MySport Myanmar

ရော်နယ်လ်ဒိုအပြီး နောက်ထပ် မန်ယူ ကစားသမားဟောင်းကို ခေါ်ယူမဲ့ အယ်လ်နာဆာ

ဆော်ဒီအာရေဗျ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းဆီ ခေါ်ဆောင်နိုင်ခဲ့ပြီးတဲ့နောက် နောက်ထပ် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဇာဟာကိုပါ ထပ်မံ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Premier League

လက်ရှိ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ပါဝင်ကစားနေတဲ့ အသက်(၃၀)အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံ တိုက်စစ်ကစားသမား ဇာဟာက ဒီနှစ် ဇွန်လမှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီလို free agent ဖြစ်တော့မဲ့ ဇာဟာကို ဥရောပ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတဲ့အပြင် လက်ရှိမှာလည်း ဆော်ဒီပရိုကလပ် အယ်လ်နာဆာအသင်းကပါ ပစ်မှတ်ထားလာပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒို တာလီစကာတို့နဲ့အတူ ဇာဟာကိုပါ အားဖြည့်သွားချင်နေပါတယ်။

Photo Credit : Reuters

အယ်လ်နာဆာအသင်းဟာ ဘောလုံးလောကရဲ့ ထ်ိပ်တန်း ကစားသမားကြီး ရော်နယ်လ်ဒိုကို အရ ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ အသင်းအတွက် အတော်လေး အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်စေခဲ့ရပြီး ရော်နယ်လ်ဒိုဟာလည်း နောက်ပိုင်း ပွဲစဉ်တွေအတွင်း အယ်လ်နာဆာအတွက် ဂိုးပါဝင်ပတ်သတ်မှု (၇)ဂိုးအထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ အယ်လ်နာဆာက တိုက်စစ်ပိုင်းကို ပိုမို အားကောင်းလာစေဖို့အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ ဇာဟာကိုပါ ထပ်မံ ခေါ်ဆောင်သွားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

Photo Credit : Football London

ပဲလေ့စ် လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူ ဇာဟာက ၂၀၁၃ခုနှစ်မှာပဲ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပေမဲ့ ယူနိုက်တက်အတွက် အနည်းငယ်လေးသာ ကစားခွင့်ရခဲ့ပြီး ၂၀၁၄ခုနှစ်မှာပဲ ပဲလေ့စ်ဆီ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် (၂)ပွဲသာ ကစားခဲ့ရပေမဲ့ ပဲလေ့စ်အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၂၈၃)ပွဲအထိကို ကစားထားခဲ့ရတဲ့အပြင် (၆၇)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဇာဟာ ဟာ ဒီရာသီမှာလည်း ပဲလေ့စ်အတွက် (၁၉)ပွဲ ကစားထားခဲ့ကာ သွင်းဂိုး (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ပွဲတိုင်းနီးပါးမှာ အသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်ပါတယ်။

Exit mobile version