ဒီႏွစ္ေဘာလုံးရာသီအစ ေႏြေစ်းကြက္ဖြင့္ခ်ိန္ေလာက္မွာပဲ နီကုိလပ္စ္ေပေပဟာ လုိင္လီအသင္းကေန အာဆင္နယ္အသင္းဆီကုိ ေျပာင္းေရႊပေၾကးေပါင္၇၂သန္းနဲ႔ ေရာက္ရွိလာခဲ့ၿပီး အာဆင္နယ္အသင္းသမုိင္းတေလွ်ာက္ ေျပာင္းေရႊ႔ေၾကးအျမင့္မားဆုံး ကစားသမားတစ္ေယာက္ျဖစ္လာခဲ႔ပါတယ္။ ဒါေပမယ့္လည္း ေပေပဟာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း၁၀ပြဲအထိကုိ ပါဝင္ကစားထားႏုိင္ခဲ႔ေပမယ့္လည္း အသင္းအတြက္က သြင္းဂုိး၁ဂုိးတည္းသာ ရယူထားႏုိင္ခဲ့ၿပီး ဒီဂုိးေတာင္ ပင္နယ္တီကေနတစ္ဆင့္ ရရွိခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီလုိစြမ္းေဆာင္မႈေတြနဲ႔ပတ္သက္ၿပီး အာဆင္နယ္အသင္းရဲ႕ ပရိသတ္ေတြက ဆုိရွယ္မီဒီယာေတြေပၚကေန ေပေပရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး ေဝဖန္ေလွာင္ေျပာင္မႈေတြကုိ ျပဳလုပ္ေနၾကလ်က္ရွိသလုိ ေပေပအေနနဲ႔ သူရဲ႕လက္ရွိေျခစြမ္းအရ အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာေတာင္ မပါဝင္သင့္ေတာ့ဘူးဆုိၿပီး ေဝဖန္ပုတ္ခတ္ေျပာဆုိေနၾကပါတယ္။ ဒီအေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ေပေပရဲ႕ အုိင္ဗရီကုိ႔စ္လက္ေရြးစင္အသင္းေဖာ္လည္းျဖစ္ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ေတာင္ပံကစားသမားလည္းျဖစ္တဲ႔ ဇာဟာက “ကြ်န္ေတာ္ဆုိရွယ္မီဒီယာေတြမွာ ျမင္ေနရတယ္။ အကုန္လုံးကုိ နားလည္ပါတယ္။ သူက အခ်ိန္လိုအပ္ေနတာပါ”

Photo Credit : Metro

“သူက တျခားေသာလိဂ္တစ္ခုကေန ေျပာင္းလာတဲ႔သူေလ။ ၿပီးေတာ့ ငယ္လည္းငယ္ပါေသးတယ္။ အခု သူရဲ႕ေျပာင္းေရႊ႔ေၾကးဆုိတာကလည္း သူကုိယ္တုိင္တပ္ေပးထားတာမွမဟုတ္တာေလ။ သူရဲ႕ေျခစြမ္းေတြေၾကာင့္သာ သူ႔ကုိ လူေတြကေန  ဒီလုိသတ္မွတ္လုိက္တာပါ။ ဒါေၾကာင့္ သင္တုိ႔အေနနဲ႔ ေပေပဆီကေန ေျခစြမ္းေကာင္းေတြကုိ ျမင္ေတြ႔ရႏုိင္ဖုိ႔အတြက္ မျဖစ္မေနကုိ အခ်ိန္ေပးရပါလိမ့္မယ္။ သူအေနနဲ႔ လုိင္လီမွာတုန္းကလုိမ်ိဳး ေျခစြမ္းေကာင္းေတြကုိ သိပ္မၾကာခင္မွာ ျပသလာႏုိင္ေတာ့မယ္လုိ႔ ကြ်န္ေတာ္ယုံၾကည္ထားပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကြ်န္ေတာ္တုိ႔ေတြ အုိင္ဗရီကုိ႔စ္မွာ အတူတူကစားခဲ႔ဖူးတယ္ေလ”

Photo Credit : Tribuna

“သူ႔မွာ ဘယ္လုိအရည္အခ်င္းေတြရွိေနသလဲဆုိတာကုိ ကြ်န္ေတာ္ျမင္ေတြ႔ထားခဲ႔ၿပီးပါၿပီ။ ဒါကုိ လူတုိင္းေတာ့ ဘယ္ျမင္ႏုိင္ပါဦးမလဲ” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ဇာဟာကေတာ့ အာဆင္နယ္အသင္းကုိ ေပေပမေရာက္ခင္ကပဲ အသင္းဆီကုိ ေျပာင္းေရႊ႔ကစားဖုိ႔ နီးစပ္ခဲ႔ဖူးသူျဖစ္ခဲ႔သလုိ ဇာဟာကုိယ္တုိင္ကလည္း သူငယ္စဥ္ကတည္းကေန အားေပးလာခဲ႔တဲ႔ အာဆင္နယ္အသင္းဆီကုိ ေျပာင္းေရႊ႔ကစားဖုိ႔ စိတ္အားထက္သန္ခဲ႔ေပမယ့္လည္း အာဆင္နယ္ဘက္ကေန ကမ္းလွမ္းလာတဲ႔ ေပါင္သန္း၄၀တန္ ကမ္းလွမ္းခ်က္ကုိ ပဲေလ့စ္ဘက္ကေန ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ေပါင္သန္းတစ္ရာေလာက္အထိကုိ ေတာင္းဆုိခဲ႔ပါေသးတယ္။

(Unicode)

ပေပေကို အချိန်တစ်ခုပေးဖို့ လိုအပ်နေတယ်လို့ တစ်နိုင်ငံတည်းသားဖြစ်သူ ဇာဟာတိုက်တွန်း

ဒီနှစ်ဘောလုံးရာသီအစ နွေစျေးကွက်ဖွင့်ချိန်လောက်မှာပဲ နီကိုလပ်စ်ပေပေဟာ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေပကြေးပေါင်ရ၂သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အသင်းသမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေပေဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံပွဲပေါင်း၁၀ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက်က သွင်းဂိုး၁ဂိုးတည်းသာ ရယူထားနိုင်ခဲ့ပြီး ဒီဂိုးတောင် ပင်နယ်တီကနေတစ်ဆင့် ရရှိခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီလိုစွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်ကနေ ပေပေရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်လှောင်ပြောင်မှုတွေကို ပြုလုပ်နေကြလျက်ရှိသလို ပေပေအနေနဲ့ သူရဲ့လက်ရှိခြေစွမ်းအရ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတောင် မပါဝင်သင့်တော့ဘူးဆိုပြီး ဝေဖန်ပုတ်ခတ်ပြောဆိုနေကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပေပေရဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းဖော်လည်းဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တောင်ပံကစားသမားလည်းဖြစ်တဲ့ ဇာဟာက “ကျွန်တော်ဆိုရှယ်မီဒီယာတွေမှာ မြင်နေရတယ်။ အကုန်လုံးကို နားလည်ပါတယ်။ သူက အချိန်လိုအပ်နေတာပါ”

Photo Credit : Metro

“သူက တခြားသောလိဂ်တစ်ခုကနေ ပြောင်းလာတဲ့သူလေ။ ပြီးတော့ ငယ်လည်းငယ်ပါသေးတယ်။ အခု သူရဲ့ပြောင်းရွှေ့ကြေးဆိုတာကလည်း သူကိုယ်တိုင်တပ်ပေးထားတာမှမဟုတ်တာလေ။ သူရဲ့ခြေစွမ်းတွေကြောင့်သာ သူ့ကို လူတွေကနေ  ဒီလိုသတ်မှတ်လိုက်တာပါ။ ဒါကြောင့် သင်တို့အနေနဲ့ ပေပေဆီကနေ ခြေစွမ်းကောင်းတွေကို မြင်တွေ့ရနိုင်ဖို့အတွက် မဖြစ်မနေကို အချိန်ပေးရပါလိမ့်မယ်။ သူအနေနဲ့ လိုင်လီမှာတုန်းကလိုမျိုး ခြေစွမ်းကောင်းတွေကို သိပ်မကြာခင်မှာ ပြသလာနိုင်တော့မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ အိုင်ဗရီကို့စ်မှာ အတူတူကစားခဲ့ဖူးတယ်လေ”

Photo Credit : Tribuna

“သူ့မှာ ဘယ်လိုအရည်အချင်းတွေရှိနေသလဲဆိုတာကို ကျွန်တော်မြင်တွေ့ထားခဲ့ပြီးပါပြီ။ ဒါကို လူတိုင်းတော့ ဘယ်မြင်နိုင်ပါဦးမလဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဇာဟာကတော့ အာဆင်နယ်အသင်းကို ပေပေမရောက်ခင်ကပဲ အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ဖူးသူဖြစ်ခဲ့သလို ဇာဟာကိုယ်တိုင်ကလည်း သူငယ်စဉ်ကတည်းကနေ အားပေးလာခဲ့တဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်ခဲ့ပေမယ့်လည်း အာဆင်နယ်ဘက်ကနေ ကမ်းလှမ်းလာတဲ့ ပေါင်သန်း၄၀တန် ကမ်းလှမ်းချက်ကို ပဲလေ့စ်ဘက်ကနေ ငြင်းဆန်ပယ်ချခဲ့ပြီး ပေါင်သန်းတစ်ရာလောက်အထိကို တောင်းဆိုခဲ့ပါသေးတယ်။