ဒီနေ့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ Winter Transfer Market Deadline Day နေ့ဖြစ်တာကြောင့် တစ်နာရီခြားတစ်ခါ အပြောင်းအရွှေ့ပတ်သက်တဲ့ သတင်းထူးတွေကို MySport Myanmar ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒါကတော့ ဒီနေ့ညနေ ၉နာရီအထိ ရရှိထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းကောင်းတွေပြသထားနိုင်တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေအပြင် တခြားလိဂ်ကြီးတွေင အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ရတဲ့ ဝက်ဘရွန်းလူငယ်ကစားသမား နေသန်ဖာဂူဆန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ဆေးစစ်ရာ ဒူးနေရာမှာ ဒဏ်ရာအခြေအနေတွေ့နေတာကြောင့် အပြောင်းအရွေ့က ပျက်သွားဖွယ်ရှိနေပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ မန်စီးတီးအသင်းအတွက် ဘယ်ကစားသမားကိုမှ ခေါ်ယူသွားမှာမဟုတ်ဘူးလို့ အသင်းနည်းပြ ပတ်ဂွာဒီယိုလာက ထုတ်ဖော်ပြာဆိုလာခဲ့ပါတယ်။ လက်ရှိ မန်စီးတီးအသင်းမှာ ဆာနေး လာပေါ့တ်တို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ ကစားသမားသစ်ခေါ်ယူမှုကို လုပ်ဆောင်ဖို့ အစီအစဉ်မရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုဆောင်းရာသီစျေးကွက်အတွင်းမှာ အပြောင်းအရွှေ့သတင်းတွေ အတော်လေးလှုပ်ခတ်ခဲ့ရတဲ့ တိုက်စစ်မှူးကာဗာနီအနေနဲ့ ဒီစျေးကွက်အတွင်းမှာ ဘယ်အသင်းကိုမှ ပြောင်းရွှေ့တော့မှာဟုတ်ပဲ အသင်းမှာ ရာသီကုန်အထိ ဆက်လက်ရှိနေသွားလိမ့်မယ်လို့ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ပြောဆိုသွားခဲ့ပါတယ်။

ကစားသမားသစ်တွေကို များစွာခေါ်ယူလို့နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းကတော့ နောက်ထပ်လူခေါ်ယူမှုအဖြစ် လေဗာကူဆင်အသင်းက အသက်၂၁နှစ်အရွှယ် ရက်ဆိုကို ခေါ်ယူဖို့အတွက် ဆေးစစ်မှုအောင်မြင်သွားခဲ့ပြီဖြစ်ရာ မကြာခင်မှာပဲ တရားဝင်မိတ်ဆက်ဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားချင်တယ်လို့ တောင်းဆိုခဲ့ဖူးတဲ့ ဝါရင့်ဂျပန်ကစားသမားကြီး ဟွန်ဒါဟာ လက်ရှိကလပ်အသင်း ဗွီတက်ဆီကနေ ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

(Zawgyi)

အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ရဲ႕ ေနာက္ဆုံးရ အေျပာင္းအေရႊ႕သတင္းမ်ားစုစည္းမႈ

ဒီေန႔က ေဆာင္းရာသီေစ်းကြက္ရဲ႕ ေနာက္ဆုံးေန႔ Winter Transfer Market Deadline Day ေန႔ျဖစ္တာေၾကာင့္ တစ္နာရီျခားတစ္ခါ အေျပာင္းအေရႊ႕ပတ္သက္တဲ႔ သတင္းထူးေတြကုိ MySport Myanmar ပရိသတ္ေတြအတြက္ အဆက္မျပတ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။ ဒါကေတာ့ ဒီေန႔ညေန ၉နာရီအထိ ရရွိထားတဲ႔ သတင္းေတြပဲျဖစ္ပါတယ္။

ဒီႏွစ္ေဘာလုံးရာသီအတြင္း ေျခစြမ္းေကာင္းေတြျပသထားႏုိင္တာေၾကာင့္ ပရီးမီးယားလိဂ္အသင္းေတြအျပင္ တျခားလိဂ္ႀကီးေတြင အသင္းေတြကပါ စိတ္ဝင္စားလာခဲ႔ရတဲ႔ ဝက္ဘရြန္းလူငယ္ကစားသမား ေနသန္ဖာဂူဆန္ဟာ ခရစၥတယ္ပဲေလ့စ္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ အနီးစပ္ဆုံးျဖစ္ခဲ႔ေပမယ့္ ေဆးစစ္ရာ ဒူးေနရာမွာ ဒဏ္ရာအေျခအေနေတြ႕ေနတာေၾကာင့္ အေျပာင္းအေရြ႕က ပ်က္သြားဖြယ္ရွိေနပါတယ္။

အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔မွာ မန္စီးတီးအသင္းအတြက္ ဘယ္ကစားသမားကုိမွ ေခၚယူသြားမွာမဟုတ္ဘူးလုိ႔ အသင္းနည္းျပ ပတ္ဂြာဒီယုိလာက ထုတ္ေဖာ္ျပာဆုိလာခဲ႔ပါတယ္။ လက္ရွိ မန္စီးတီးအသင္းမွာ ဆာေနး လာေပါ့တ္တုိ႔ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္လုိ႔ ကစားသမားသစ္ေခၚယူမႈကုိ လုပ္ေဆာင္ဖုိ႔ အစီအစဥ္မရွိခဲ႔တာလည္းျဖစ္ပါတယ္။

အခုေဆာင္းရာသီေစ်းကြက္အတြင္းမွာ အေျပာင္းအေရႊ႕သတင္းေတြ အေတာ္ေလးလႈပ္ခတ္ခဲ႔ရတဲ႔ တုိက္စစ္မွဴးကာဗာနီအေနနဲ႔ ဒီေစ်းကြက္အတြင္းမွာ ဘယ္အသင္းကုိမွ ေျပာင္းေရႊ႕ေတာ့မွာဟုတ္ပဲ အသင္းမွာ ရာသီကုန္အထိ ဆက္လက္ရွိေနသြားလိမ့္မယ္လုိ႔ ပီအက္စ္ဂ်ီနည္းျပ ေသာမတ္စ္တူခ်ယ္က ေျပာဆုိသြားခဲ႔ပါတယ္။

ကစားသမားသစ္ေတြကုိ မ်ားစြာေခၚယူလုိ႔ေနတဲ႔ ရွက္ဖီးယူႏုိက္တက္အသင္းကေတာ့ ေနာက္ထပ္လူေခၚယူမႈအျဖစ္ ေလဗာကူဆင္အသင္းက အသက္၂၁ႏွစ္အရႊယ္ ရက္ဆုိကုိ ေခၚယူဖုိ႔အတြက္ ေဆးစစ္မႈေအာင္ျမင္သြားခဲ႔ၿပီျဖစ္ရာ မၾကာခင္မွာပဲ တရားဝင္မိတ္ဆက္ဖြယ္ရွိေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဆီကုိ ေျပာင္းေရႊ႕ကစားခ်င္တယ္လုိ႔ ေတာင္းဆုိခဲ႔ဖူးတဲ႔ ဝါရင့္ဂ်ပန္ကစားသမားႀကီး ဟြန္ဒါဟာ လက္ရွိကလပ္အသင္း ဗြီတက္ဆီကေန ဘရာဇီးကလပ္ ဘုိတာဖုိဂုိအသင္းဆီကုိ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ႔ပါတယ္။