အီတလီစီးရီးေအရဲ႕လက္ရွိခ်န္ပီယံျဖစ္တဲ႔ ဂ်ဳဗင္တပ္စ္အသင္းဟာ ဒီႏွစ္မွာေတာ့ သူတုိ႔အသင္းရဲ႕နည္းျပေဟာင္းကြန္တီ ကုိင္တြယ္လုိ႔ေနတဲ႔ အင္တာမီလန္အသင္းရဲ႕အနီးကပ္ဖိအားေပးမႈေတြေၾကာင့္ ခ်န္ပီယံဆုကုိ ဆက္လက္ထိန္းသိမ္းႏုိင္ဖုိ႔ ရုန္းကန္ေနရသလုိ ဒီတစ္ပတ္မွာလည္း ရုိးမားအသင္းနဲ႔ စီးရီးေအပြဲက်ပ္ကုိ ဆင္ႏြဲရမွာျဖစ္လုိ႔ ရမွတ္အျပည့္အဝရဖုိ႔ ခက္ခဲဖြယ္ရွိေနပါတယ္။ ဒီပြဲနဲ႔ပတ္သက္ၿပီး ဂ်ဳဗင္တပ္စ္တုိက္စစ္မွဴး ခရစၥတီယာႏုိေရာ္နယ္ဒုိက ရုိးမားနဲ႔ပတ္သက္ၿပီး အမွတ္တရေတြကုိ ထုတ္ေဖာ္ေျပာဆုိလာခဲ့ပါတယ္။

Photo Credit : Sportbible

အသက္၃၄ႏွစ္အရႊယ္ရွိ ေပၚတူဂီလက္ေရြးစင္ တုိက္စစ္ကစားသမား ေရာ္နယ္ဒုိဟာ သူရဲ႕အသင္းေဟာင္းျဖစ္တဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ပါဝင္ခဲ႔စဥ္တုန္းက ရုိးမားအသင္းနဲဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆုံေတြ႕ခဲ႔ဖူးၿပီး ရုိးမားအသင္းသားေတြရဲ႕ခပ္ညစ္ညစ္ ကစားဟန္ေတြေၾကာင့္ အခုအခ်ိန္ထိ အစာမေၾကႏုိင္ျဖစ္ေနကာ ရုိးမားနဲ႔ ျပန္လည္ေတြ႕ဆုံတုိင္း အသင္းသားေတြနဲ႔ ဝတ္စုံလဲလွယ္ျခင္းမရွိတာလုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။ ေရာ္နယ္ဒုိက “ကြ်န္ေတာ္ ယူႏုိက္တက္မွာ ကစားေနတုန္းက ရုိးမားနဲ႔ ဆုံေတြ႕ခဲ႔တဲ႔ ပြဲစဥ္အတြင္း ၆ဂုိးျပတ္နဲ႔ အႏုိင္ရေနခ်ိန္မွာ သူတုိ႔ေတြက ကြ်န္ေတာ့္ကုိ ရပ္တန္႔ဖုိ႔ ေျပာဆုိလာတယ္။ သူတုိ႔ကုိ လိမ္ေခါက္ေက်ာ္ျဖတ္တာေတြ ဆက္မလုပ္ေတာ့ဖုိ႔ ေတာင္းဆုိလာခဲ႔ပါတယ္”

Photo Credit : Sportbible

“ရပ္တန္႔မႈမရွိဘူးဆုိရင္ ကြ်န္ေတာ့္ကို ဒဏ္ရာရေအာင္ ျပဳလုပ္မယ္လုိ႔လည္း တျခားကစားသမားေတြက ၿခိမ္းေျခာက္ေျပာဆုိပါေသးတယ္။ အဲ႔ဒါေၾကာင့္ ရုိးမားနဲ႔ ျပန္လည္ဆုံေတြ႕တုိင္းမွာ ဘယ္ကစားသမားနဲ႔မွ ဝတ္စုံလဲလွယ္ျခင္းမရွိတာပါ” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ၿပီးခဲ႔တဲ႔ ေဘာလုံးရာသီတုန္းက တစ္ဦးခ်င္းေအာင္ျမင္မႈေတြ နည္းပါးခဲ႔ၿပီး မဟာၿပိဳင္ဘက္ လီယြန္နယ္မက္ဆီေလာက္ ဆုတံဆိပ္ေတြ ပုိင္ဆုိင္ႏုိင္ျခင္းမရွိတဲ႔ ေရာ္နယ္ဒုိဟာ ၿပီးခဲ႔တဲ႔တစ္ပတ္တုန္းက ကစားသြားခဲ႔တဲ႔ ကက္ဂလီယာရီအသင္းနဲ႔ စီးရီးေအပြဲစဥ္အတြင္းမွာ ဒီရာသီရဲ႕ပထမဆုံးလိဂ္ဟက္ထရစ္ဂုိးကုိ သြင္းယူခဲ႔တာေၾကာင့္ ဒီရာသီအတြင္း သူရဲ႕စီးရီးေအသြင္းဂုိးက ၁၃ဂုိးအထိ ရွိလာခဲ႔ၿပီျဖစ္ၿပီး စီးရီးေအရဲ႕ဂုိးသြင္းအမ်ားဆုံး ကစားသမားစာရင္းမွာ နံပါတ္၃ေနရာကုိ ေရာက္ရွိလုိ႔ေနပါတယ္။ ေရာ္နယ္ဒုိဟာ အဲဲ႔ဒီဟက္ထရစ္ဂုိးေၾကာင့္ ဥေရာပထိပ္သီးလိဂ္၅ခုမွာပင္ ဟက္ထရစ္အႀကိမ္ေရ အမ်ားဆုံးအျဖစ္ ၃၆ႀကိမ္နဲဲ႔ ရပ္တည္ေနၿပီး မက္ဆီထက္ ၂ႀကိမ္သာလြန္လုိ႔ေနပါတယ္။

(Unicode)

ရိုးမားအသင်းသားတွေနဲ့ ဝတ်စုံလဲလှယ်ခြင်း လုံးဝမလုပ်တဲ့အကြောင်းကို ရော်နယ်ဒိုရှင်းပြ

အီတလီစီးရီးအေရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်မှာတော့ သူတို့အသင်းရဲ့နည်းပြဟောင်းကွန်တီ ကိုင်တွယ်လို့နေတဲ့ အင်တာမီလန်အသင်းရဲ့အနီးကပ်ဖိအားပေးမှုတွေကြောင့် ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရသလို ဒီတစ်ပတ်မှာလည်း ရိုးမားအသင်းနဲ့ စီးရီးအေပွဲကျပ်ကို ဆင်နွဲရမှာဖြစ်လို့ ရမှတ်အပြည့်အဝရဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ဂျုဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ရိုးမားနဲ့ပတ်သက်ပြီး အမှတ်တရတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sportbible

အသက်၃၄နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ခဲ့စဉ်တုန်းက ရိုးမားအသင်းနဲဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုံတွေ့ခဲ့ဖူးပြီး ရိုးမားအသင်းသားတွေရဲ့ခပ်ညစ်ညစ် ကစားဟန်တွေကြောင့် အခုအချိန်ထိ အစာမကြေနိုင်ဖြစ်နေကာ ရိုးမားနဲ့ ပြန်လည်တွေ့ဆုံတိုင်း အသင်းသားတွေနဲ့ ဝတ်စုံလဲလှယ်ခြင်းမရှိတာလို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုက “ကျွန်တော် ယူနိုက်တက်မှာ ကစားနေတုန်းက ရိုးမားနဲ့ ဆုံတွေ့ခဲ့တဲ့ ပွဲစဉ်အတွင်း ၆ဂိုးပြတ်နဲ့ အနိုင်ရနေချိန်မှာ သူတို့တွေက ကျွန်တော့်ကို ရပ်တန့်ဖို့ ပြောဆိုလာတယ်။ သူတို့ကို လိမ်ခေါက်ကျော်ဖြတ်တာတွေ ဆက်မလုပ်တော့ဖို့ တောင်းဆိုလာခဲ့ပါတယ်”

Photo Credit : Sportbible

“ရပ်တန့်မှုမရှိဘူးဆိုရင် ကျွန်တော့်ကို ဒဏ်ရာရအောင် ပြုလုပ်မယ်လို့လည်း တခြားကစားသမားတွေက ခြိမ်းခြောက်ပြောဆိုပါသေးတယ်။ အဲ့ဒါကြောင့် ရိုးမားနဲ့ ပြန်လည်ဆုံတွေ့တိုင်းမှာ ဘယ်ကစားသမားနဲ့မှ ဝတ်စုံလဲလှယ်ခြင်းမရှိတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တစ်ဦးချင်းအောင်မြင်မှုတွေ နည်းပါးခဲ့ပြီး မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီလောက် ဆုတံဆိပ်တွေ ပိုင်ဆိုင်နိုင်ခြင်းမရှိတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကစားသွားခဲ့တဲ့ ကက်ဂလီယာရီအသင်းနဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ ဒီရာသီရဲ့ပထမဆုံးလိဂ်ဟက်ထရစ်ဂိုးကို သွင်းယူခဲ့တာကြောင့် ဒီရာသီအတွင်း သူရဲ့စီးရီးအေသွင်းဂိုးက ၁၃ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး စီးရီးအေရဲ့ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ နံပါတ်၃နေရာကို ရောက်ရှိလို့နေပါတယ်။ ရော်နယ်ဒိုဟာ အဲဲ့ဒီဟက်ထရစ်ဂိုးကြောင့် ဥရောပထိပ်သီးလိဂ်၅ခုမှာပင် ဟက်ထရစ်အကြိမ်ရေ အများဆုံးအဖြစ် ၃၆ကြိမ်နဲဲ့ ရပ်တည်နေပြီး မက်ဆီထက် ၂ကြိမ်သာလွန်လို့နေပါတယ်။