MySport Myanmar

မန်နေဂျာဂိမ်းကနေ ပညာတွေ ဆည်းပူးရင်း လီဂူး (၁၉)ပွဲ ရှုံးပွဲမရှိထားသူ Will Still

Will Smith ဆိုတဲ့ ဘဲကြီးကို လူတိုင်း သိကြမှာဆိုပေမယ့် Will Still ဆိုသူ ပရော်ဖက်ရှင်နယ် နည်းပြ လိုင်စင်တောင် မပိုင်ဆိုင်သေးဖူးတဲ့ Reims အသင်း နည်းပြကိုတော့ သိတဲ့သူက တော်တော်လေး ရှားပါးမယ် ထင်ပါတယ်။

Photo Credit : Twitter

ဒီ ဆရာသမားက အသက်(၃၀)အရွယ်က ရှိသေးပြီး နည်းပြတစ်ယောက်အတွက်ဆိုရင် ဒါက အတော်လေး ငယ်ရွယ်သေးတဲ့ အသက်အရွယ်လို့ ဆိုနိုင်ပေမယ့် ပြင်သစ်လီဂူးဝမ်းကလပ် Reims အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေရင်း လက်ရှိမှာ လီဂူးပွဲပေါင်း (၁၉)ပွဲအထိကို ရှုံးပွဲမရှိအောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ Wil Still ဆိုသူ ဘောလုံးနည်းပြက နည်းပြလုပ်သက် အနည်းငယ်ခန့်သာ ရှိနေသေးပြီး Football Manager နဲ့ Championship Manager အစရှိတဲ့ ဘောလုံး နည်းပြဂိမ်းတွေကနေ သူရဲ့ နည်းပြ ပညာရပ်ကို လေ့လာ ဆည်းပူးခဲ့ရင်း အခုလို ဘောလုံးနည်းပြတစ်ဦး ဖြစ်လာခဲ့ရတာပါ။

Photo Credit : talkSPORT

လက်ရှိ ဥရောပ အမှတ်ပေးလိဂ် (၅)ခုလုံးမှာ အသက် အငယ်ဆုံး ဘောလုံးနည်းပြ ပရော်ဖယ်ရှင် ဘောလုံးနည်းပြလိုင်စင်တောင် မရှိလို့ Reims အသင်းက သူ ကိုင်တွယ်တဲ့ ပွဲတိုင်းမှာ ငွေကြေး ဒဏ်ရိုက်ခံရပြီး တာဝန်ပေးထားခဲ့ရသလို အခုဆိုရင် Will Still က သူရဲ့ Reims အသင်းကို လီဂူး (၁၉)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ Will Still ကြောင့် Reims အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေသလို Reims အသင်းကိုလည်း ဥရောပဝင်ခွင့်လောက်အထိ မျှော်မှန်းနိုင်မယ့် အနေအထားမျိုး ရောက်ရှိအောင်ပါ ပို့ဆောင်ထားပါသေးတယ်။

Photo Credit : Twitter

Reims အသင်းမှာ နဂိုကတည်းက လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြ Will Still ဟာ Reims အသင်းရဲ့ နည်းပြ ဂါဆီယာ ထုတ်ပယ်ခံရပြီးနောက် အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ပေးခြင်းခံရရင်း (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးရင်းနဲ့ နောက်ဆုံးမှာတော့ Will Still က Reims အသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ရသလို အခုဆိုရင်လည်း လီဂူး (၁၉)ပွဲဆက် ရှုံးပွဲမရှိအောင် အကောင်းဆုံး လုပ်ဆောင်ထားပေးနိုင်ခဲ့ပါတယ်။

Exit mobile version