ဒီနေ့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ Winter Transfer Market Deadline Day နေ့ဖြစ်တာကြောင့် တစ်နာရီခြားတစ်ခါ အပြောင်းအရွှေ့ပတ်သက်တဲ့ သတင်းထူးတွေကို MySport Myanmar ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒါကတော့ ဒီနေ့ညနေ ၉နာရီအထိ ရရှိထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ဝါရင့်ဂျပန်နောက်ခံကစားသမား မာယာယိုရှီဒါက ဆမ်ဒိုရီးယားအသင်းကို ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့အတွက် နီးစပ်လျက်ရှိနေပြီလို့ သိရပါတယ်။ ဆောက်သမ်တန်အသင်းဟာ ယိုရှီဒါမတိုင်ခင်က နောက်ထပ်ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ စီဒရစ်ကို အာဆင်နယ်အသင်းဆီ အငှားချခဲ့ပါသေးတယ်။

ဘုန်းမောက်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား ဂျိုရှအာကင်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းရဲ့ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူးအီဂါလိုကိုပဲ အငှားကမ်းလှမ်းမှုနဲ့ ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

စကော့တလန်အမှတ်ပေးလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းက နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယန်အက်စတုကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဘွန်ဒက်လီဂါမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်လျက်ရှိနေတဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းက မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား အိန်ဂျလီနိုကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိရာ မကြာခင်မှာ အပြောင်းအရွှေ့အပြီးသတ်နိုင်တော့မယ်လို့ သိရှိရပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဟားလ်စီးတီးအသင်းရဲ့ အသက်၂၃နှစ်အရွှယ် တိုက်စစ်ကစားသမား ဘိုဝင်ဟာ ဝက်စ်ဟမ်းထက် နယူးကာဆဲလ်ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွေ့ကစားလိုကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

(Zawgyi)

အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ရဲ႕ ေနာက္ဆုံးရ အေျပာင္းအေရႊ႕သတင္းမ်ားစုစည္းမႈ

ဒီေန႔က ေဆာင္းရာသီေစ်းကြက္ရဲ႕ ေနာက္ဆုံးေန႔ Winter Transfer Market Deadline Day ေန႔ျဖစ္တာေၾကာင့္ တစ္နာရီျခားတစ္ခါ အေျပာင္းအေရႊ႕ပတ္သက္တဲ႔ သတင္းထူးေတြကုိ MySport Myanmar ပရိသတ္ေတြအတြက္ အဆက္မျပတ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။ ဒါကေတာ့ ဒီေန႔ညေန ၁၁နာရီအထိ ရရွိထားတဲ႔ သတင္းေတြပဲျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းရဲ႕ဝါရင့္ဂ်ပန္ေနာက္ခံကစားသမား မာယာယုိရွီဒါက ဆမ္ဒုိရီးယားအသင္းကုိ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ကစားဖုိ႔အတြက္ နီးစပ္လ်က္ရွိေနၿပီလုိ႔ သိရပါတယ္။ ေဆာက္သမ္တန္အသင္းဟာ ယုိရွီဒါမတုိင္ခင္က ေနာက္ထပ္ခံစစ္မွဴးတစ္ေယာက္ျဖစ္တဲ႔ စီဒရစ္ကုိ အာဆင္နယ္အသင္းဆီ အငွားခ်ခဲ႔ပါေသးတယ္။

ဘုန္းေမာက္အသင္းရဲ႕ ေနာ္ေဝတုိက္စစ္ကစားသမား ဂ်ိဳရွအာကင္းကုိ ေခၚယူဖုိ႔အတြက္ ႀကိဳးပမ္းခဲ႔ေပမယ့္လည္း ေအာင္ျမင္ျခင္းမရွိခဲ႔တာေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ တရုတ္စူပါလိဂ္ကလပ္ ရွန္ဟုိင္းရွန္ဟြာအသင္းရဲ႕ ႏုိင္ဂ်ီးရီးယားလက္ေရြးစင္ တုိက္စစ္မွဴးအီဂါလုိကုိပဲ အငွားကမ္းလွမ္းမႈနဲ႔ ေခၚယူဖြယ္ရွိေနတယ္လုိ႔ သိရွိရပါတယ္။

စေကာ့တလန္အမွတ္ေပးလိဂ္ရဲ႕ လက္ရွိခ်န္ပီယံအသင္းျဖစ္တဲ့ ဆဲလ္တစ္အသင္းက နယူးကာဆဲလ္ယူႏုိက္တက္အသင္းရဲ႕ေတာင္ပံကစားသမား ခရစ္စတီယန္အက္စတုကုိ ေခၚယူဖုိ႔အတြက္ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္လာခဲ႔ပါတယ္။

ဘြန္ဒက္လီဂါမွာ ထိပ္ဆုံးေနရာကေန ဦးေဆာင္လ်က္ရွိေနတဲ႔ ရက္ဘူးလုိက္ပ္ဇစ္အသင္းက မန္စီးတီးအသင္းရဲ႕ ဘယ္ေနာက္ခံကစားသမား အိန္ဂ်လီႏုိကုိ ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႔ ေခၚယူဖုိ႔ ႀကိဳးပမ္းလ်က္ရွိရာ မၾကာခင္မွာ အေျပာင္းအေရႊ႕အၿပီးသတ္ႏုိင္ေတာ့မယ္လုိ႔ သိရွိရပါတယ္။

ဝက္စ္ဟမ္းယူႏုိက္တက္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚလုိ႔ေနတဲ႔ ဟားလ္စီးတီးအသင္းရဲ႕ အသက္၂၃ႏွစ္အရႊယ္ တုိက္စစ္ကစားသမား ဘုိဝင္ဟာ ဝက္စ္ဟမ္းထက္ နယူးကာဆဲလ္ယူႏုိက္တက္အသင္းဆီကိုသာ ေျပာင္းေရြ႕ကစားလုိေၾကာင္း ဖြင့္ဟေျပာဆုိလာခဲ့ပါတယ္။