အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြ တစ်ဦးဂဖြစ်သလို ကမ္ဘာ့ ဘောလုံး လောကမှာ ဩဇာ ကြီးမားတဲ့ ပြင်သစ်လူမျိုး နည်းပြ အာစင်ဝင်းဂါး ကတော့ ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲနိုင်တဲ့ အသင်းတွေဟာ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ဖြစ်တယ် လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Euro Sport

ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုကြောင့် ရပ်နားထားခဲ့ရတဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ယခုလ အတွင်းမှာ ပြန်လည် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းပြီးပြီ ဖြစ်တဲ့ အသင်းတွေ ရှိသလို ၁၆သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တချို့ဟာလည်း ကျန်ရှိ နေပါသေးတယ်။ အဆိုပါ လက်ကျန်ပွဲတွေထဲက မှ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲစဉ်တစ်ပွဲ အဖြစ် မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်က သတ်မှတ်ခံထားရပါတယ်။

Photo Credit: Euro Sport

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ ပွဲစဉ်တွေ အားလုံးကို တစ်ကျော့ထဲသာ ကစားကြရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်တွေကို ပေါ်တူဂီနိုင်ငံရဲ့ စပို့တင်းမြို့မှာ ကျင်းပ သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမှတ်ပေးပွဲတွေ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ကလပ်အသင်း အများစုဟာ အင်ပြည့်အားပြည့် ရှိနေကြပြီး ပွဲပန်းမှုဒဏ်တွေ မရှိတဲ့ အချိန်မှာ ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်မလဲ ဆိုတာဟာ ဘောလုံးပရိသတ်တွေ သိချင်နေကြတဲ့ အရာတစ်ခုပါပဲ။

Photo Credit: Euro Sport

ဝါရင့်နည်းပြကြီး ဖြစ်တဲ့ အာစင်ဝင်းဂါးကတော့ ယခုနှစ် ချန်ပီယံလိဂ်ဖလားကို မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ရယူ သွားနိုင်လိမ့်မယ်လို့ ထင်မြင်နေပြီး သူ့ရဲ့ ထင်မြင် ယူဆချက်ကို Europe 1 သတင်းဌာနဲ့ ဆုံတွေ့ချိန်မှာ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Euro Sport

” အတ္တလန်တာအသင်း ၊ အက်သလက်တီကို မက်ဒရစ် အသင်းတို့နဲ့ ယှဉ်ပြိုင် နေရတဲ့အချိန် မှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ပီအက်စ်ဂျီအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ သူတို့ရဲ့ အရည်အချင်းတွေ ကြောင့် ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေဆဲပါ။ သူတို့ဟာ လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်ကထက် ပိုပြီး အင်အား တောင့်တင်းနေတယ်လို့ ကျွန်တော် ခံစားနေရပါတယ် ”

Photo Credit: Euro Sport

” သူတို့တွေဟာ နေရာစုံမှာ အင်အား တောင့်တင်းတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ အင်အားကြီးသူတွေ အတွက် ပြိုင်ပွဲတစ်ခုပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရဖို့ဆိုတာဟာ အတော်လေးကို မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဖလားကို မရဖူးတာကြောင့် သူတို့ဟာ မရနိုင်ဘူးလို့ ကျွန်တော်တို့ ထင်လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ရီးရဲလ်မက်ဒရစ်အသင်းက ၁၀နှစ် ၊ ၁၅နှစ်လောက် ချန်ပီယံလိဂ်ဖလား မရခဲ့ပေမယ့် သူတို့ဟာ ၃ကြိမ်ဆက် ဗိုလ်စွဲခဲ့တာကြောင့်ပါ ”