နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ မနက်ဖြန်ညမှာ သြစတြေးလျ အခြေစိုက် LASK အသင်းနဲ့ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ အဝေးကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။ မန်ယူအသင်း နဲ့ LASK အသင်းတို့ဟာ နှစ်ပေါင်း အတော်ကြာပြီမှ ပြန်ကစားကြမှာ ဖြစ်ပေမဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပွဲကြည့် ပရိသတ် မပါဘဲ ကွင်းပိတ် ကစားရမှာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကလပ်ဘရုဂေးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် (၁၆) သင်း အဆင့်ကို တက်ရောက်လာခဲ့ပြီး LASK အသင်းက အယ်ခ်မာအသင်းကို အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: MEN

မန်ယူအသင်း နဲ့ LASK အသင်းတို့ဟာ လွန်ခဲ့တဲ့ (၁၉) နှစ်က ရာသီကြို ချစ်ကြည်ရေး ပွဲစဉ် ကစားကြတဲ့ အချိန်မှာ မထင်မှတ်ဘဲ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်း အရေးနိမ့်ခဲ့ပါတယ်။ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ LASK အသင်းရဲ့ အိမ်ကွင်းမှာ ချစ်ကြည်ရေး ပွဲစဉ် သွားကစားခဲ့ကြပြီး ပေးဂိုး (၅) ဂိုး ရှိသွားခဲ့တာကြောင့် အဝေးကွင်းမှာ (၅-၁) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ LASK အသင်းဟာ လွန်ခဲ့တဲ့ (၁၉) နှစ်၊ (၁၉၉၁) ခုနှစ်၊ သြဂုတ်လ (၇) ရက်က အိမ်ကွင်းမှာ ကစားခဲ့တဲ့ ရာသီကြို ချစ်ကြည်ရေး ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ပိုင်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: MEN

နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ပွဲကြည့် ပရိသတ် (၁၂,၀၀၀) ရဲ့ ရှေ့မှောက်မှာတင်ပဲ သြစတြေးလျ ချန်ပီယံ LASK အသင်းကို (၅-၁) ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ LASK အသင်းဟာ ပွဲကစားချိန် (၃၉) မိနစ်အတွင်းမှာ မန်ယူအသင်းကို (၃) ဂိုး သွင်းနိုင်ခဲ့ပြီး ပထမပိုင်း မပြီးခင်မှာ မန်ယူအသင်းက ချေပဂိုး (၁) ဂိုးကို ပြန်သွင်းခဲ့ပြီး (၃-၁) ဖြစ်ခဲ့ပါတယ်။ LASK အသင်းဟာ ဒုတိယပိုင်းကို (၃-၁) ရလဒ်နဲ့ စတင်ခဲ့ပြီး ဒုတိယပိုင်း ပြီးခါနီး (၈၉) မိနစ် နဲ့ (၉၀) မိနစ်မှာ သွင်းဂိုး (၂) ဂိုး သွင်းခဲ့တာကြောင့် မန်ယူအသင်းကို (၅-၁) နဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းဟာ မနက်ဖြန်ည (၁၂း၂၅) အချိန်မှာ နည်းပြ ဖာဂူဆန်ရဲ့ လက်ထက်က (၅-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘောလုံးကွင်းမှာ LASK အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လက်စားပြန်ချေနိုင်မလား။