ဒီနေ့ ဇွန်လ(၂၇)ရက်နေ့ ညနေ(၆)နာရီအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)ရဲ့ တစ်ပွဲတည်းသောပွဲစဉ်အဖြစ် တန်းဆင်းဇုန်အတွင်းမှာ ရောက်ရှိလို့နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေအားကောင်းနေတဲ့ ဝုလ်ဗ်အသင်းတို့ ရင်ဆိုင်တွေ့ခဲ့ကြပြီး ဧည့်သည်ဝုလ်ဗ်အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဗီလာအသင်းဘက်မှာ ဆမန်သာ ဒေးဗစ် ဂရီးလစ် လုဇ် နာဘမ်ဘာ တိုင်ရုန်းမန်းစ် တားဂတ် ဟောက်စ် ကွန်ဆာ နိုင်လန် ဟာရီဟိန်းတို့ ပါဝင်လာခဲ့ကြပြီး ဧည့်သည်ဝုလ်ဗ်အသင်းကတော့ ဂျိုတာ ဂျီမီနက်ဇ် ဒိုရာသီ ဒန်ဒွန်ကာ နီဗက်စ် မော်တင်ဟို ဂျွန်နီ ဘိုလီ ကိုအာဒီ ဆေးစ် ပက်ထရစ်ဆီယိုတို့ ပါဝင်လာပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံးရဲ့ ကစားပုံတွေက စိတ်လှုပ်ရှားစရာမရှိပဲ အေးစက်စက်ဖြစ်နေရသလို ဗီလာဂိုးသမား နိုင်လန်ရဲ့ ဘောလုံးပေးပို့ပုံ ပေါ့ဆရာကနေ ဂျိုတာ အခွင့်အရေးရသွားခဲ့တာကို အသုံးမချနိုင်ခဲ့လောက်ပဲ ပထမပိုင်းအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးက ဂိုးပေါက်တစ်ကြိမ်စီပဲ တည့်မတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

နောက်ပိုင်းပွဲစဉ်တွေအတွင်း ဒုတိယပိုင်းမှ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အထူးသဖြင့် ထရာအိုရေး ဝင်ရောက်လာချိန်နောက်ပိုင်းမှ ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်နေတဲ့ ဝုလ်ဗ်ဟာ ဒီပွဲရဲ့ဒုတိယပိုင်းမှာလည်း ထရာအိုရေး လူစားဝင်လာပြီးနောက် (၂)မိနစ်အကြာမှာပဲ အဖွင့်ဂိုးစတင်ပိုင်ဆိုင်ခဲ့ကာ ကွင်းလယ်လူကစားသမား ဒန်ဒွန်ကာက သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသွင်းဂိုးနဲ့ပဲ ဝုလ်ဗ်တို့ နိုင်ပွဲဆက်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အထိတောင် မျှော်လင့်ချက်အားကောင်းလာခဲ့ရပါတယ်။