ဘောလုံးပရိသတ်တော်တော်များများက ၂၀၀၀နှစ်တွေအတွင်းတုန်းကဆိုရင် ရော်နယ်ဒိုလို့ ပြောလိုက်တာနဲ့ ဘရာဇီးက ရော်နယ်ဒိုကြီးဖြစ်တဲ့ ရော်နယ်ဒိုနာဇာရီယိုကိုပဲ ပြေးမြင်မိခဲ့ပါတယ်။ ဒီကစားသမားကြီးကလည်း သူ့ခေတ်သူ့အခါတုန်းက အကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့သလို ကမ္ဘာ့ဖလားဆု ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတွေကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကြီးရဲ့ ဘောလုံးသမားဘဝ အဆုံးသတ်ခါနီးမှာ ခရစ္စတီယာနိုရော်နယ်ဒိုဆိုတဲ့ ကြယ်တစ်ပွင့်ကလည်း ဘောလုံးလောကမှာ စတင်မွေးဖွားလာခဲ့ပြီး အခုဆိုရင် ရော်နယ်ဒိုလို့ပြောလိုက်တာနဲ့ အားလုံးက ခရစ္စတီယာနိုကိုပဲ ပြေးမြင်ကြပါတော့တယ်။

Photo Credit : AS English

အသက်အရွှယ်ကွာဟချက်တွေရှိလို့ ဒီရော်နယ်ဒိုနှစ်ယောက်ဟာ ကွင်းအတွင်းမှာ ပြိုင်ဘက်တွေကစားတာကို မြင်ရဖို့ဆိုတာ မလွယ်ကူပေမယ့် တကယ်တမ်းကြတော့ ဒီကစာသမားနှစ်ယောက်က ကွင်းအတွင်းမှာ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ် ဇူလိုင်လအတွင်းမှာ ပေါ်တူဂီဂန္တဝင်ကစားသမားကြီး လူးဝစ်ဖီဂို စီစဉ်ကျင်းပခဲ့တဲ့ ရန်ပုံငွေချစ်ကြည်ရေးခြေစမ်းပွဲမှာ ဒိုကြီးနဲ့ဒိုလေးတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေအဖြစ် ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့ကြဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဒိုကြီးဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး ဒိုလေးကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။

Photo Credit : CalcioMerchato

အဲ့ဒီတုန်းက ဖီဂိုဖောင်ဒေးရှင်းအသင်းနဲ့ ရော်နယ်မက်ဒေါနယ်ဖောင်ဒေးရှင်းအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ကစားကြတာဖြစ်ပြီး ရော်နယ်ဒိုကြီး သူနဲ့ရီးရဲလ်မက်ဒရစ်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဖီဂိုနဲ့အတူ ဖီဂိုဖောင်ဒေးရှင်းအသင်းမှာ ပါဝင်ကစားခဲ့ကာ သွင်းဂိုးတွေလည်း ရယူနိုင်ခဲ့ကာ ဖီဂိုအသင်းက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဘောလုံးအတွေ့အကြုံပိုကြွယ်ဝတဲ့ ရော်နယ်ဒိုကြီးက ပွဲရဲ့ရလဒ်ကို အပြောင်းအလဲလုပ်နိုင်ခဲ့သူဖြစ်ခဲ့သလို ရော်နယ်ဒိုလေးကလည်း သူရဲ့ဘောလုံးပညာရပ်တွေကို ပြသနိုင်ခဲ့သလို ဘောလုံးထိချက်တော်တော်များများက လာရောက်အားပေးကြည့်ရှုကြတဲ့ ပရိသတ်အယောက်၂သောင်းခွဲရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ခဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အခုကတော့ ရော်နယ်ဒိုကြီးမှာလည်း ဘောလုံးအသင်း ပိုင်ရှင်တစ်ယောက်ဖြစ်နေသလို ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်း အသက်(၃၅)တောင်ရှိနေပြီဖြစ်လို့ ဒီနှစ်ယောက်ကို ဘောလုံးကွင်းအတွင်းမှာ ပြိုင်ဘက်တွေအဖြစ် ထပ်မံမြင်တွေ့ဖို့ဆိုတာတော့ မဖြစ်နိုင်လောက်တော့ဘူးလို့ပဲ ဆိုရမှာပါ။