ဒီနေ့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ Winter Transfer Market Deadline Day နေ့ဖြစ်တာကြောင့် တစ်နာရီခြားတစ်ခါ အပြောင်းအရွှေ့ပတ်သက်တဲ့ သတင်းထူးတွေကို MySport Myanmar ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒါကတော့ ဒီနေ့ညနေ ၈နာရီအထိ ရရှိထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
အသင်းရဲ့နောက်ခံကစားသမား ရိုင်ယန်ဘန်နန် လက်စတာအသင်းဆီ လက်လွတ်ခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ ရော့ဒေးလ်အသင်းရဲ့ နောက်ခံကစားသမား လုခ်မက်သီဆန်ကို အစားထိုးခေါ်ယူဖို့ အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ဒီလူငယ်ကစားသမားလေး ယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲမှာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ တိုက်စစ်ကစားသမား ဂျိမ်းစ်ဝီလ်ဆင်ဟာ အဘာဒင်းအသင်းကနေ အင်္ဂလန်လိဂ်တူးကလပ်အသင်း ဆဲလ်ဖိုဒ့်အသင်းဆီကို ၁၈လတာအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။
ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အလွန်နီးစပ်လျက်ရှိနေတဲဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား အမ်မရီချန်ကို ကြားဖြတ်ခေါ်ယူဖို့အတွက် စပါးအသင်းဘက်ကနေ ကြိုးစားလာခဲ့ပြီး ရာသီကုန်အငှားစာချုပ်နဲ့သာ ကမ်းလှမ်းမှာဖြစ်ကာ ဒဏ်ရာရနေတဲ့ ဆစ်ဆိုခိုနေရာအတွက် အစားထိုးဖွယ်ရှိပါတယ်။
ဘရိုက်တန်အသင်းဟာ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း သူရဲ့ချယ်လ်ဆီးစီနီယာကစားသမားဘဝ ပွဲဦးထွက်အဖြစ် ကစားခွင့်ရခဲ့သူ လူငယ်ညာနောက်ခံကစားသမားလေး လမ်တေးဟာ ဘရိုက်တန်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အလွန်နီးစပ်လျက်ရှိနေပါတယ်။
တရုတ်စူပါလိဂ်မှာ ပါဝင်ကစားနေသူဖြစ်တဲ့ အသက်၂၃နှစ်အရွှယ် တိုက်စစ်ကစားသမား ရစ်ချာရီယိုဇစ်ကိုဗစ်ဟာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြသလို့နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဇစ်ကိုဗစ်ဟာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ယက်တိုင်းအသင်းအတွက် ၁၉ပွဲမှာ ၁၂ဂိုးထိတောင် သွင်းယူထားသူလည်းဖြစ်ပါတယ်။
(Zawgyi)
အပြောင်းအရွှေ့နောက်ဆုံးနေ့ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများစုစည်းမှု
ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အလွန်နီးစပ်လျက်ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား အမ်မရီချန်ကို ကြားဖြတ်ခေါ်ယူဖို့အတွက် စပါးအသင်းဘက်ကနေ ကြိုးစားလာခဲ့ပြီး ရာသီကုန်အငှားစာချုပ်နဲ့သာ ကမ်းလှမ်းမှာဖြစ်ကာ ဒဏ်ရာရနေတဲ့ ဆစ်ဆိုခိုနေရာအတွက် အစားထိုးဖွယ်ရှိပါတယ်။