ဒီနေ့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ Winter Transfer Market Deadline Day နေ့ဖြစ်တာကြောင့် တစ်နာရီခြားတစ်ခါ အပြောင်းအရွှေ့ပတ်သက်တဲ့ သတင်းထူးတွေကို MySport Myanmar ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒါကတော့ ဒီနေ့ညနေ ရနာရီအထိ ရရှိထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

စတီဗင်ဂျရတ် ကိုင်တွယ်လို့နေတဲ့ ရိန်းဂျားစ်အသင်းဟာ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်တို့ကနေ စိတ်ဝင်စားလို့နေတဲ့ ရိုမေးနီးယား တိုက်စစ်ကစားသမားလေးကို လန်းနစ်ဟာဂျီကို KRC ဂျန့်အသင်းကနေ ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုလက်သစ်လို့ တင်စားခေါ်ဆိုခံထားရတဲ့ စပို့တင်းဘရာဂါအသင်းရဲ့ ပေါ်တူဂီတောင်ပံကစားသမားလေး ဖရန်ဆစ်စကိုထရင်ကာအိုကို ခေါ်ယူလိုက်နိုင်ခဲ့ပြီ ဘာစီလိုနာအသင်းရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား လာမယ့်ဘောလုံးရာသီမှသာ ဘာစီလိုနာနဲ့ လာရောက်ပူးပေါင်းမှာပဲဖြစ်ပါတယ်။

တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့အတွက် မသေမချာဖြစ်နေသေးတာကြောင့် အသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူးကြီး အိုလီဗာဂျရှးကို အသင်းကနေ ထွက်ခွာခွင့်မပေးသေးပဲ တိုက်စစ်ကစားသမား မခေါ်ယူနိုင်ခဲ့ရင်တော့ အသင်းမှာပဲ ဆက်လက်ထားရှိထားဖွယ်ရှိနေပါတယ်။

တိုက်စစ်မှူးတစ်ယောက် ထပ်မံခေါ်ယူဖို့အတွက် ကြိုးပမ်းလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဒင်နီအင့်စ်ကိုခေါ်ယူဖို့အတွက် ချိတ်ဆက်ခဲ့ပေမယ့်လည်း ဆောက်သမ်တန်အသင်းကတော့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ယာနစ်ကာရက်စ်ကိုကို တရုတ်စူပါလိဂ်ကနေ အသင်းဆီ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီလုုိ့ သိရှိရပါတယ်။

(Zawgyi)

အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ရဲ႕ ေနာက္ဆုံးရ အေျပာင္းအေရႊ႕သတင္းမ်ားစုစည္းမႈ

 

ဒီေန႔က ေဆာင္းရာသီေစ်းကြက္ရဲ႕ ေနာက္ဆုံးေန႔ Winter Transfer Market Deadline Day ေန႔ျဖစ္တာေၾကာင့္ တစ္နာရီျခားတစ္ခါ အေျပာင္းအေရႊ႕ပတ္သက္တဲ႔ သတင္းထူးေတြကုိ MySport Myanmar ပရိသတ္ေတြအတြက္ အဆက္မျပတ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။ ဒါကေတာ့ ဒီေန႔ညေန ၇နာရီအထိ ရရွိထားတဲ႔ သတင္းေတြပဲျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ ကုိင္တြယ္လုိ႔ေနတဲ႔ ရိန္းဂ်ားစ္အသင္းဟာ ဘာစီလုိနာ ရီးရဲလ္မက္ဒရစ္တုိ႔ကေန စိတ္ဝင္စားလုိ႔ေနတဲ႔ ရုိေမးနီးယား တုိက္စစ္ကစားသမားေလးကုိ လန္းနစ္ဟာဂ်ီကုိ KRC ဂ်န္႔အသင္းကေန ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ခဲ႔ပါတယ္။

ေရာ္နယ္ဒုိလက္သစ္လုိ႔ တင္စားေခၚဆုိခံထားရတဲ႔ စပုိ႔တင္းဘရာဂါအသင္းရဲ႕ ေပၚတူဂီေတာင္ပံကစားသမားေလး ဖရန္ဆစ္စကုိထရင္ကာအုိကုိ ေခၚယူလုိက္ႏုိင္ခဲ႔ၿပီ ဘာစီလုိနာအသင္းရဲ႕ တြစ္တာစာမ်က္ႏွာေပၚကေန တရားဝင္ထုတ္ျပန္ေၾကညာသြားခဲ႔ပါတယ္။ ဒါေပမယ့္ ကစားသမား လာမယ့္ေဘာလုံးရာသီမွသာ ဘာစီလုိနာနဲ႔ လာေရာက္ပူးေပါင္းမွာပဲျဖစ္ပါတယ္။

တုိက္စစ္မွဴးသစ္ ေခၚယူႏုိင္ဖုိ႔အတြက္ မေသမခ်ာျဖစ္ေနေသးတာေၾကာင့္ အသင္းကေန ထြက္ခြာခ်င္ေနတဲ႔ တုိက္စစ္မွဴးႀကီး အုိလီဗာဂ်ရွးကုိ အသင္းကေန ထြက္ခြာခြင့္မေပးေသးပဲ တုိက္စစ္ကစားသမား မေခၚယူႏုိင္ခဲ႔ရင္ေတာ့ အသင္းမွာပဲ ဆက္လက္ထားရွိထားဖြယ္ရွိေနပါတယ္။

တုိက္စစ္မွဴးတစ္ေယာက္ ထပ္မံေခၚယူဖုိ႔အတြက္ ႀကိဳးပမ္းလ်က္ရွိေနတဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေဆာက္သမ္တန္အသင္းမွာ ေျခစြမ္းျပေနတဲ႔ အဂၤလန္တုိက္စစ္မွဴး ဒင္နီအင့္စ္ကုိေခၚယူဖုိ႔အတြက္ ခ်ိတ္ဆက္ခဲ႔ေပမယ့္လည္း ေဆာက္သမ္တန္အသင္းကေတာ့ ကမ္းလွမ္းမႈကုိ ပယ္ခ်သြားခဲ႔ပါတယ္။

အသက္လက္တီကုိမက္ဒရစ္အသင္းဟာ သူတုိ႔အသင္းရဲ႕ကစားသမားေဟာင္းျဖစ္တဲ႔ ကြင္းလယ္တုိက္စစ္ကစားသမား ယာနစ္ကာရက္စ္ကုိကုိ တရုတ္စူပါလိဂ္ကေန အသင္းဆီ ျပန္လည္ေခၚယူႏုိင္ခဲ့ၿပီလုုိ႔ သိရွိရပါတယ္။