ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်တဲ့ စမစ်ရိုဝီ ဟာ မကြာသေးခင် ရက်သတ္တပတ် အနည်းငယ်လောက်ကမှ အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားခွင့်ရရှိခဲ့တဲ့ ကစားသမားဖြစ်ပေမယ့်လည်း အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်သူ စမစ်ရိုဝီဟာ အာဆင်နယ် နည်းပြအာတီတာ ရဲ့ လက်အောက် ပထမအသင်းကြီး မှာ ပွဲထွက်ခွင့်ရပြီးတဲ့နောက် အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်းအနေနဲ့ စမစ်ရိုဝီ ကို စာချုပ်သစ် ချုပ်ဆိုဖို့ရာအတွက် ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Football London

ထိုကဲ့သို့ ခြေစွမ်းပြနေတဲ့ စမစ်ရိုဝီ အပေါ်ကို အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဂျက်ဝီလ်ရှိုင်းယားက အသင်းကနေ မထွက်ခွာခင်အချိန်တုန်းက စမစ်ရိုဝီဟာ “ထူးခြားမှု အနည်းငယ် ရှိတဲ့” ကစားသမားဆိုပြီး ချီးကျုး ပြောဆိုထားဖူးတာ ဖြစ်ပါတယ်။ စမစ်ရိုဝီ ဟာ အာဆင်နယ်အသင်းကြီးမှာ နေရာမရခင် လိုက်ပ်ဇစ် အသင်းနဲ့ ဟက်ဒါစ်ဖီးလ်ဒ် အသင်းတို့မှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဝီလ်ရှိုင်းယား ဟာ ၂၀၁၈ ဧပြီလတုန်းက စမစ်ရိုဝီနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားဖူးတာ ဖြစ်ပါတယ်။ “ သူ ပထမအသင်းနဲ့ ပွဲထွက်ကစားဖို့ လုပ်တော့ ဒါဟာ ကစားသမား အဖြစ်အသက်မွေးရုံတင် မကပဲ တကယ့် အခွင့်အရေး ရှိတဲ့ လူမျိုးရဲ့ လက္ခဏာမျိုးပါ၊ ဒါပေမယ့် ကျွန်တော် သိသလောက် ပြောရမယ်ဆိုရင် ဒီအသင်းမှာ ကစားရတာက ခက်ခဲပါတယ် ”

Photo Credit: Football London

“ နှစ်ပေါင်းများစွ ာကြာတာတောင် ကစားသမားကောင်းတွေ မပေါ်ထွန်းခဲ့တာကို ခင်ဗျား သိမှာပါ။ ဒါပေမယ့် သူက အနည်းငယ် ထူးခြားတဲ့ လူမျိုးပါ၊ ပြီးတော့ သူ့မှာ တကယ့် အခွင့်အရေး ရှိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စတားဟောင်း ဖြစ်တဲ့ ဂယ်ရီနဗီးလ် ကလည်း စမစ်ရိုဝီရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုထားပါတယ်။ “ သူက ခြောက်ပွဲထဲ ကစားရသေးတာပါ။ သူက လုံးဝ အတွေ့အကြုံ ရင့်ကျက်နေတဲ့ ကစားသမားတစ်ဦးလို ဖြစ်နေတာက လုံးဝ မယုံနိုင်စရာပါပဲ။ သူဘာလို့ အဲ့ဒီလောက် အတွေ့အကြုံ ရင့်ကျက်နေလဲ ဆိုတာ ကျွန်တော် တကယ်ကို မသိတော့ပါဘူး။ အဲ့ဒါက သူ ဟက်ဒါစ်ဖီးလ်ဒ် အသင်းကို အငှားနဲ့ သွားကစားခဲ့စဉ်က ခံနိုင်ရည်ရှိဖို့ နဲ့ တိုးတက်ဖို့ကို သင်ယူပြီးတော့ တည်ဆောက်နိုင်ဖို့ အခွင့်အရေး ရခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အာဆင်နယ် အသင်းမှာ ကောင်းကောင်း ကိုင်တွယ်နိုင်ပြီးတော့ တည်ဆောက်နိုင်မယ့် လူငယ် ကစားသမား အစုအဖွဲ့မျိုး ရှိနေပါတယ် ” လို့ ပြောဆို ချီးကျူးခဲ့ပါတယ်။