ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း လက်ရှိ ဂျပန်ကလပ် ဗစ်ဆယ်လ် ကိုဘီ ကွင်းလယ်လူ အင်နီယေစတာက အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ မက်ဆီ ရှိပေမယ့်လည်း မအောင်မြင်တာကို အံ့သြမိပါတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လွန်ခဲ့တဲ့ (၂၀၀၅) ခုနှစ်ကနေ လက်ရှိအချိန်အထိ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ကစားလာခဲ့ပေမယ့် အရင်က ရရှိခဲ့ဖူးတဲ့ ကမ္ဘာ့ဖလား (၂) ကြိမ်က လွဲရင် မက်ဆီနဲ့ အတူ ကမ္ဘာ့ဖလား ဆုဖလားကို တစ်ကြိမ်မှ မရနိုင်သေးတာ ဖြစ်ပါတယ်။

Photo Credit: Goal

အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ (၁၉၇၈) ခုနှစ် နဲ့ (၁၉၈၆) ခုနှစ်မှာ ကမ္ဘာ့ဖလား (၂) ကြိမ် ရရှိခဲ့စဉ်ကတည်းက ကမ္ဘာ့ဖလားကို နောက်ထပ် တစ်ကြိမ်မှ မရနိုင်ခဲ့တော့တာပဲ ဖြစ်ပြီး ကိုပါ အမေရိက ဆုဖလားကိုကျတော့ (၁၄) ကြိမ်အထိ ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ အတူ (၁၃) နီးပါး တွဲကစားခဲ့ကြပြီး သူက အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ မက်ဆီ ရှိပေမယ့် အောင်မြင်မှု မရတာကို အံ့သြသင့်မိပါတယ်လို့ Ole သတင်းမှာ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

အင်နီယေစတာက “အာဂျင်တီးနားအသင်းမှာ ကစားသမားကောင်းတွေ ရှိကြတယ်။ သူတို့ အသင်းမှာ သိပ် ကောင်းတဲ့ ကစားသမားတွေ ရှိကြတာကို ကျွန်တော် အံ့အားသင့်မိပါတယ်။ ကျွန်တော့်အတွက် ဆိုရင်တော့ မက်ဆီက နံပါတ်တစ် ကစားသမားပါပဲ။ ဒါတောင်မှ သူတို့အသင်းက မအောင်မြင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ (၂၀၁၄) ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီအသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာဟာ အသေးအမွှားပါပဲ။ သေးငယ်တဲ့ ဖြစ်ရပ်က အသင်း တစ်သင်း ဒါမှမဟုတ်ရင် ကစားသမား တစ်ဦးအတွက် အရေးကြီးပါတယ်။ တကယ်လို့ သူတို့သာ နောက်ထပ်တစ်ပွဲ ကစားရမယ် ဆိုရင် ရလဒ် ပြောင်းလဲနိုင်ပါတယ်။ ဘာစီလိုနာအသင်းလည်း ဒီလိုပဲ မြင်တယ်။ ဘာလို့လဲဆိုရင် သူတို့နဲ့ အတူ မက်ဆီက အကြာကြီး ရှိနေခဲ့ပါပြီ”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။