ေဘာလုံး ကစားသမားေတြဟာ ယေန႔ည အဂၤါေန႔ မနက္ (၁) နာရီ အခ်ိန္မွာေတာ့ ဘလြန္းဒီေအာ္ဆုေပးပြဲကို တက္ေရာက္လာၾကမွာ ျဖစ္ၿပီး၊ (၂) နာရီ အခ်ိန္ကေန ဆုေပးပြဲကို တရားဝင္ စတင္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္မွာေတာ့ ရီးရဲလ္ မက္ဒရစ္ ကြင္းလယ္လူ မိုဒရစ္က ဘလြန္းဒီေဆာ္ဆုကို ရရွိခဲ့ၿပီး၊ ဒီႏွစ္မွာေတာ့ မက္ဆီ၊ ေရာ္နယ္ဒို နဲ႔ ဗန္ဒိုက္တို႔ထဲက တစ္ဦးက ရရွိႏိုင္ေခ် အရွိဆုံး ျဖစ္တာေၾကာင့္ ဘယ္သူက ရရွိႏိုင္ေခ် အရွိဆုံးလဲ ဆိုတာကို ေလ့လာၾကည့္ၾကပါစို႔လား။

Photo Credit: Standard.com

1. ေရာ္နယ္ဒုိ
ေရာ္နယ္ဒုိဟာ ရီးရဲလ္အသင္းမွာ (၉) ႏွစ္ၾကာ ကစားၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္က ဂ်ဳဗင္တပ္အသင္းကုိ ေပါင္သန္း (၁၀၀) နဲ႔ ေျပာင္းသြားခဲ့ၿပီး ဂ်ဳဗင္တပ္အသင္းနဲ႔ အတူ စီးရီးေအ ဖလား ရရွိႏုိင္ခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ႏွစ္မွာ စီးရီးေအ ဖလား ရရွိခဲ့ၿပီးတဲ့ေနာက္ စီးရီးေအရဲ႕ တန္ဖုိးအရွိဆုံး ကစားသမား (၁၀) ဦးမွာ ပါဝင္ခဲ့သ့လုိ ဂ်ဳဗင္တပ္အသင္းရဲ႕ သြင္းဂုိး အမ်ားဆုံး ကစားသမား ျဖစ္သြားခဲ့ပါတယ္။ လက္ေရြးစင္အသင္းနဲ႔ အတူ ေအာင္ျမင္မႈမွာေတာ့ သူဟာ ေပၚတူဂီအသင္းနဲ႔ အတူ UEFA Nations League ဖလားကို ရရွိခဲ့ၿပီး၊ ဆီးမီးဖုိင္နယ္ပဲြစဥ္မွာ ဟက္ထရစ္ (၃) ဂုိးေတာင္ သြင္းယူခဲ့ပါတယ္။

Photo Credit: Standard.com

2. ဗန္ဒုိက္
ဗန္ဒုိက္ဟာ လီဗာပူးလ္အသင္းကို ေပါင္ (၇၅) သန္းနဲ႔ ေရာက္လာခဲ့တုန္းက ကမၻာ့ ေစ်းအႀကီးဆုံး ေနာက္ခံ ကစားသမား ျဖစ္ခဲ့သလုိ၊ လက္ရွိမွာ ကမၻာ့ အေကာင္းဆုံး ခံစစ္မွဴးလုိ႔ ေျပာႏုိင္ပါတယ္။ လီဗာပူးလ္ အသင္းဟာ ဗန္ဒုိက္ ေရာက္ရွိလာၿပီးေနာက္ သိသိသာသာ ခံစစ္ ေကာင္းမြန္လာခဲ့ၿပီး၊ ၿပီးခဲ့တဲ့ ႏွစ္မွာ ဥေရာပရဲ႕ အျမင့္မားဆုံး ဆုဖလား ျဖစ္တဲ့ ခ်န္ပီယံလိဂ္ ဖလားကုိ ရရွိႏုိင္ခဲ့ပါတယ္။ ဗဟုိခံစစ္မွဴး ဗန္ဒုိက္ဟာ (၂၀၁၈) မတ္လ နဲ႔ (၂၀၁၉) ၾသဂုတ္လအတြင္း ကစားခဲ့တဲ့ ပဲြ (၅၀) မွာ သူနဲ႔ ရင္ဆုိင္ရတဲ့ ဘယ္ကစားသမားကမွ သူ႔ကုိ လိမ္ေခါက္ၿပီး မေက်ာ္ျဖတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Standard.com

3. မက္ဆီ

မက္ဆီဟာ ၿပီးခဲ့တဲ့ ႏွစ္မွာ ဘာစီလုိနာအသင္းနဲ႔ အတူ လာလီဂါ ဆုဖလားကို ရရွိႏုိင္ခဲ့ၿပီး၊ ဥေရာပ ထိပ္သီး လိဂ္ (၅) လိပ္မွာ သြင္းဂုိး အမ်ားဆုံး ႏွင့္ လာလီဂါမွာ ဂိုးဖန္တီးမႈ အမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ မက္ဆီဟာ ျပည္တြင္းလိဂ္ ၿပိုင္ပဲြမွာ ေအာင္ျမင္မႈ ရရွိခဲ့ေပမဲ့ ခ်န္ပီယံလိဂ္ ျပိဳင္ပဲြကေန လီဗာပူးလ္ အသင္းေၾကာင့္ ထြက္ခဲ့ရၿပီး ကုိပါအေမရိကၿပိဳင္ပဲြကေန ဘရာဇီးအသင္းေၾကာင့္ ထြက္ခဲ့ရပါတယ္။

သူတို႔ (၃) ဦးကို ဘလြန္းဒီေအာ္ဆု ရရွိႏိုင္ေခ် အရွိဆုံးကေန အနည္းဆုံးအထိ အစဥ္လိုက္ သတ္မွတ္ၾကေတာ့ မက္ဆီက (၁) ေနရာ၊ ဗန္ဒိုက္က (၂) ေနရာ နဲ႔ ေရာ္နယ္ဒိုက (၃) ေနရာ စသျဖင့္ မက္ဆီက ရႏိုင္ေခ် အရွိဆုံး ျဖစ္ပါတယ္။

{Unicode}

ဘောလုံး ကစားသမားတွေဟာ ယနေ့ည အင်္ဂါနေ့ မနက် (၁) နာရီ အချိန်မှာတော့ ဘလွန်းဒီအော်ဆုပေးပွဲကို တက်ရောက်လာကြမှာ ဖြစ်ပြီး၊ (၂) နာရီ အချိန်ကနေ ဆုပေးပွဲကို တရားဝင် စတင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ ရီးရဲလ် မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်က ဘလွန်းဒီဆော်ဆုကို ရရှိခဲ့ပြီး၊ ဒီနှစ်မှာတော့ မက်ဆီ၊ ရော်နယ်ဒို နဲ့ ဗန်ဒိုက်တို့ထဲက တစ်ဦးက ရရှိနိုင်ချေ အရှိဆုံး ဖြစ်တာကြောင့် ဘယ်သူက ရရှိနိုင်ချေ အရှိဆုံးလဲ ဆိုတာကို လေ့လာကြည့်ကြပါစို့လား။

Photo Credit: Standard.com

1. ရော်နယ်ဒို
ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းမှာ (၉) နှစ်ကြာ ကစားပြီးနောက် ပြီးခဲ့တဲ့နှစ်က ဂျုဗင်တပ်အသင်းကို ပေါင်သန်း (၁၀၀) နဲ့ ပြောင်းသွားခဲ့ပြီး ဂျုဗင်တပ်အသင်းနဲ့ အတူ စီးရီးအေ ဖလား ရရှိနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်မှာ စီးရီးအေ ဖလား ရရှိခဲ့ပြီးတဲ့နောက် စီးရီးအေရဲ့ တန်ဖိုးအရှိဆုံး ကစားသမား (၁၀) ဦးမှာ ပါဝင်ခဲ့သ့လို ဂျုဗင်တပ်အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်သွားခဲ့ပါတယ်။ လက်ရွေးစင်အသင်းနဲ့ အတူ အောင်မြင်မှုမှာတော့ သူဟာ ပေါ်တူဂီအသင်းနဲ့ အတူ UEFA Nations League ဖလားကို ရရှိခဲ့ပြီး၊ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ် (၃) ဂိုးတောင် သွင်းယူခဲ့ပါတယ်။

Photo Credit: Standard.com

2. ဗန်ဒိုက်
ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ပေါင် (၇၅) သန်းနဲ့ ရောက်လာခဲ့တုန်းက ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ ကစားသမား ဖြစ်ခဲ့သလို၊ လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူးလို့ ပြောနိုင်ပါတယ်။ လီဗာပူးလ် အသင်းဟာ ဗန်ဒိုက် ရောက်ရှိလာပြီးနောက် သိသိသာသာ ခံစစ် ကောင်းမွန်လာခဲ့ပြီး၊ ပြီးခဲ့တဲ့ နှစ်မှာ ဥရောပရဲ့ အမြင့်မားဆုံး ဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို ရရှိနိုင်ခဲ့ပါတယ်။ ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ (၂၀၁၈) မတ်လ နဲ့ (၂၀၁၉) သြဂုတ်လအတွင်း ကစားခဲ့တဲ့ ပွဲ (၅၀) မှာ သူနဲ့ ရင်ဆိုင်ရတဲ့ ဘယ်ကစားသမားကမှ သူ့ကို လိမ်ခေါက်ပြီး မကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard.com

3. မက်ဆီ
မက်ဆီဟာ ပြီးခဲ့တဲ့ နှစ်မှာ ဘာစီလိုနာအသင်းနဲ့ အတူ လာလီဂါ ဆုဖလားကို ရရှိနိုင်ခဲ့ပြီး၊ ဥရောပ ထိပ်သီး လိဂ် (၅) လိပ်မှာ သွင်းဂိုး အများဆုံး နှင့် လာလီဂါမှာ ဂိုးဖန်တီးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့ပေမဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ လီဗာပူးလ် အသင်းကြောင့် ထွက်ခဲ့ရပြီး ကိုပါအမေရိကပြိုင်ပွဲကနေ ဘရာဇီးအသင်းကြောင့် ထွက်ခဲ့ရပါတယ်။

သူတို့ (၃) ဦးကို ဘလွန်းဒီအော်ဆု ရရှိနိုင်ချေ အရှိဆုံးကနေ အနည်းဆုံးအထိ အစဉ်လိုက် သတ်မှတ်ကြတော့ မက်ဆီက (၁) နေရာ၊ ဗန်ဒိုက်က (၂) နေရာ နဲ့ ရော်နယ်ဒိုက (၃) နေရာ စသဖြင့် မက်ဆီက ရနိုင်ချေ အရှိဆုံး ဖြစ်ပါတယ်။