မန်ယူအသင်းရဲ့ အစွန် နောက်ခံ ကစားသမား ဘရန်ဒန် ဝီလီယံဟာ မန်ယူအသင်းနဲ့ လာမယ့် (၂၀၂၄) ခုနှစ်အထိ စာချုပ်သစ် ထပ်တိုးသွားခဲ့တာ ဖြစ်ပြီး စာချုပ်အရ မန်ယူအသင်းက သူ့ရဲ့ စာချုပ်သက်တမ်း ကုန်တဲ့ အချိန်မှာ နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်ကိုပါ ချုပ်ဆိုခဲ့ပါတယ်။ နောက်ခံလူ ဝီလီယံဟာ လွန်ခဲ့တဲ့ အောက်တိုဘာလက ယူရိုပါလိဂ် ပွဲစဉ်မှာ မန်ယူအသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့တာ ဖြစ်ပြီး ပွဲဦးထွက် ပွဲစဉ်ကစားခဲ့စဉ်ကတည်းက လက်ရှိအချိန်အထိ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၃) ပွဲအထိတောင် ကစားထားပြီးပြီ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၁၉) နှစ်အရွယ် ဝီလီယံဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က အောက်တိုဘာလမှာ လာမယ့် (၂၀၂၂) ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပေမယ့်လည်း လက်ရှိရာသီမှာ ပုံစံကောင်းတွေ ပြသခဲ့တာကြောင့် မန်ယူအသင်းက လာမယ့် (၂၀၂၄) ခုနှစ်အထိ စာချုပ်သစ်ထပ်တိုးခဲ့ပါတယ်။ နောက်ခံလူ ဘရန်ဒန် ဝီလီယံဟာ မန်ယူအသင်းနဲ့ စာချုပ်သစ် ထပ်တိုးပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ အချိန်မှာ လက်ရှိ အခြေအနေကို ရောက်လာဖို့ အများကြီး ကြိုးစားခဲ့ရပြီး သူ့အပေါ် ယုံကြည်မှုကို ပြန်ပေးဆပ်သွားမှာ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။

Photo Credit: Goal

ဘရန်ဒန် ဝီလီယံက “ဒီစာချုပ်ကို ချုပ်ဆိုရတာက ကျွန်တော် နဲ့ ကျွန်တော့်ရဲ့ မိသားစုအတွက် တကယ် ဂုဏ်ယူရတဲ့ အချိန်ပါပဲ။ မန်ယူအသင်းမှာ (၇) နှစ်အရွယ်ကတည်းက ကစားလာခဲ့ပြီး ပထမအသင်းမှာ ကစားခွင့် ရရှိတာက အိပ်မက် ဖြစ်လာမှုပါပဲ။ ဒီနေရာကို ရောက်ရှိလာနိုင်ဖို့ အများကြီး ကြိုးစားခဲ့ရပြီး အသင်းမှာ ကစားခွင့်ရတာက တကယ့် အထူးတလည် ဖြစ်ပါတယ်။ ကျွန်တော် ရာသီတစ်လျှောက် နည်းပြ၊ နည်းပြအဖွဲ့ဝင်တွေ နဲ့ အသင်းဖော်တွေဆီကနေ များစွာ သင်ယူခဲ့ရပြီး ကျွန်တော့်အပေါ် ယုံကြည်ပေးမှုကို ပြန်ပေးဆပ်ချင်ပါတယ်။ အသင်းမှာ ရှိကြတဲ့ လူတိုင်းက လာမယ့် နှစ်တွေမှာ အောင်မြင်မှု ရရှိဖို့ နေ့တိုင်း ကြိုးစားနေကြတာကို ကျွန်တော် သိပါတယ်။ ဒီအသင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရလို့ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောခဲ့ပါတယ်။