ဒီနေ့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ Winter Transfer Market Deadline Day နေ့ဖြစ်တာကြောင့် တစ်နာရီခြားတစ်ခါ အပြောင်းအရွှေ့ပတ်သက်တဲ့ သတင်းထူးတွေကို MySport Myanmar ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒါကတော့ ဒီနေ့ညနေ ၉နာရီအထိ ရရှိထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်အမ်းအသင်းရဲ့ အသက်၂၀အရွှယ် လူငယ်ဂိုးသမားလေး နေသန်ဘစ်ရှော့ကို ၂နှစ်ခွဲစာချုပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပြီး ကစားသမားသစ် မိတ်ဆက်ပွဲကိုလည်း ဒီနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ပွတ်ကီနဲ့ မာတန်စ်တို့ကိုလည်း ပစ်မှတ်ထားလို့နေတယ်လို့ သတင်းတွေကနေ ဖော်ပြလျက်ရှိပါတယ်။

 

လမ်းပတ်အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် ကစားသမားသစ် မခေါ်ယူဖို့က သေချာသလောက်နီးပါးကို ရှိနေတဲ့အပြင် နာပိုလီတိုက်စစ်မှူး မာတန်စ်ကိုလည်း ခေါ်ယူမှာမဟုတ်သလို ဂျရှးကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူး ဗြိတိန်နာမည်ကျော် သတင်းထောက်တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။

အသင်းဟောင်းစပါးနဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်လျက်ရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ အခုဆောင်းရာသီစျေးကွက်မှာ စပါးအသင်းဆီကို ပြန်သွားဖွယ်လုံးဝမရှိပဲ အသင်းရဲ့ ကွင်းလယ်လူ ဝမ်ယာမာကိုသာ အသင်းကနေ ရောင်းထုတ်သွားဖွယ်သာ ရှိနေပါတယ်။

ဝီဂန်အသင်းမှာ ခြေစွမ်းပြသလို့နေတဲ့ အန်တွန်နီရော်ဘတ်ဆန်ကတော့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် ဆေးစစ်မှုတွေ ခံယူပြီးသွားခဲ့ပြီလို့ သိပ်မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်တော့နိုင်တော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်လာကြတဲ့ စီဒရစ်နဲ့ ပါဘလိုမာရီတို့ရဲ့ ကျောနံပါတ်တွေကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဆောင်သမ်တန်ကနေ ရောက်ရှိလာတဲ့ စီဒရစ်က ကျောနံပါတ်၁၇ကို ဝတ်ဆင်မှာဖြစ်ကာ ပါဘလိုမာရီက ၂၂ကို ဝတ်ဆင်ရမယ်လို့ သိရပါတယ်။

(Zawgyi)

အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ရဲ႕ ေနာက္ဆုံးရ အေျပာင္းအေရႊ႕သတင္းမ်ားစုစည္းမႈ

ဒီေန႔က ေဆာင္းရာသီေစ်းကြက္ရဲ႕ ေနာက္ဆုံးေန႔ Winter Transfer Market Deadline Day ေန႔ျဖစ္တာေၾကာင့္ တစ္နာရီျခားတစ္ခါ အေျပာင္းအေရႊ႕ပတ္သက္တဲ႔ သတင္းထူးေတြကုိ MySport Myanmar ပရိသတ္ေတြအတြက္ အဆက္မျပတ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။ ဒါကေတာ့ ဒီေန႔ညေန ၉နာရီအထိ ရရွိထားတဲ႔ သတင္းေတြပဲျဖစ္ပါတယ္။

မန္ခ်က္စတာယူနုိက္တက္အသင္းဟာ ေဆာက္အမ္းအသင္းရဲ႕ အသက္၂၀အရႊယ္ လူငယ္ဂုိးသမားေလး ေနသန္ဘစ္ေရွာ့ကုိ ၂ႏွစ္ခြဲစာခ်ဳပ္နဲ႔ အၿပီးသတ္ေခၚယူလုိက္ၿပီျဖစ္ၿပီး ကစားသမားသစ္ မိတ္ဆက္ပြဲကုိလည္း ဒီေန႔မွာ က်င္းပျဖစ္ခဲ႔ပါတယ္။ ဒါ့အျပင္ ယူႏုိက္တက္အသင္းဟာ တုိက္စစ္ပုိင္းအတြက္ ပြတ္ကီနဲ႔ မာတန္စ္တုိ႔ကုိလည္း ပစ္မွတ္ထားလုိ႔ေနတယ္လုိ႔ သတင္းေတြကေန ေဖာ္ျပလ်က္ရွိပါတယ္။

လမ္းပတ္အေနနဲ႔ ခ်ယ္လ္ဆီးအသင္းအတြက္ ကစားသမားသစ္ မေခၚယူဖုိ႔က ေသခ်ာသေလာက္နီးပါးကုိ ရွိေနတဲ့အျပင္ နာပုိလီတုိက္စစ္မွဴး မာတန္စ္ကုိလည္း ေခၚယူမွာမဟုတ္သလုိ ဂ်ရွးကုိလည္း အသင္းကေန ထြက္ခြာခြင့္ေပးမွာမဟုတ္ဘူး ၿဗိတိန္နာမည္ေက်ာ္ သတင္းေထာက္တစ္ဦးက ေဖာ္ျပလာခဲ႔ပါတယ္။

အသင္းေဟာင္းစပါးနဲ႔ သတင္းေတြ ျပန္လည္ထြက္ေပၚလ်က္ရွိတဲ႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ အခုေဆာင္းရာသီေစ်းကြက္မွာ စပါးအသင္းဆီကုိ ျပန္သြားဖြယ္လုံးဝမရွိပဲ အသင္းရဲ႕ ကြင္းလယ္လူ ဝမ္ယာမာကုိသာ အသင္းကေန ေရာင္းထုတ္သြားဖြယ္သာ ရွိေနပါတယ္။

ဝီဂန္အသင္းမွာ ေျခစြမ္းျပသလုိ႔ေနတဲ႔ အန္တြန္နီေရာ္ဘတ္ဆန္ကေတာ့ ေအစီမီလန္အသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔အတြက္ ေဆးစစ္မႈေတြ ခံယူၿပီးသြားခဲ႔ၿပီလုိ႔ သိပ္မၾကာခင္မွာပဲ အေျပာင္းအေရႊ႕ကုိ အၿပီးသတ္ေတာ့ႏုိင္ေတာ့မွာျဖစ္ပါတယ္။

 

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံကစားသမားေတြျဖစ္လာၾကတဲ႔ စီဒရစ္နဲ႔ ပါဘလုိမာရီတုိ႔ရဲ႕ ေက်ာနံပါတ္ေတြကုိ ထုတ္ျပန္ေၾကညာလုိက္ၿပီျဖစ္ပါတယ္။ ေဆာင္သမ္တန္ကေန ေရာက္ရွိလာတဲ့ စီဒရစ္က ေက်ာနံပါတ္၁၇ကုိ ဝတ္ဆင္မွာျဖစ္ကာ ပါဘလုိမာရီက ၂၂ကုိ ဝတ္ဆင္ရမယ္လုိ႔ သိရပါတယ္။