စပိန်လာလီဂါရဲ့ ကလပ်အသင်းတစ်သင်း ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းရဲ့ အဓိက တို​က်စစ် ကစားသမားဖြစ်တဲ့ အသက်၂၅နှစ်အရွယ် ဝီလီယံဟာ ၂၀၁၆ခုနှစ်ကနေ အခုချိန်အထိ ဘီလ်ဘာအိုအသင်းအတွက် ပွဲတိုင်းပါဝင် ကစားပေးခဲ့ကာ သူ့ရဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းကို ဘီလ်ဘာအိုအသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဝီလီယံဟာ ဘီလ်ဘာအိုအသင်းရဲ့ အဓိက ကစားသမား ဖြစ်သလို သူ့ရဲ့ခြေစွမ်းကြောင့် ဥရောပ ထိပ်သီးအသင်းတွေရဲ့ စောင့်ကြည့်မှုကို မကြာခဏဆိုသလို ခံနေရသူပါ။

Photo Credit: Marca.com

စပိန်ဘောလုံးသတင်းတွေရဲ့ ဖော်ပြချက်အရ ဝီလီယံရဲ့ ကြံ့ခိုင်မှုဟာ အံ့အားသင့်စရာကောင်းကြောင်း သိရကာ ဝီလီယံဟာ ဘီလ်ဘာအို အသင်းအတွက် ၂၀၁၆ခုနှစ် ဧပြီလမှစတင်ကာ လက်ရှိအချိန်အထိ ပွဲတိုင်းပါဝင်ကစားပေးခဲ့ကာ ပွဲအရေအတွက်ကို ရေတွက်ကြည့်ပါက ဒါဟာ ၁၄၁ပွဲအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca.com

ဘောလုံးလောကမှာ ဒဏ်ရာပြဿနာဆိုတာဟာ ကစားသမားတွေနဲ့ တွဲမြင်ရလေ့ရှိပေမယ့် ဒါဟာ ဝီလီယံအတွက်တော့ မဟုတ်ခဲ့ပါဘူး။ အနာဂတ်မှာလည်း ဘီလ်ဘာအိုအတွက် ခြေစွမ်းပြနိုင်ပါစေ ဝီလီယံရေ….။