MySport Myanmar

အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပြီး အောင်ပွဲမခံခဲ့တဲ့ အိုလီဆေး

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား မိုက်ကယ်အိုလီဆေးဟာ မနေ့ညက မန်ချက်စတာယူနိုက်တက်ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်လောက်သာ ကျန်ရှိတော့ချိန်မှာ ဖရီးကစ်ကနေ အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် လုံးဝ အောင်ပွဲခံခြင်းမရှိပဲ ဒီအတိုင်းသာ ဖြတ်သန်းသွားခဲ့ပါတယ်။

Photo Credit :  Latestly

ဧည့်သည် ယူနိုက်တက်ဒ်အသင်းက ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ပထမပိုင်း ပြီးခါနီးမှာ သွင်းယူထားတဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားခဲ့ပေမဲ့ ပဲလေ့စ်အသင်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာပဲ အိုလီဆေးရဲ့ ဖရီးကစ်သွင်းဂိုးနဲ့ ပြန်လည် ချေပရင်း တစ်ဖက်တစ်ဂိုးနဲ့ သရေကျသွားခဲ့ရပါတယ်။ တကယ့်ကို သရေတစ်မှတ် ခွဲယူနိုင်လောက်တဲ့ ချေပဂိုးကို ဖရီးကစ်ကနေ ကန်သွင်းယူခဲ့ပေမဲ့ အသက်(၂၁)နှစ်သားက သူ့အသက်အရွယ်နဲ့ မလိုက်အောင်ပဲ သူရဲ့သွင်းဂိုးအပေါ် အောင်ပွဲခံခြင်း မပြုသလို အသင်းဖော်တွေရဲ့ အောင်ပွဲခံမှုကိုလည်း အေးအေးဆေးဆေးနဲ့သာ တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Yahoo! Sports

ဒီလို အပြုအမှုဆန်းတွေနဲ့ ပတ်သတ်ပြီး အိုလီဆေးရဲ့ အသင်းဟောင်း ရက်ဒင်းမှာ အိုလီဆေးနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ မိုက်ကယ်မော်ရစ်ဆင်က အိုလီဆေးဟာ ဒီလိုမျိုး ထူးဆန်းတဲ့ စရိုက်လက္ခဏတွေ ရှိနေတတ်တဲ့ ကစားသမားမျိုးလို့ ပြောဆိုလာခဲ့ပါတယ်။ အိုလီဆေးနဲ့ ပတ်သတ်ပြီး အသင်းဖော် မော်ရစ်ဆင်က “တစ်ခါတစ်လေတော့ သူက နည်းနည်း ထူးဆန်းတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဂိုးတွေ သွင်းပြီးရင် တစ်ခါတစ်ရံ အောင်ပွဲခံလေ့ မရှိတတ်ဘူး။ ကျွန်တော်တို့က ဟာ မိုက်ခ် မင်း အရေးကြီးတဲ့ ဂိုးကို သွင်းလိုက်ပြီ မင်းက ဒီတိုင်းပဲ လမ်းလျှောက်နေပြန်ပြီလား။ သူ ဘာများလုပ်နေတာလဲပေါ့ ကျွန်တော် တွေးမိတယ်။ သူ ဒီလိုတွေ ဘာကြောင့် ပြုမှုနေရတာလဲဆိုတာကို ကျွန်တော်တို့ တကယ် မသိခဲ့ပါဘူး။ သူကလည်း ကျွန်တော်တို့ကို ဘယ်တော့မှ အဖြေမပေးနိုင်ခဲ့ပါဘူး။ သူက တခြား ကစားသမားတွေထက်တော့ တမူထူုးခြားတယ်။ ဒါပေမယ့်လည်း တကယ့်ကို ကစားသမားကောင်းတစ်ယောက်ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အိုလီဆေးဟာ အခုနှစ် ဘောလုံးရာသီအတွင်း ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲအထိ ကစားထားခဲ့ပြီး သွင်းဂိုး(၂)ဂိုးသွင်း (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

Exit mobile version