ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ဝါ့ရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် သူတို့ရဲ့ တိုက်စစ်မှူးဟောင်းနေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတဲဲ့အပြင် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့ တစ်နိုင်ငံတည်းသားလေးဖြစ်တဲဲ့ အင်တာမီလန်တိုက်စစ်ကစားသမားလေး လော်သာရိုမာတီနက်ဇ်ကိုလည်း ပစ်မှတ်ထားနေလျက်ရှိရာ ဒီကစားသမား(၂)ယောက်ထဲက အနည်းဆုံး(၁)ဦးကိုတော့ လာမယ့်နွေစျေးကွက်အတွင်း အရခေါ်ယူဖွယ် ရှိလို့နေပါတယ်။

Photo Credit : Goal.com

ဘာစီလိုနာအသင်းဟာ အဆိုပါ တိုက်စစ်ကစားသမား(၂)ယောက်လုံးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်လို့ (၂)ဦးလုံးကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေသလို ကစားသမားတွေရဲ့အေးဂျင့်တွေနဲ့လည်း ချိတ်ဆက်လို့နေပါတယ်။ အခုလို ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ခံယူနေရဲ့ အသက်(၂၂)နှစ်အရွှယ် တိုက်စစ်ကစားသမား မာတီနက်ဇ်ရဲ့အေးဂျင့်ဖြစ်သူက သူရဲ့ကစားသမားနဲ့ပတ်သက်ပြီး “ဘယ်သူက မက်ဆီလို ကစားသမားမျိုးနဲ့ တွဲဖက်ကစားခြင်းကို မပြုချင်ပဲနေမလဲ”

Photo Credit : AS English

“သူတို့နှစ်ယောက် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် အတူတူတွဲဖက်ကစားပြီးတဲ့နောက်မှာ ဒါက သူရဲ့အိမ်မက်တစ်ခုပဲလို့ ကျွန်တော့်ကို ပြောလာခဲ့ပါသေးတယ်။ တွေးကြည့်မယ်ဆိုရင်တော့ မက်ဆီနဲ့ အာဂျင်တီးနားအသင်းမှာ အတူတူ တွဲကစားရဖို့ဆိုတာ မာတီနက်ဇ်လို ငယ်ရွှယ်သေးတဲ့ ကစားသမားအတွက်က အခွင့်အရေးတစ်ခုပါပဲ။ ဒါပေမယ့် သူအနေနဲ့က ဒီထက်ပိုပြီး ဘာမှကို မပြောပါဘူး။ သူက သီးသီးသန့်သန့်နဲ့ အေးအေးဆေးဆေး နေတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ တကယ်လို့ ခင်ဗျားတို့ဘက်ကနေ မင်းဘယ်မှာ ပြောင်းရွှေ့ကစားချင်တယ်လို့လည်း သူ့ကိုမေးရင် သူဖြေမှာမဟုတ်ဘူး။ သူဘာမှ ပြန်ပြောမှကို မဟုတ်ဘူး။ အပြောင်းအရွှေ့ကိစ္စရပ်တွေကလည်း ဒီနေ့ဒီချိန်ထိ ဘာမှကို တရားဝင်မဖြစ်သေးပါဘူး” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ မာတီနက်ဇ်ကို ဘာစီလိုနာအသင်းအပြင် ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေကြပြီး လတ်တလော အခြေအနေတွေအရ ဘာစီလိုနာကို ရောက်ဖို့ကပဲ အနီးစပ်ဆုံးဖြစ်နေပါတယ်။