သြစတြီးယားလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အတွင်းမှာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့ပြီး ဒဏ်ရာပြသာနာက ဆိုးရွှားလာခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ယူရို-၂၀၂၀ လူစာရင်းကနေပါ ထွက်ခွာခဲ့ရတဲ့ ညာနောက်ခံကစားသမား အလက်ဇန်းဒါးအာနိုးရဲ့နေရာမှာ ဘရိုက်တန်အသင်းရဲ့ နောက်ခံကစားသမား ဘင်ဝှိုက်နဲ့ အစားထိုးလိုက်ပြီဖြစ်ကြောင့် အင်္ဂလန်အသင်းရဲ့ တရားဝင်တွစ်တာစာမျက်နှာကနေ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

Photo Credit : Twitter

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် အပြီးသတ် (၂၆)ယောက်လူစာရင်းမှာ လီဗာပူးလ်အသင်းရဲ့ နောက်ခံအစွန်လူ အာနိုးကို ထည့်သွင်းရွေးချယ်ထားခဲ့ပေမယ့် မမျှော်လင့်ပဲ ဒဏ်ရာရသွားခဲ့တာကြောင့် သူရဲ့နေရာမှာ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်ကို ရွေးချယ်လိုက်ရတာဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ ဗဟိုနောက်ခံကစားသမား ဘင်ဝှိုက်ဟာ ကနဦးမှာ အင်္ဂလန်ရဲ့ ယူရိုလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပေမယ့် အသင်းရဲ့ ယူရိုမတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲ(၂)ပွဲလုံးမှာတော့ ပါဝင်ကစားခွင့် ရရှိခဲ့တဲ့အပြင် အဲ့ဒီ(၂)ပွဲလုံးမှာ လုံးဝပေးဂိုးမရှိအောင် ကစားနိုင်ခဲ့သူဖြစ်တာကြောင့် သူ့ကို အင်္ဂလန်အသင်းကနေ အာနိုးရဲ့နေရာအတွက် အစားထိုးရွေးချယ်လိုက်တာဖြစ်ပါတယ်။

Photo Credit : Goal

ဗဟိုခံစစ်ကစားသမား ဘင်ဝှိုက်ကို ရွေးချယ်လိုက်တာကြောင့် အင်္ဂလန်အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ မက်ဂွိုင်းရား(မန်ချက်စတာယူနိုက်တက်) ဂျွန်စတုန်းစ်(မန်စီးတီး) တိုင်ရုန်းမင်းစ်(အက်စတွန်ဗီလာ) ကိုအာဒီ(ဝုလ်ဗ်)တို့အပြင် ဘင်ဝှိုက်(ဘရိုက်တန်) (၅)ယောက်ဖြစ်လာခဲ့ရပါတယ်။ ဒီခံစစ်ကစားသမား (၅)ယောက်ထဲမှာ ဟယ်ရီမက်ဂွိုင်းရားက ဒဏ်ရာပြသာနာကနေ ပြန်လည်သက်သာလာဖို့ မသေချာသေးတဲ့အတွက် ဘင်ဝှိုက်လို အရည်အသွေးကောင်းမွန်တဲ့ ခံစစ်ကစားသမားတစ်ယောက်ကို အခုလို ရွေးချယ်လိုက်ခြင်းဟာ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ မှန်ကန်တဲ့ ရွေးချယ်ချက်တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းမှာဆိုရင်တော့ ဒဏ်ရာပြသာနာရှိနေတဲ့ ဂျော်ဒန်ဟန်ဒါဆန်ကလွဲပြီး ကျန်တဲ့ကွင်းလယ်လူတွေက နိုင်ငံတကာပြိုင်ပွဲကြီး အတွေ့အကြုံမရှိသူတွေဖြစ်လို့ ဒီယူရိုပြိုင်ပွဲအတွင်း အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး မောင်နှင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်လို့သွားရပါမယ်။ အင်္ဂလန်အသင်းဟာ လာမယ့်(၁၃)ရက်နေ့မှာ အုပ်စုတွင်းပြိုင်ဘက်အသင်းဖြစ်တဲ့ ခရိုအေးရှားနဲ့ ယူရိုအုပ်စု အဖွင့်ပွဲစဉ် ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်သွားရမှာဖြစ်ပြီး (၁၉)ရက်နေ့မှာ စကော့တလန်နဲ့ (၂၃)ရက်နေ့တွေမှာ ချက်အသင်းတွေကို တိုက်ရိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။