ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ အဆင့်(၇)ပြင်ပမှာ ရပ်တည်ရပြီး ဥရောပ ဘောလုံးပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့မယ်ဆိုရင် အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ရူဘင်နေးဗက်စ်ကို သေချာပေါက် လက်လွတ်သွားရနိုင်ပြီး နေးဗက်စ်ကိုယ်တိုင်ကလည်း သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ တစ်သင်းသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Barcelona are ready to launch a summer swoop for Wolves midfielder Ruben Neves

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ဟာ ပေါ်တိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီးတော့ ၂၀၁ရခုနှစ်မှာပဲ ပေါ်တိုကနေ ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ဝုလ်ဗ်အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထိပါ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နေးဗက်စ်ဟာ လက်ရှိမှာ ဝုလ်ဗ်နဲ့ (၅)ရာသီမြောက်ကို ဖြတ်သန်းနေရတာဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ်ထိ သက်တမ်းကျန်ရှိနေပေမယ့်လည်း ဝုလ်ဗ်အသင်းအနေနဲ့ ဒီရာသီမှာ ဥရောပဝင်ခွင့်တွေဖြစ်တဲ့ ချန်ပီယံလိဂ် ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ်တို့ကိုသာ လွဲချော်ခဲ့မယ်ဆိုရင်တော့ နေးဗက်စ်ကို ဆုံးရှုံးရဖို့က သေချာသလောက်နီးပါး ဖြစ်သွားနိုင်ပါတယ်။

Photo Credit : Metro

ဘောလုံးပေးပို့မှုတွေ visions တွေ အားကောင်းလာလှပြီး အဝေးကန်ချက်တွေနဲ့ပါ သွင်းဂိုးတွေ ရယူနိုင်သူဖြစ်တဲ့ နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းအတွက် ပွဲပေါင်း(၂၀၀)ကျော် ပါဝင်ကစားထားနိုင်သူဖြစ်ပြီး သွင်းဂိုး (၂၄)ဂိုးလည်း သွင်းယူထားသလို ဒီရာသီမှာလည်း ပွဲပေါင်း (၃၀)အထိ ပါဝင်ထားတဲ့အပြင် သွင်းဂိုး(၄)ဂိုးပါ သွင်းယူထားနိုင်ပါတယ်။ ကွင်းလယ်ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းပါ လိုက်ပါကစားနိုင်သူဖြစ်တဲ့ နေးဗက်စ်ကို လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေနဲ့အပြိုင် ဘာစီလိုနာအသင်းကပါ နေးဗက်စ်ကို အလိုရှိလာခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။ဒီအသင်း (၃)သင်းထဲမှာတော့ ယူနိုက်တက်အသင်းက နေးဗက်စ်ကို ပိုမိုအလိုရှိဆုံး အသင်းဖြစ်နေတဲ့အပြင် ယူနိုက်တက်မှာကလည်း နေးဗက်စ်ရဲ့ ပေါ်တူဂီအသင်းဖော်တွေဖြစ်တဲ့ ရော်နယ်လ်ဒို ဖာနန်ဒက်စ် ဒါလော့တို့ ရှိနေကြတဲ့အပြင် နေးဗက်ရဲ့ အေးဂျင့်က ရော်နယ်လ်ဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ပဲ ဖြစ်နေတာကြောင့် မန်ဒက်စ်အနေနဲ့ ရော်နယ်လ်ဒိုကို ယူနိုက်တက်မှာ ဆက်လက်ရှိနေဖို့ရော အသင်းဆီ နေးဗက်စိ ရောက်ရှိလာအောင်ပါ ဆောင်ရွှက်ပေးဖွယ် ရှိနေပါတယ်။