ဒီေန႔ ေဖေဖာ္ဝါရီလ ၂၂ရက္ေန႔ မႏၱေလးၿမိဳ႕ မႏၱလာသိရီအားကစားကြင္းအတြင္း ယွဥ္ၿပိဳင္က်င္းပခဲ႔တဲ႔ WLC Mighty Warriors လက္ေဝွ႔ၿပိဳင္ပြဲႀကီးရဲ႕ ရလဒ္ေတြကုိ လက္ေဝွ႔အားကစားကုိ ဝါသနာပါသူေတြအတြက္ ေဖာ္ျပေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

ပထမဦးဆုံးအဖြင့္ပြဲျဖစ္တဲ႔ ေစာသားငယ္နဲ႔ ထြန္းမင္းႏုိင္တုိ႔ပြဲစဥ္မွာေတာ့ အမွတ္ေပးဒုိင္၃ဦးမွာ ဒုိင္၂ဦးရဲ႕ ေရြးခ်ယ္မႈနဲ႔ ထြန္းမင္းႏိုင္က အမွတ္နဲ႔ အႏိုင္ရခဲ႔ပါတယ္။

ဒုတိယပြဲစဥ္ လုိက္ေဝါလ္တာဝိတ္တန္းပြဲမွာေတာ့ ေစာမင္းမင္းက ေစာဒါဝိတ္ကုိ အမွတ္နဲ႔ အႏုိင္ယူသြားခဲ႔ၿပီး ရွုံးပြဲမရွိေသးတဲ႔ မွတ္တမ္းေကာင္းကုိ ဆက္လက္ေရးထုိးႏုိင္ခဲ့ပါတယ္။

တတိယပြဲ လုိက္ဝိတ္ပြဲစဥ္မွာေတာ့ ေဒါင္းျဖဴနဲ႔ထူးေနသူတုိ႔ ေတြ႕ဆုံခဲ႔ၿပီး ေဒါင္းျဖဴက ဒုိင္၃ဦးလုံးရဲ႕ ေရြးခ်ယ္မႈျဖင့္ အမွတ္နဲ႔ ႏုိင္ပြဲရသြားခဲ႔ပါတယ္။

ႏုိင္ငံျခားသားခ်င္းခ်င္း ထုိးသတ္ၾကတဲ႔ ကေမာၻဒီးယားႏုိင္ငံသား ပစ္ခ္ထဲခမန္းနဲ႔ ဗီယက္နမ္ႏုိင္ငံသား ငုယင္ထရန္ဒူးနတ္တုိ႔ပြဲမွာေတာ့ ပထမအခ်ီမွာပဲ အလဲထုိးၿပီးအႏုိင္ယူခဲ႔ပါတယ္။

ပြဲေကာင္းတစ္ပြဲျဖစ္ခဲ႔တဲ႔ ရန္ႏုိင္ထြန္းနဲ႔ ေစာဘဦးတုိ႔ပြဲက ေတာ္ေတာ္ေလးကုိ အႀကိတ္အနယ္ရွိခဲ႔ၿပီး ရန္ႏုိင္ဦးက အမွတ္နဲ႔ အႏုိင္ရခဲ႔ပါတယ္။

ေရႊရာမာန္နဲ႔ ယူကရိန္းႏိုင္ငံသား ဆာရွာမြိဳင္ဆာတုိ႔ပြဲမွာေတာ့ ဆာရွာက တတိယအခ်ီမွာ အလဲထုိးၿပီး အႏုိင္ယူခဲ႔ပါတယ္။

ေနာက္ဆုံး Main Event ပြဲႀကီးတစ္ပြဲျဖစ္တဲ႔ ေစာထူးေအာင္နဲ႔ ေပၚတူဂီႏုိင္ငံသား အန္တုိနီယာဖာရာတုိ႔ရဲ႕ လုိက္ဝယ္လ္သာဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲမွာေတာ့ အန္တုိတီယာဖာရာက တတိယအခ်ီမွာ အလဲထုိးၿပီး ခ်န္ပီယံဆုကုိ ရရွိပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။

(Unicode)

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့ မန္တလေးမြို့ မန္တလာသိရီအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကျင်းပခဲ့တဲ့ WLC Mighty Warriors လက်ဝှေ့ပြိုင်ပွဲကြီးရဲ့ ရလဒ်တွေကို လက်ဝှေ့အားကစားကို ဝါသနာပါသူတွေအတွက် ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

ပထမဦးဆုံးအဖွင့်ပွဲဖြစ်တဲ့ စောသားငယ်နဲ့ ထွန်းမင်းနိုင်တို့ပွဲစဉ်မှာတော့ အမှတ်ပေးဒိုင်၃ဦးမှာ ဒိုင်၂ဦးရဲ့ ရွေးချယ်မှုနဲ့ ထွန်းမင်းနိုင်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယပွဲစဉ် လိုက်ဝေါလ်တာဝိတ်တန်းပွဲမှာတော့ စောမင်းမင်းက စောဒါဝိတ်ကို အမှတ်နဲ့ အနိုင်ယူသွားခဲ့ပြီး ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ရေးထိုးနိုင်ခဲ့ပါတယ်။

တတိယပွဲ လိုက်ဝိတ်ပွဲစဉ်မှာတော့ ဒေါင်းဖြူနဲ့ထူးနေသူတို့ တွေ့ဆုံခဲ့ပြီး ဒေါင်းဖြူက ဒိုင်၃ဦးလုံးရဲ့ ရွေးချယ်မှုဖြင့် အမှတ်နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

နိုင်ငံခြားသားချင်းချင်း ထိုးသတ်ကြတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ပစ်ခ်ထဲခမန်းနဲ့ ဗီယက်နမ်နိုင်ငံသား ငုယင်ထရန်ဒူးနတ်တို့ပွဲမှာတော့ ပထမအချီမှာပဲ အလဲထိုးပြီးအနိုင်ယူခဲ့ပါတယ်။

ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ရန်နိုင်ထွန်းနဲ့ စောဘဦးတို့ပွဲက တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး ရန်နိုင်ဦးက အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရွှေရာမာန်နဲ့ ယူကရိန်းနိုင်ငံသား ဆာရှာမွိုင်ဆာတို့ပွဲမှာတော့ ဆာရှာက တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူခဲ့ပါတယ်။

နောက်ဆုံး Main Event ပွဲကြီးတစ်ပွဲဖြစ်တဲ့ စောထူးအောင်နဲ့ ပေါ်တူဂီနိုင်ငံသား အန်တိုနီယာဖာရာတို့ရဲ့ လိုက်ဝယ်လ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ အန်တိုတီယာဖာရာက တတိယအချီမှာ အလဲထိုးပြီး ချန်ပီယံဆုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photos credit – WLC Facebook Page