တချိန်က ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား တဦး ဖြစ်ခဲ့သူ ဝီလ်ရှိုင်းယား ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိစေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

အသက် ၂၉နှစ် အရွယ် ကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်ပြီး ပင်ကိုယ်ခြေစွမ်း ကောင်းမွန်ပေမယ့် ဒဏ်ရာပြဿနာ များပြားလွန်းတာကြောင့် လက်ရှိအချိန်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ မရှိသေးပါဘူး။

Photo Credit: Metro

ဒါကြောင့်ပဲ ဝီလ်ရှိုင်းယားဟာ သူ့ရဲ့ အားလပ်တဲ့ အချိန်တွေမှာ အင်တာဗျူးတွေ ဖြေဆိုနေတာ ဖြစ်ကာ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဝီလ်ရှိုင်းယားဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိမလဲ ဆိုတာ ခန့်မှန်း သုံးသပ်ခဲ့ရပါတယ်။

ဝီလ်ရှိုင်းယားက သူဟာ ယခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား ရစေချင်ပေမယ့် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကသာ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ဆိုပါတယ်။

Photo Credit: Metro

ယခုနှစ် ဘောလုံးရာသီမှာ ဘယ်အသင်းက ချန်ပီယံဖြစ်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဝီလ်ရှိုင်းယားက – “ဒီနှစ်လည်း မန်ချက်စတာ စီးတီးအသင်းပဲ ချန်ပီယံ ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်အသင်းကို ချန်ပီယံ ဖြစ်စေချင်ပေမယ့် သူတို့က ဒုတိယနဲ့ပဲ ကျေနပ်ရနိုင်ပါတယ်။ ဒါပြီးရင် ချယ်လ်ဆီးအသင်းက အဆင့် ၃နဲ့ လီဗာပူးက အဆင့် ၄ ရပါလိမ့်မယ်။ အာဆင်နယ်အသင်း ကတော့ အဆင့်၅နေရာမှာပဲ ရှိနိုင်ပြီး လက်စတာအသင်းက အဆင့်၆ပါ” လို့ ပြောဆိုခဲ့တာပါ။