒွန်ကာက အကောင်းဆုံးပုံစံနဲ့ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၇၄)မိနစ်မှာလည်း လူစားဝင် တိုက်စစ်ကစားသမား ဂျိုတာက နီးဗက်စ်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် တတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။